backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Menthol (မန်သော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Menthol (မန်သော)

Menthol (မန်သော) လို့ သိကြတဲ့ ပရုပ်အေးလေးအကြောင်း လေ့လာလိုက်ရအောင်နော်။

အသုံးပြုပုံများ

Menthol (မန်သော) ကို ဘာအတွက်အသုံးပြုကြသလဲ

Menthol (မန်သော)ကို လိမ်းဆေးတွေနဲ့ သောက်ဆေးတွေမှာ အတွေ့ရများပြီး  ပူရှိန်းရှိန်း အရသာရစေဖို့၊ အယားသက်သာစေဖို့၊ ထုံစေဖို့ အသုံးပြုကြပါတယ်။ သိပ်မပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုတွေနဲ့ အအေးမိတာတွေကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ Menthol (မန်သော) ဆိုတာက ပူဒီနံလို့ သိကြတဲ့ အပင်ရဲ့  အဆီအနှစ်ပါ။ ဂျင်းစိမ်းတို့၊ မိဿလင်တို့ကနေလည်း ရရှိနိုင်ပါတယ်။

Menthol (မန်သော) ဘယ်လို အသုံးပြုသင့်သလဲ

Menthol (မန်သော)ကို တခြားဆေးတွေနဲ့ ပေါင်းစပ်အနေအထားနဲ့ ရရှိနိုင်ပြီး ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။

လိမ်းဆေးအနေနဲ့ ( ဥပမာ – ဆေးအဆီ၊ လိမ်းဆေး၊ ခရင်မ်ပုံစံ)

အရင်ဆုံး ထိခိုက်နာကျင်တဲ့နေရာကို ခပ်ပါးပါးလေး လိမ်းပေးပါ။ အရေပြားက ဆေးကို စုပ်ယူနိုင်အောင် ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပါ။ ဆေးလိမ်းပြီးရင်တော့ လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး သေချာ သန့်စင်အောင် ဆေးကြောပေးပါ။

ဒါ့အပြင် ဆေးလိမ်းထားတဲ့ လက်နဲ့ မျက်လုံး၊ အမြှေးပါးလေးတွေ နဲ့ အနာပေါက်ပွင့်နေတဲ့ အနာတွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ ဒီနေရာတွေကို ဆေးဝင်သွားတာမျိုး ရှိမယ်ဆိုရင် ရေသန့်သန့်နဲ့ အမြန်ဆုံး သန့်စင်ဆေးကြောလိုက်ပါ။

သောက်ဆေးအနေနဲ့ (ဥပမာ – ခံတွင်းသန့်ဆေးရည်၊ အဆီ၊ ငုံဆေး)

ခံတွင်းသန့်ဆေး၊ သွားတိုက်ဆေးတွေအတွက် အရည်ဆိုရင် 20 mL ခန့် ဒါမှမဟုတ် ပဲစေ့တစ်စေ့စာ အသုံးပြုပေးပါ။ ခံတွင်းသန့်ဆေးရည်ကို ဖြည်းဖြည်းချင်းနဲ့ နှံ့နှံ့စပ်စပ် စက္ကန့် ၃၀ ကနေ ၆၀ အထိ ပလုပ်ကျင်းပေးပါ။ သွားတိုက်ဆေးဆိုရင် ၂ မိနစ်ကြာ သေချာလေး တိုက်ပေးပါ။ မျိုမချပါနဲ့။

ငုံဆေးဆိုရင် ပျော်သွားတဲ့အထိ လျှာ နဲ့ ပါးစောင်ထဲမှာ ငုံထားပေးပါ။ ဝါးစားတာမျိုး မလုပ်ပါနဲ့။ ကလေးတွေဆိုရင် နင်တာ၊ နသီးတာမျိုး ဖြစ်နိုင်တာကြောင့် ငုံဆေး မကျွေးပါနဲ့။
အဆီဆိုရင် Menthol (မန်သော)ကို အခြား အရည်တစ်မျိုးမျိုးနဲ့ ရောစပ်ပြီး သောက်သုံးပေးလို့ ရပါတယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သောက်သုံးပေးပါ။

Menthol (မန်သော)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mentholကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • လောလောလတ်လတ်မှာ ထိခိုက်ဒဏ်ရာ ဒါမှမဟုတ် ပြတ်ရှဒဏ်ရာ ရရှိထားမယ်ဆိုရင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Menthol (မန်သော)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ပူစပ်စပ် ရှိန်းတိန်းတိန်း ဖြစ်တာ (နှာခေါင်း၊ မျက်လုံး၊ အရေပြား)
  • အရေပြား နီမြန်းတာ
  • အရေပြား လောင်တာ
  • သောက်သုံးတဲ့အခါ အစာခြေစနစ် မအီမသာဖြစ်တာ

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Mentholနဲ့ ဓာတ်ပြုနိုင်သလဲ

Mentholက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Menthol (မန်သော)နဲ့ ဓာတ်ပြုနိုင်သလား

Menthol (မန်သော)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Menthol (မန်သော)နဲ့ ဓာတ်ပြုနိုင်သလဲ

Menthol (မန်သော)က ထိခိုက်လွယ်အသားအရေရှိသူတွေ ဒါမှမဟုတ် ပြတ်ရှဒဏ်ရာရှိသူတွေအတွက် မသင့်တော်ပါဘူး။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

ချောင်းဆိုးတာအတွက်

  • Menthol သောက်ဆေး – ငုံဆေး:
    • လည်ချောင်းနာ : ဝါးမစားဘဲ ဖြည်းဖြည်းချင်း ပျော်သွားအောင် ငုံထားပါ။ လိုအပ်မယ်ဆိုရင် ၂ နာရီခြား တစ်ခါ ငုံပေးပါ။
    • ချောင်းဆိုးတာ: ပါးစပ်ထဲမှာ တစ်စက်ကို ငုံထားပါ။ လိုအပ်မယ်ဆိုရင် တစ်နာရီခြား တစ်ခါ သောက်ပေးပါ။

နာကျင်ကိုက်ခဲမှုအတွက်

  • 2% ဂျယ်လ်၊ 2.5% ဂျယ်လ်၊ မန်သော လိမ်းဆေး 5% ကပ်ခွာ၊ 1.4% ကပ်ခွာ နဲ့ 1.25% ကပ်ခွာ
  • 7% လိမ်းဆေးဂျယ်လ်: နာကျင်ကိုက်ခဲတဲ့နေရာကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် လိမ်းပေးပါ။
  • 6% စပရေး နဲ့ and 10% စပရေး : နာကျင်ကိုက်ခဲတဲ့နေရာကို လိုအပ်သလို လိမ်းပေးပါ။ တစ်နေ့ကို ၄ ကြိမ်ထက် မပိုရပါဘူး။

အရေပြား ယားယံမှုအတွက်

  • 0.15% သို့မဟုတ် 0.5% လိမ်းဆေး: ယားယံတဲ့နေရာကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် အသုံးပြုပေးပါ။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ချောင်းဆိုးတာအတွက်

  • Menthol သောက်ဆေး – ငုံဆေး: ၄နှစ်အထက်
  • လည်ချောင်းနာ : ဝါးမစားဘဲ ဖြည်းဖြည်းချင်း ပျော်သွားအောင် ငုံထားပါ။ လိုအပ်မယ်ဆိုရင် ၂ နာရီခြား တစ်ခါ ငုံပေးပါ။
  • ချောင်းဆိုးတာ: ပါးစပ်ထဲမှာ တစ်စက်ကို ငုံထားပါ။ လိုအပ်မယ်ဆိုရင် တစ်နာရီခြား တစ်ခါ သောက်ပေးပါ။

နာကျင်ကိုက်ခဲမှုအတွက်

  • Menthol လိမ်းဆေး 1.4% ကပ်ခွာ၊ 1.25% ကပ်ခွာ နဲ့ menthol 7% လိမ်းဆေးဂျယ်လ်:
    • ၁၂ နှစ်နဲ့အထက်: နာကျင်ကိုက်ခဲတဲ့နေရာကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် လိမ်းပေးပါ။
  • Menthol လိမ်းဆေး 5% ကပ်ခွာ:
    • ၁၀ နှစ် နဲ့အထက်: နာကျင်ကိုက်ခဲတဲ့နေရာကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် လိမ်းပေးပါ။
  • Menthol လိမ်းဆေး 6% စပရေး:
    • ၁၃ နှစ် နဲ့အထက်: စပရေးကို နာကျင်ကိုက်ခဲတဲ့နေရာကို လိုအပ်သလို လိမ်းပေးပါ။ တစ်နေ့ကို ၄ ကြိမ်ထက် မပိုရပါဘူး။
  • Menthol လိမ်းဆေး 2% လိမ်းဆေးဂျယ်လ်:
    • ၂ နှစ်နဲ့အထက်: နာကျင်ကိုက်ခဲတဲ့နေရာကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် လိမ်းပေးပါ။.
  • Menthol လိမ်းဆေး 2.5% လိမ်းဆေးဂျယ်လ်:
    • ၁၂ နှစ်နဲ့အထက်: နာကျင်ကိုက်ခဲတဲ့နေရာကို လိုအပ်သလို လိမ်းပေးပါ။ တစ်နေ့ကို ၄ ကြိမ်ထက် မပိုရပါဘူး။
  • အရေပြား ယားယံမှုအတွက် 

    • ၂ နှစ်နဲ့အထက်:
      • မန်သော 0.15% or 0.5% လိမ်းဆေး: ယားယံတဲ့နေရာကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် အသုံးပြုပေးပါ။

    Mentholကိုဘယ်လိုရရှိနိုင်သလဲ

    Menthol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • လိမ်းဆေး: 27 mg/g.
    • သောက်ဆေး ငုံဆေးပြား : 3 mg

    ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Mentholကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement