backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Levonorgestrel (လီဗိုနိုဂျက်စတရယ်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Levonorgestrel (လီဗိုနိုဂျက်စတရယ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Levonorgestrel ကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် သို့မဟုတ် အခြားသော သားဆက်ခြားနည်းလမ်းတခု အဆင်မပြေဖြစ်ခြင်း (ဥပမာ ။ ။ ကွန်ဒုံးပေါက်ခြင်း) စသည့် အခြေအနေများတွင် အရေးပေါ် ပဋိသန္ဓေတားရန်အတွက် အသုံးပြုသည်။ progestin ဟော်မုန်းတမျိုးဖြစ်သော levonogestrel သည် အောက်ပါအချက်နည်းလမ်းနှစ်သွယ်ဖြင့် ကိုယ်ဝန်မရှိစေရန် တားဆီးပေးသည်။

၁။ မိန်းမကိုယ်အတွင်းရှိ အကျိအချွဲများကို ပိုထူအောင်လုပ်ပေးခြင်းအားဖြင့် သုတ်ပိုးများမှာ မမျိုးဥဆီမရောက်နိုင်တော့သဖြင့် မျိုးအောင်ခြင်းဖြစ်စဉ် ဆက်လက်မဖြစ်ပေါ်နိုင်ခြင်း။

၂။ သားအိမ်နံရံဆီသို့ မျိုးအောင်ပြီးသား ဥလေး လာရောက်မကပ်တွယ်နိုင်အောင် လုပ်ပေးခြင်း စသည်တို့ ဖြစ်ကြပါသည်။

levonogestrel သည် ရှိပြီးသား ကိုယ်ဝန်အား တားဆီးပေးမည်မဟုတ်သကဲ့သို့ သင်နှင့် သင့်အဖော်အား လိင်မှတဆင့် ကူးစက်သော ရောဂါများဖြစ်သည့် HIV၊ဆီးပူညောင်းကျ၊ကာလသားအစရှိသည်တို့ကို ကာကွယ်မပေးနိုင်ကြောင်းသိထားရမည်။levonogestrel သည် ကိုယ်အလေးချိန် ၁၆၄ ပေါင် သို့မဟုတ် ၇၄ကီလိုထက်များသည့် အမျိုးသမီးများတွင် ကောင်းစွာ အာနိသင်ပြမည်မဟုတ်ပေ။ levonogestrel သည် သင့်အတွက် အကောင်းဆုံးသော သားဆက်ခြားနည်းလမ်း ဟုတ်မဟုတ်ကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

levonogestrel သည် အရေးပေါ် ပဋိသန္ဓေတားဆေးဖြစ်သဖြင့် ပုံမှန် ပဋိသန္ဓေတားဆေး အဖြစ် မသုံးရပါ။

Levonorgestrel (လီဗိုနိုဂျက်စတရယ်) ဘယ်လိုသောက်သုံးသင့်သလဲ

levonogestrel ကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီးလျှင်ပြီးချင်း တတ်နိုင်သမျှ အမြန်ဆုံးသောက်ပါ။ သုံးစွဲရန် လမ်းညွှန်ချက်သည် ဆေးအမှတ်တံဆိပ်အပေါ်မူတည်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် မရှင်းလင်းသည်များရှိပါက ဆေးအညွှန်းကို သေချာစွာ ဖတ်ရှုနိုင်သလို ဆရာဝန်အားလည်း မေးမြန်းနိုင်သည်။ အများအားဖြင့် ဆေး၂လုံး လုံးကို တခါတည်း သို့မဟုတ် ၁၂နာရီခြားပြီး သောက်ရသည်။levonogestrel ကို အစာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်နိုင်သည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး ၇၂နာရီအတွင်း သောက်ပါက levonogestrel ၏ အာနိသင်အကောင်းဆုံးပြမည်ဖြစ်သည်။

အကယ်၍ ဆေးသောက်ပြီး ၂နာရီအတွင်း အန်ပါက တဖန်ပြန်သောက်ရန်လိုမလိုကို ဆရာဝန်အား မေးမြန်းပါ။ levonogestrel သောက်ပြီးနောက် ဓမ္မတာမမှန်ခြင်း၊သွေးဆင်းသော ပမာဏမမှန်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။ အကယ်၍ ပုံမှန် ဓမ္မတာလာရက်ထက် ၇ရက်ခန့် နောက်ကျနေပါက ကိုယ်ဝန်ရှိနေခြင်း ဖြစ်နိုင်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

Levonorgestrel (လီဗိုနိုဂျက်စတရယ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Levonorgestrel ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ levonorgestrel ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ levonorgestrel ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Levonorgestrel ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Levonorgestrel ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Levonorgestrel (လီဗိုနိုဂျက်စတရယ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

levonogestrel ကို မသောက်သုံးမီ

-အကယ်၍ သင်သည် levonogestrel ၊ အခြားသော levonogestrel များ သို့မဟုတ် levonogestrel ဆေးပြားတွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်ခြင်းများ ရှိပါက ဆရာဝန်ကို ကြိုပြောပါ။ levonogestrel ၏ ပါဝင်ပစ္စည်းများကို သိရှိနိုင်ရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။

-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

barbiturates such as phenobarbital or secobarbital

(seconal); bosentan (tracleer); griseofulvin (fulvicin-u/f, grifulvin v, gris-peg); certain

levonorgestrel used to treat human immunodeficiency virus (hiv) or acquired

immunodeficiency syndrome (aids) including amprenavir (agenerase), delavirdine

(rescriptor), efavirenz (sustiva), etravirine (intelence), fosamprenavir (lexiva),

nelfinavir (viracept), nevirapine (viramune), ritonavir (norvir, in kaletra), and

saquinavir (invirase); certain levonorgestrel for seizures such as carbamazepine

(equetro, tegretol), felbamate (felbatol), oxcarbazepine (trileptal), phenytoin (dilantin,

phenytek), and topiramate (topamax); and rifampin (rifadin, rimactane).

အဆိုပါဆေးများနှင့် levonogestrel ကို အတူတကွသုံးစွဲပါက levonogestrel ၏ အာနိသင်ကို လျော့ကျစေခြင်း၊ ဘေးထွက်ဆိုးကျိုးများကို ပိုဖြစ်စေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

-သင်သုံးစွဲနေသော သဘာဝအားဖြည့်ဆေးများ (အထူးသဖြင့် St.John’ wort)ရှိလျှင် ဆရာဝန်ကို ပြောပြပါ။

-ရောဂါတခုခုရှိလျှင် သို့မဟုတ် ဖြစ်ဖူးလျှင် ဆရာဝန်ကို ပြောပြပါ။

-ကိုယ်ဝန်ရှိနေလျှင် ဆရာဝန်ကို ပြောပြပါ။levonogestrel သည် ရှိပြီးသား ကိုယ်ဝန်အား တားဆီးပေးမည်မဟုတ်၍ မူလကတည်းက ကိုယ်ဝန်ရှိနေလျှင် levonogestrel ကို မသုံးစွဲရပါ။

-မိခင်နို့တိုက်ကျွေးနေလျှင် ဆရာဝန်ကို ပြောပြပါ။

-levonogestrel ကို သောက်ပြီးနောက် ပထမဆုံးလာသည့် ဓမ္မတာသည် တပတ်ခန့်နောက်ကျခြင်း သို့မဟုတ် စောခြင်းများ ဖြစ်လေ့ရှိပါသည်။ တပတ်ထက် ပို၍နောက်ကျလျှင် ကိုယ်ဝန်ရှိနေခြင်း ဖြစ်နိုင်သဖြင့် သင့်ဆရာဝန်ကို အသိပေးပါ။ ကိုယ်ဝန်ဟုတ်မဟုတ် စစ်ဆေးရန်လိုအပ်မည် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Levonorgestrel (လီဗိုနိုဂျက်စတရယ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Levonorgestrel (လီဗိုနိုဂျက်စတရယ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

ဗိုက်အောက်ပိုင်း သို့မဟုတ် ဘေးဘက်တွင် ပြင်းထန်စွာနာကျင်ပါက သားဥအိမ်တွင် သန္ဓေတည်ခြင်းဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။ သားဥအိမ်တွင် သန္ဓေတည်ခြင်းသည် အရေးပေါ် အခြေအနေဖြစ်ပါသည်။

သာမန်ဘေးထွက်လက္ခဏာများမှာ

-ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊ဗိုက်နာ/အောင့်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ရင်သားနာခြင်း၊တင်းခြင်း၊ ဓမ္မတာမမှန်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Levonorgestrel (လီဗိုနိုဂျက်စတရယ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Levonorgestrel ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်

 Bosentan, griseofulvin, insulin, St. John's wort, topiramate;

 A barbiturate– butabarbital, phenobarbital, secobarbital, and others; a blood thinner–

warfarin, Coumadin; HIV/AIDS levonorgestrel– efavirenz, nevirapine, ritonavir; seizure

levonorgestrel– carbamazepine, fosphenytoin, oxcarbazepine, phenobarbital,phenytoin, primidone; steroids– prednisone, fluticasone, mometasone, dexamethasone,and others; tuberculosis levonorgestrel– rifabutin, rifampin, rifapentine.

အစားအသောက်တွေနဲ့ အရက်က Levonorgestrel (လီဗိုနိုဂျက်စတရယ်) နဲ့ ဓါတ်ပြုနိုင်သလား

Levonorgestrel က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Levonorgestrel (လီဗိုနိုဂျက်စတရယ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Levonorgestrel ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် ဆီးချိုရှိလျှင် အသိကြိုတင်အသိပေးရမှာဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Levonorgestrel (လီဗိုနိုဂျက်စတရယ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် သို့မဟုတ် လက်ရှိသုံးစွဲနေသော သားဆက်ခြားနည်းလမ်း မအောင်မြင်ဟု သိလျှင်/သံသယရှိလျှင် ၇၂နာရီအတွင်း ဆေးတပြားသောက်ရပါမည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် စောစောသောက်လေ အာနိသင် အစွမ်းထက်လေဖြစ်ပါသည်။ ပထမ ဆေးပြားသောက်ပြီး ၁၂နာရီအကြာတွင် ဒုတိယဆေးပြားကို သောက်ရပါမည်။ အခြားနည်း တမျိုးမှာ ဓမ္မတာလာနေစဉ်အတွင်း မည်သည့်ရက်တွင်မဆို သောက်ရပါမည်။

အကယ်၍ ပထမဆေးလုံး သို့မဟုတ် ဒုတိယ ဆေးလုံးသောက်အပြီး ၂နာရီအတွင်း အန်လျှင် ထပ်မံ၍ သောက်ကောင်းသောက်ရပါမည်။

ကလေးတွေအတွက် Levonorgestrel (လီဗိုနိုဂျက်စတရယ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Levonorgestrel (လီဗိုနိုဂျက်စတရယ်) ကိုဘယ်လိုရရှိနိုင်သလဲ

levonorgestrel ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : ၁.၅ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Levonorgestrel ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement