backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lidocaine (လစ်ဒိုကိန်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Lidocaine (လစ်ဒိုကိန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Lidocaine သည် ထုံဆေးဖြစ်သည်။၎င်းသည် ခန္ဓါကိုယ်အတွင်းရှိ အာရုံကြောအချက်ပြမှုများကို ပိတ်ဆို့ခြင်းအားဖြင့် အာနိသင်ပြပါသည်။ ခွဲစိတ်ခြင်း၊ အပ်ဖြင့်ထိုးခြင်း၊ ဆီးပိုက် သို့မဟုတ် အသက်ရှုပိုက်ထည့်ခြင်း စသည်တို့ကြောင့် နာကျင်ခြင်း သို့မဟုတ် ကသိကအောင့်ဖြစ်ခြင်းတို့ခံစားရပါက အဆိုပါ နေရာများအား ထုံနေအောင် lidocaine က ပြုလုပ်ပေးပါသည်။ ရုတ်တရက် နှလုံးရပ်ခြင်း၏ ရှေ့ပြေးဖြစ်သော နှလုံးခုန်မမှန်ခြင်းကို ကုသရန်အတွက်လည်း lidocaine ကို တခါတရံ သုံးပါသည်။lidocaine ကို ကျောရိုးအာရုံကြောမကြီးထဲ ထိုးထည့်ပါက ကလေးမီးဖွားစဉ် နာကျင်မှုခံစားရခြင်းများကို သက်သာစေပါသည်။

အထက်တွင်ဖော်ပြထားသော အချက်မျာအပြင် အခြားရည်ရွယ်ချက်များဖြင့်လည်း lidocaine ကို အသုံးပြုနိုင်ပါသည်။

Lidocaine (လစ်ဒိုကိန်း) ဘယ်လိုသောက်သုံးသင့်သလဲ

PasteTextHere

Lidocaine (လစ်ဒိုကိန်း) ဘယ်လိုသိမ်းဆည်းရမလဲ

PasteTextHere

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lidocaine (လစ်ဒိုကိန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

lidocaine ကို အကြောထိုးဆေးအဖြစ် သွေးပြန်ကြောထဲ ထိုးသွင်းရပါသည်။ ထုံဆေးရည်ရွယ်ချက်ဖြင့် အသုံးပြုပါက ထုံစေလိုသော အရေပြားနေရာထဲသို့ lidocaine ကို တိုက်ရိုက်ထိုးသွင်းရပါသည်။ ဆေးရုံတွင် lidocaine ထိုးနေစဉ်နှင့် ထိုးထားပြီးနောက် သင်၏ အသက်ရှုနှုန်း၊အောက်ဆီဂျင်ပမာဏ နှင့် အခြားအရေးကြီးသော အချက်များ (နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်စသည်)ကို နီးကပ်စွာ စောင့်ကြည့်နေရပါမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lidocaine (လစ်ဒိုကိန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Lidocaine (လစ်ဒိုကိန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါပြင်းထန်သော ဘေးထွက်လက္ခဏာများ ခံစားရပါက ဆရာဝန်ကို အမြန်ပြောပါ။

-စိုးရိမ်ပူပန်ခြင်း၊တကိုယ်လုံးလှုပ်ခါခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊စိတ်ဓါတ်ကျခြင်း၊ငိုက်မျဉ်းခြင်း၊အန်ခြင်း၊နားထဲတွင် အသံဆူဆူညံညံများ ကြားနေရခြင်း၊အမြင်အာရုံဝေဝါးခြင်း၊စိတ်ရှုပ်ထွေးခြင်း၊အကြောလိုက်ခြင်း၊တက်ခြင်း၊နှလုံးခုန်မြန်ခြင်း၊အသက်ရှုမြန်ခြင်း၊ပူခြင်း/အေးခြင်း၊အသက်ရှုအားနည်းခြင်း၊နှလုံးခုန် နှေးခြင်း၊သွေးခုန်နှုန်းအားနည်းခြင်း၊မေ့လဲသွားတော့မယောင်ခံစားရခြင်း၊မူးဝေခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-အနည်းငယ် သွေးခြေဥခြင်း၊နီရဲခြင်း၊ယားယံခြင်း၊ဆေးထိုးသည့်နေရာတွင် ဖောင်းလာခြင်း၊အနည်းငယ် မူးဝေခြင်း၊မတော်တဆ ဆေးထိုးမိသွားသည့်နေရာတွင် ထုံခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lidocaine (လစ်ဒိုကိန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lidocaine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Lidocaine (လစ်ဒိုကိန်း) နဲ့ ဓါတ်ပြုနိုင်သလား

Lidocaine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lidocaine (လစ်ဒိုကိန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lidocaine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-အသည်းရောဂါ၊ကျောက်ကပ်ရောဂါ ၊နှလုံးရောဂါ (နှလုံးရောဂါတခုခုကို lidocaine နှင့် ကုသနေခြင်းမဟုတ်လျှင်)၊ နှလုံးသွေးကြောရောဂါ၊ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ၊ ကိုယ်အပူချိန် အလွန်တက်ဖူးခြင်း သို့မဟုတ် propanolol သောက်နေလျှင် (Inderal, InnoPran)။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lidocaine (လစ်ဒိုကိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ lidocaine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

နှလုံးခုန် အလွန်မြန်ခြင်းအတွက်

-ကနဦးဆေးပမာဏ : 1 – 1.5 mg/kg/dose ကို အကြောသွင်းဆေးအဖြစ် ၂မိနစ်မှ ၃မိနစ်အတွင်း သွင်းရမည်။ နောက်ထပ် ၅မိနစ်မှ ၁၀မိနစ်အတွင်း 0.5 – 0.75 mg/kg/dose ကို အကြောသွင်းဆေးအဖြစ် ၂မိနစ်မှ ၃မိနစ်အတွင်း သွင်းရမည်(စုစုပေါင်း ဆေးပမာဏ 3mg/kg ရောက်သည်အထိ)။

-ဆက်တိုက်ပေးထားရသော အကြောသွင်းဆေး : တမိနစ်လျှင် ၁ – ၄ မီလီဂရမ်။

Ventricular Fibrillation အတွက် : Ventricular Fibrillation သို့မဟုတ် pulseless ventricular tachycardia အတွက် ( epinephrine သို့မဟုတ် vasopressin ပေးပြီးနောက်) :

-ကနဦးဆေးပမာဏ : အကြောသွင်းဆေး 1 – 1.5 mg/kg/dose ။ နောက်ထပ် ၅မိနစ်မှ ၁၀မိနစ်အတွင်း 0.5 – 0.75 mg/kg/dose ကို အကြောသွင်းဆေးအဖြစ် ထပ်မံပေးရမည်(စုစုပေါင်း ဆေးပမာဏ 3mg/kg ရောက်သည်အထိ)။

-သွေးလည်ပတ်မှု ပြန်ကောင်းလာလျှင် ဆက်တိုက်ပေးထားရသော အကြောသွင်းဆေး တမိနစ်လျှင် ၁ – ၄ မီလီဂရမ် ဆက်ပေးရမည်။

Ventricular tachycardia အတွက် : Ventricular Fibrillation သို့မဟုတ် pulseless ventricular tachycardia အတွက် ( epinephrine သို့မဟုတ် vasopressin ပေးပြီးနောက်) :

-ကနဦးဆေးပမာဏ : အကြောသွင်းဆေး 1 – 1.5 mg/kg/dose ။ နောက်ထပ် ၅မိနစ်မှ ၁၀မိနစ်အတွင်း 0.5 – 0.75 mg/kg/dose ကို အကြောသွင်းဆေးအဖြစ် ထပ်မံပေးရမည်(စုစုပေါင်း ဆေးပမာဏ 3mg/kg ရောက်သည်အထိ)။

-သွေးလည်ပတ်မှု ပြန်ကောင်းလာလျှင် ဆက်တိုက်ပေးထားရသော အကြောသွင်းဆေး တမိနစ်လျှင် ၁ – ၄ မီလီဂရမ် ဆက်ပေးရမည်။

ထုံဆေးအတွက်

-ထုံလိုသည့်နေရာသို့ တိုက်ရိုက်ထိုးဆေး : ပြုလုပ်မည့် ကုသမှု/ခွဲစိတ်မှု၊ ထုံဆေးလိုအပ်သော အတိုင်းအတာ၊ တစ်ရှူးသို့ သွေးလည်ပတ်မှု ကောင်းမကောင်း၊ ထုံဆေးလိုအပ်သည့် အချိန်အတိုင်းအတာ နှင့် လူနာ၏ ကျန်းမာရေးအခြေအနေတို့အပေါ်မူတည်၍ ဆေးပမာဏမှာ ကွာခြားမှု ရှိသည်။ အများဆုံးပေးနိုင်သော ပမာဏမှာ 4.5 mg/kg/dose ဖြစ်ပြီး ၂နာရီအတွင်း နောက်တကြိမ် ထပ်မပေးရပါ။

ကလေးတွေအတွက် Lidocaine (လစ်ဒိုကိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်တွေမှာ lidocaine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Ventricular Fibrillation အတွက် : Ventricular Fibrillation သို့မဟုတ် pulseless ventricular tachycardia အတွက် ( epinephrine သို့မဟုတ် vasopressin ပေးပြီးနောက်) :

-ဦးစွာ 1mg/kg (တခါပေးလျှင် အများဆုံး ၁၀၀မီလီဂရမ်) ကို အကြောသွင်းဆေးအဖြစ် ပေးရမည်။ ကြန့်ကြာမှု အချို့ရှိခဲ့လျှင် ဒုတိယအကြိမ် 0.5 – 1 mg/kg ထပ်ပေးနိုင်သည်။

-ထို့နောက် ဆက်တိုက်ပေးထားရသော အကြောသွင်းဆေး 20 – 50 mcg/kg/minute ပေးထားရမည်။

Ventricular tachycardia အတွက် : Ventricular Fibrillation သို့မဟုတ် pulseless ventricular tachycardia အတွက် ( epinephrine သို့မဟုတ် vasopressin ပေးပြီးနောက်) :

-ဦးစွာ 1mg/kg (တခါပေးလျှင် အများဆုံး ၁၀၀မီလီဂရမ်) ကို အကြောသွင်းဆေးအဖြစ် ပေးရမည်။ ကြန့်ကြာမှု အချို့ရှိခဲ့လျှင် ဒုတိယအကြိမ် 0.5 – 1 mg/kg ထပ်ပေးနိုင်သည်။

-ထို့နောက် ဆက်တိုက်ပေးထားရသော အကြောသွင်းဆေး 20 – 50 mcg/kg/minute ပေးထားရမည်။

ထုံဆေးအတွက်

-ထုံလိုသည့်နေရာသို့ တိုက်ရိုက်ထိုးဆေး : ပြုလုပ်မည့် ကုသမှု/ခွဲစိတ်မှု၊ ထုံဆေးလိုအပ်သော အတိုင်းအတာ၊ တစ်ရှူးသို့ သွေးလည်ပတ်မှု ကောင်းမကောင်း၊ ထုံဆေးလိုအပ်သည့် အချိန်အတိုင်းအတာ နှင့် လူနာ၏ ကျန်းမာရေးအခြေအနေတို့အပေါ်မူတည်၍ ဆေးပမာဏမှာ ကွာခြားမှု ရှိသည်။ အများဆုံးပေးနိုင်သော ပမာဏမှာ 4.5 mg/kg/dose ဖြစ်ပြီး ၂နာရီအတွင်း နောက်တကြိမ် ထပ်မပေးရပါ

Lidocaine (လစ်ဒိုကိန်း) ကိုဘယ်လိုရရှိနိုင်သလဲ

lidocaine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေး : 1%, 2%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lidocaine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement