backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mannitol (မန်နီတော)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Mannitol (မန်နီတော) ကို ဘာအတွက်အသုံးပြုကြသလဲ

Mannitol သည် ဆီးဆေးဖြစ်သည်။ ရုတ်တရက် ကျောက်ကပ်အလုပ်မလုပ်ခြင်းတွင် ဆီးသွားစေရန်အတွက် mannitol ကို အသုံးပြုသည်။ ဆီးသွားခြင်းဖြင့် ကျောက်ကပ်ကို ဆက်လက်အလုပ်လုပ်စေပြီး အဆိပ်အတောက်ဖြစ်စေသော အရာများကိုလည်း ခန္ဓါကိုယ်မှ ပိုမိုလျင်မြန်စွာ ဖယ်ရှားပေးနိုင်သည်။ ဖောယောင်ခြင်းကို သက်သာစေရန် နှင့် မျက်လုံးတွင်းဖိအား သို့မဟုတ် ဦးနှောက်အနီးတဝိုက်ရှိ ဖိအားများကိုလျှော့ချပေးရန်အတွက်လည်း mannitol ကို သုံးနိုင်သည်။

အထက်ဖော်ပြပါ ရည်ရွယ်ချက်မျာအပြင် အခြားရည်ရွယ်ချက်များအတွက်လည်း mannitol ကို အသုံးပြုနိုင်သည်။

Mannitol (မန်နီတော) ဘယ်လိုသောက်သုံးသင့်သလဲ

mannitol ကို အကြောသွင်းဆေးအဖြစ် သွေးပြန်ကြောထဲသို့ သင့်ဆရာဝန်မှ ထိုးပေးပါလိမ့်မည်။mannitol ကို ဆက်တိုက်အကြောသွင်းဆေးအဖြစ် စက်ဖြင့်ဖြည်းညင်းစွာ ပေးထားရမည်ဖြစ်ပြီး နေ့ရောညပါ တချိန်လုံးပေးထားရမည်ဖြစ်ပါသည်။ ရောဂါသက်သာမှုရှိမရှိ သိနိုင်ရန်နှင့် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရန်အတွက် သင့်တော်သော သွေးစစ်ဆေးမှုများကို မကြာခဏဆိုသလို ပြုလုပ်ရမည်ဖြစ်ပါသည်။ သို့မှသာ သင့်ဆရာဝန် အနေဖြင့် သင့်အား mannitol ဖြင့် ကုသရမည့် အချိန်ပမာဏ အတိုင်းအတာကို တွက်ဆနိုင်မည်ဖြစ်ပါသည်။ နှလုံး၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ခြင်းကိုလည်း စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။

Mannitol (မန်နီတော) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Mannitol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Mannitol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Mannitol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Mannitol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Mannitol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mannitol (မန်နီတော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များ ရှိနေပါက mannitol မသုံးစွဲမီ ဆရာဝန်အား ပြောပြပါ။

-mannitol နှင့် ဓါတ်မတည့်လျှင်။

-ပြင်းထန်သော သို့မဟုတ် နာတာရှည် ကျောက်ကပ်ရောဂါရှိလျှင်။

-အဆုတ်မှ လာသော သွေးကြောများ ပိတ်ဆို့ဖောင်းကားနေခြင်းများ ရှိလျှင်။

-ခွဲစိတ်ခြင်းနှင့် မသက်ဆိုင်သော ဦးနှောက်အတွင်းသွေးယိုခြင်း။

-ပြင်းထန်စွာ ရေဓါတ်ခမ်းခြောက်ခြင်း။

-ကျောက်ကပ်ပျက်စီးပြီး ဆီးမသွားနိုင်တော့ခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mannitol (မန်နီတော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Mannitol (မန်နီတော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပါ။

-ခြေလက်များ ဖောရောင်လာခြင်း။

-စိုးရိမ်စိတ်များခြင်း၊ ဆိုးရွားစွာ အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးပြီး အမြှုတ်ပါသော သလိပ်များထွက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း။

-ဆီးကျဉ်ခြင်း၊ ဆီးသွားရ ခက်ခဲခြင်း။

-မူးဝေပြီး မေ့လဲသွားတော့မယောင်ခံစားရခြင်း။

-ဆေးထိုးထားသော နေရာတွင် နာကျင်ခြင်း၊မီးစထိုးသလို ပူနေခြင်း၊နီရဲ ရောင်ရမ်းခြင်း သို့မဟုတ် အရေပြား ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း။

-ရေဓါတ်ခမ်းခြောက်ခြင်း၏ လက္ခဏာများ —–> အလွန်ပူအိုက်ခြင်း၊ရေအလွန်ငတ်ခြင်း၊ဆီးမသွားနိုင်ခြင်း၊ချွေးအလွန်အမင်း ထွက်ခြင်း၊ အရေပြားပူခြင်း သို့မဟုတ် ခြောက်ကပ်ခြင်း။

-ဆားဓါတ်များ မမျှတခြင်း၏ လက္ခဏာများ —–> အာခြောက်ခြင်း၊ရေပိုငတ်လာခြင်း၊စိတ်ရှုပ်ထွေးခြင်း၊နှလုံးခုန်မြန်ခြင်း၊ဆီးအသွားများခြင်း၊ကြွက်သား နာခြင်း သို့မဟုတ် အားနည်းခြင်း၊မူးဝေခြင်း၊ သတိလစ်ခြင်း သို့မဟုတ် တက်ခြင်း။

-ကျောက်ကပ် ပြဿနာ၏ လက္ခဏာများ ——> ဆီးလုံးဝမသွားသလောက်ဖြစ်ခြင်း၊ဆီးသွားရခက်ခြင်း၊ဆီးကျဉ်ခြင်း၊ခြေထောက်ဖောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုမဝခြင်း။

ဖြစ်တတ်သော ဘေးထွက် လက္ခဏာများ မှာ ဆီးအသွားများခြင်း၊ပျို့အန်ခြင်း၊ဖျားခြင်း၊ချမ်းတုန်ခြင်း၊ခေါင်းကိုက်ခြင်း၊နှာစေးခြင်း၊ဖောရောင်ခြင်း၊ကိုယ်အလေးချိန် အလျင်အမြန်တက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊အရေပြားတွင် အနီစက်များ ထွက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊အမြင်အာရုံဝေဝါးခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Mannitol (မန်နီတော) နဲ့ ဓါတ်ပြုနိုင်သလဲ

Mannitol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်

-Arsenic Trioxide

-Droperidol

-Levomethadyl

-Sotalol

-Tobramycin

-Licorice

အစားအသောက်တွေနဲ့ အရက်က Mannitol (မန်နီတော) နဲ့ ဓါတ်ပြုနိုင်သလား

Mannitol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mannitol (မန်နီတော) နဲ့ ဓါတ်ပြုနိုင်သလဲ

Mannitol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း။

-ပြင်းထန်စွာ ချောင်းဆိုးခြင်း။

-ချောင်းဆိုးသွေးပါခြင်း။

-ပိုးဝင်ခြင်း (ဥပမာ။ ။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း)

-အဆုတ်ရောဂါ သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ။

-ရင်ခေါင်းထဲ လေဝင်ခြင်း။

-Spirometry စက်ကြောင့် လေပြွန်ကျဉ်းခြင်း (Spirometry စစ်ဆေးမှု ပြုလုပ်နေစဉ် အသက်ရှုပြဿနာများ ရှိခြင်း)။

-မကြာသေးမီက ခွဲစိတ်မှု ပြုလုပ်ခြင်း (ဥပမာ။ ။ အစာအိမ်၊ရင်ခေါင်း၊မျက်စိ စသည်) —–> အခြေအနေကို ပိုဆိုးလာစေသဖြင့် သတိထားသုံးပါ။

-နှလုံးသွေးလွှတ်ကြောမကြီး သို့မဟုတ် ဦးနှောက်သွေးကြောဖောင်းခြင်း။

-မကြာသေးမီက ရုတ်တရက် နှလုံးရပ်ဖူးခြင်း။

-သွေးတိုးခြင်း။

-မကြာသေးမီက လေဖြတ်ထားခြင်း —–> လေပြွန်များကို ကျဉ်းစေသဖြင့် ဤလူနာမျိုးတွင် အသုံးမပြုသင့်ပါ။

-ကျောက်ကပ်ရောဂါ —–> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mannitol (မန်နီတော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Mannitol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ဆီးနည်းခြင်းအတွက်

-ကုသမှုမစတင်မီ ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းကို စမ်းသပ်ရန် ဆေးပမာဏ : 0.2 g/kg ကို အကြောသွင်းဆေးအဖြစ် ၃မိနစ်မှ ၅မိနစ်အတွင်း သွင်းပေးခြင်းအားဖြင့် ဆီးသွားနှုန်းမှာ 30 – 50 ml/hr သို့ တိုးတက်လာမည်ဖြစ်ပါသည်။ ထို့နောက် ဆီးသွားနှုန်း ဆက်လက်များ မလာပါက ဆေးကို ဒုတိယအကြိမ် ထပ်ပေးနိုင်သည်။ ဒုတိယအကြိမ်သွင်းပြီးသည့်တိုင် မည်သည့်တုန့်ပြန်မှုမှ မရပါက လူနာကို တဖန်ပြန်စစ်ဆေးပါ။

-ကုသမှု :300 – 400 mg/kg (၇၀ကီလိုရှိသော လူနာအတွက် ၂၁ – ၂၈ ဂရမ်) သို့မဟုတ် ၁၅% မှ ၂၀% အကြောသွင်းဆေး ၁၀၀ဂရမ်ကို တကြိမ်သွင်းရမည်။ ဆီးဆက်လက်နည်းနေလျှင် ဆေးကို ထပ်မပေးသင့်ပါ။

-ကာကွန်ရန် (နှလုံးခွဲစိတ်မှုနှင့် အခြားခွဲစိတ်မှုများတွင်) : လူနာလိုအပ်သော အရည်ဓါတ် ပမာဏအပေါ်မူတည်ပြီး ၅%၊၁၀% သို့မဟုတ် ၂၀% အကြောသွင်းဆေး ၅၀ – ၁၀၀ ဂရမ်ကို ပေးနိုင်ပါသည်။

ဦးနှောက်အတွင်း ဖောရောင်ခြင်းအတွက်

-၁၅%မှ ၂၀% အကြောသွင်းဆေး 0.25 – 2 g/kg ကို အနည်းဆုံး နာရီဝက်အတွင်း ထိုးရသည်။ ဆေးပေးရာတွင် ၆နာရီခြား သို့မဟုတ် ၈နာရီခြားတကြိမ်ထက် ပိုမစိပ်ရပါ။

ကလေးတွေအတွက် Mannitol (မန်နီတော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Mannitol (မန်နီတော) ကိုဘယ်လိုရရှိနိုင်သလဲ

အကြောသွင်းဆေးရည် : 5%,10%,15%,20%,25%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Mannitol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement