backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mesalamine (မီဆာလမင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Mesalamine (မီဆာလမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Mesalamine ကိုအူမကြီးရောင်ရောဂါတွင် အဓိကအသုံးပြုပါသည်။

အူမကြီးရောင်ရောဂါ ပြန်ဖြစ်လျှင် ရောဂါလက္ခဏာများကိုကာကွယ်ရန်အတွက် လည်းအသုံးပြုပါသည်။

Mesalamineကိုအခြားနေရာများတွင်လဲအသုံးပြုနိုင်ပါသည်။

အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Mesalamine (မီဆာလမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Mesalamine ကိုရေတစ်ဖန်ခွက် အပြည့်ဖြင့်သောက်ပါ။

ဆေးပြား/ဆေးတောင့်ကိုချိုးပြီး/ချေပြီးမသောက်ရ။ ဝါးမစားရ။ ဆေးတစ်ပြားလုံးမြိုချပါ။

Mesalamine ကိုအစာနှင့်ဖြစ်စေ၊ အစာမစားဘဲဖြစ်စေသောက်နိုင်သည်။

ဒီအတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း၊ ဆေးဘူးအခွံမှာပါတဲ့ ညွှန်ကြားချက် အတိုင်းသောက်ပါ။

Mesalamine (မီဆာလမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Mesalamine ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့ နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Mesalamine ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Mesalamine ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Mesalamine ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mesalamine (မီဆာလမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Mesalamineသည် အချို့ ဆေးစစ်ချက်များတွင် ပုံမှန်မဟုတ်သောအဖြေများထွက်ပေါ်စေနိုင်သည်။ ထို့ကြောင့် Mesalamineကိုဆရာဝန်နှင့်တိုင်ပင်ပြီးသောက်ရန် လိုအပ်သည်။

အောက်ပါအခြေအနေများတွင် Mesalamine ကိုမသောက်သင့်ပါ

  • Mesalazine, salicylates, sulfasalazine တို့နှင့် မတည့်လျှင်
  • ကျောက်ကပ်ပြင်းထန်စွာပျက်စီးနေလျှင် (CrCl< 20 ml/min) / အသည်းပြင်းထန်စွာပျက်စီးနေလျှင်
  • ကလေးများ – အသက် ၂ နှစ်အောက်

အောက်ပါအခြေအနေများကိုလဲ Mesalamine သောက်သုံးရာတွင် အထူးဂရုပြုသင့်ပါသည်။

  • ကျောက်ကပ်/အသည်းအနည်းငယ် သို့မဟုတ် အတော်အသင့်ပျက်စီးခြင်း (ဆေးစမသောက်မီသွေးတွင်း Creatinine ပမာဏကိုစစ်ဆေးသင့်ပါသည်။ ဆေးစသောက်ပြီးပထမ ၁ နှစ်အတွင်း ၃လ ၁ခါ၊ နောက် ၄ နှစ်အတွင်း ၆လ ၁ ခါ၊ ထို့နောက် ၁နှစ် ၁ခါပြန်လည်စစ်ဆေးသင့်ပါသည်။)
  • အသက်ကြီးသူများ၊ အစာအိမ်အနာရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
  • ဆေးသောက်နေစဉ် အတွင်းသွေးထွက်ခြင်း၊ သွေးခြေဥခြင်း၊ အနီစက်များထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်းတို့ဖြစ်ပွားပါကသွေးစစ်ကြည့်ပြီးသွေးရောဂါဟုယူဆလျှင် ဆေးကိုရပ်သင့်ပါသည်။
  • ဆေးအာနိသင် နှောင့်နှေးထုတ်လွှတ်ပေးသောဆေးပြားများကိုသောက်နေသူများသည် ဝမ်းထဲတွင် ဆေးပြားများမကြာခဏ ပြန်ပါလာပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။ အစာအိမ်အထွက်ပိုင်းကျဉ်းနေလျှင်လဲအူမကြီးသို့ ဆေးရောက်ရှိမှု နောက်ကျတတ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mesalamine (မီဆာလမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် မိခင်နို့ရည်တွင်ပါဝင်နိုင်သောကြောင့် နို့စို့ကလေးကို အန္တရာယ်ဖြစ်နိုင်ချေရှိပါသည်။

နို့တိုက်မိခင်ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သင့်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Mesalamine (မီဆာလမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Mesalamine၏ အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ

  • အစာအိမ် မအီမသာဖြစ်ခြင်း
  • လေထိုးခြင်း
  • ခေါင်းကိုက်ခြင်း
  • အသည်း၏လုပ်ငန်းများ မူမမှန်ခြင်းတို့ဖြစ်ပါသည်။

အောက်ပါတို့ခံစားရပါက ဆေးသောက်သုံးခြင်းကိုရပ်ပြီး ဆရာဝန်နှင့် တိုင်ပင်ကုသရမည်ဖြစ်သည်။

  • ပြင်းထန်စွာဗိုက်နာခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • သွေးဝမ်းသွားခြင်း
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • အင်ပြင်ထခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှုမြန်လာခြင်း
  • ပျို့ခြင်း
  • ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း
  • ယားယံလာခြင်း
  • ခံတွင်းပျက်ခြင်း
  • ဆီးမဲမဲသွားခြင်း
  • ဝမ်းအရောင် ဖျော့ခြင်း
  • အသားဝါခြင်း
  • ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
  • ဖောခြင်း
  • ကိုယ်အလေးချိန် မြန်မြန်တက်လာခြင်း
  • ဝမ်းမဲမဲသွားခြင်း
  • ချောင်းဆိုးသွေးပါခြင်း၊ ကော်ဖီရောင်အန်ခြင်း

အင်ပြင်များထခြင်းကဲ့သို့ ဓါတ်မတဲ့ခြင်းများ၊ အသက်ရှုကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ဖောယောင်လာခြင်းများ ဖြစ်ပါကအရေးပေါ် ဆေးကုသမှု ခံယူပါ။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Mesalamine (မီဆာလမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Mesalamine ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။

  • Azathioprine
  • Mercaptopurine
  • NSAIDs (nonsteroidal anti-inflammatory drugs) such as aspirin, ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, diclofenac, indomethacin, meloxicam နှင့် အခြားဆေးများ

အစားအသောက်တွေနဲ့ အရက်က Mesalamine (မီဆာလမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Mesalamine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mesalamine (မီဆာလမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Mesalamineဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

  • အစာအိမ်ထွက်ပေါက် ကျဉ်းသည့်ရောဂါ
  • နှလုံးရောဂါ
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • အစာအိမ် သို့ အူလမ်းကြောင်းတွင် ပိတ်ဆို့နေခြင်းတို့ရှိလျှင်သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mesalamine (မီဆာလမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

250 နှင့် 500mg ဆေးတောင့်များ : သတ်မှတ်ထားသောပမာဏမှာ ၁ခါသောက် 1g နှင့် ၁ နေ့ ၄ ကြိမ် သောက်ရန်

ကုထုံး၏ ကြာချိန် – ၈ ပတ် အထိ

400 mg ဆေးပြားများ : သတ်မှတ်ထားသောပမာဏမှာ၁ခါသောက် 800mg နှင့် ၁ နေ့ ၃ ကြိမ် သောက်ရန်

ကုထုံး၏ ကြာချိန် – ၆ ပတ်

ဆေးအာနိသင် နှောင့်နှေးစွာလွှတ်ပေးသော400 mg ဆေးတောင့်များ : သတ်မှတ်ထားသောပမာဏမှာ ၁ ခါသောက် 800 mg နှင့် ၁ နေ့ ၃ ကြိမ် သောက်ရန်

ကုထုံး၏ ကြာချိန် – ၆ ပတ်

ဆေးအာနိသင် နှောင့်နှေးစွာလွှတ်ပေးသော800 mg ဆေးပြားများ : သတ်မှတ်ထားသောပမာဏမှာ ၁ခါသောက် 1600 mg နှင့် ၁ နေ့ ၃ ကြိမ် သောက်ရန်

ကုထုံး၏ ကြာချိန် – ၆ ပတ်

1200 mg ဆေးပြားများ : သတ်မှတ်ထားသောပမာဏမှာ ၁ခါသောက် 2.4 မှ 4.8 g ၁ နေ့ ကြိမအစာစားပြီးသောက်ရန်

အသုံးပြုမှုများ : အပျော့စား မှ အလတ်စားအူမကြီးရောင်ခြင်းကိုကုသရန် နှင့် အူမကြီးရောင်ခြင်းကိုသက်သာအောင်ပြုလုပ်ရာတွင် အသုံးပြုပါသည်။

  • အူမကြီးရောင်ခြင်း- Maintenance

ဆေးအာနိသင် တိုးမြှင့်ထုတ်လွှတ်ပေးသော375 mg ဆေးတောင့်များ : သတ်မှတ်ထားသောပမာဏမှာ ၁ခါသောက် 1.5 g ( ၄ တောင့် ) နှင့် ၁ နေ့ ၁ ကြိမ် မနက်ပိုင်းသောက်ရန်

400 mg 800 mg ဆေးပြား နှင့် ဆေးတောင့်များ : သတ်မှတ်ထားသောပမာဏမှာ ၁ နေ့ 1.6 g ကိုအကြိမ်များခွဲ ပြီးနေ့တိုင်းသောက်ရန်

1200 mg ဆေးပြားများ : သတ်မှတ်ထားသောပမာဏမှာ ၁ခါသောက် 2.4 g ( ၂ ပြား ) ကို ၁ နေ့ ၁ ကြိမ် အစာစားပြီးသောက်ရန်

  • စအိုရောင်ခြင်း

စအိုအတွင်းသွင်းဆေး: သတ်မှတ်ထားသောပမာဏမှာဆေး ၁ တောင့် (1000 mg ) ကို ၁ နေ့ တခါ ညအိပ်ခါနီးသွင်းရန်

ကုထုံး၏ ကြာချိန် – ၆ ပတ်

စအိုအတွင်းထိုးသွင်းသည့် အရည် : သတ်မှတ်ထားသောပမာဏမှာ ၁ခါသွင်း 4 mg ကို ၁ နေ့ တခါ ညအိပ်ခါနီးသွင်းရန်

ကုထုံး၏ ကြာချိန် – ၆ ပတ်

ကလေးတွေအတွက် Mesalamine (မီဆာလမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အူမကြီးရောင်ခြင်း – Active

400mg ဆေးပြားသို့ ဆေးတောင့်များ : ဆေးပမာဏသည် ကလေး၏ ကိုယ်အလေးချိန်ပေါ်တွင် မူတည်ပါသည်။

  • 17 kg နှင့် 33 kg ကြား : သတ်မှတ်ထားသောပမာဏမှာ၁ ရက်လျှင် 36 – 71 mg/kg/day ကို ၂ ကြိမ်ခွဲပြီးတိုက်ရန်။ အများဆုံးတိုက်နိုင်သောပမာဏ – 1.2g/day
  • 33 kg နှင့် 54 kg ကြား : သတ်မှတ်ထားသောပမာဏမှာ ၁ ရက်လျှင် 37 – 61 mg/kg/day ကို ၂ ကြိမ်ခွဲပြီးတိုက်ရန်။ အများဆုံးတိုက်နိုင်သောပမာဏ – 2 g/day
  • 54 kg နှင့် 90 kg ကြား : သတ်မှတ်ထားသောပမာဏမှာ ၁ရက်လျှင် 27 – 44 mg/kg/day ကို ၂ ကြိမ်ခွဲပြီးတိုက်ရန်။ အများဆုံးတိုက်နိုင်သောပမာဏ – 2.4 g/day
  • ကုထုံး၏ ကြာချိန် – ၆ ပတ်
  • အသုံးပြုမှုများ : အပျော့စား မှ အလတ်စားအူမကြီးရောင်ခြင်းကိုကုသရန် ၅ နှစ်နှင့် အထက် ကလေးများတွင် ဆေးတောင့် သို့မဟုတ် ၁၂ နှစ်နှင့် အထက် ကလေးများတွင် ဆေးပြားများကိုအသုံးပြုပါသည်။

    Mesalamine (မီဆာလမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    Mesalamineကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့် ရရှိနိုင်ပါတယ်။

    ဆေးတောင့်၊ ဆေးအာနိသင် တိုးမြှင့်ထုတ်လွှတ်ပေးသောပုံစံ

    • 250mg (Pentasa)
    • 375mg (Apriso)
    • 500mg (Pentasa)

    ဆေးပြား၊ ဆေးအာနိသင် နှောင့်နှေး ထုတ်လွှတ်ပေးသောပုံစံ

    • 400mg (Asacol)
    • 800mg (Asacol HD)
    • 1.2g (Lialda)

    ဆေးတောင့်၊ ဆေးအာနိသင် နှောင့်နှေး ထုတ်လွှတ်ပေးသောပုံစံ

    • 400mg (Delzicol)

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Mesalamine ကိုသောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက)သတိရရခြင်းသောက်ပါ။ အကယ်၍ နောက်တစ်ကြိမ် သောက်ရမည့်အချိန်နှင့် ကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုမသောက်ပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာဆက်သောက်ပါ။ နှစ်ကြိမ်စာ တစ်ခါထဲမသောက်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement