backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Infliximab (အင်ဖလစ်စီမဘ်)


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Infliximab (အင်ဖလစ်စီမဘ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Infliximabကို အဆစ်ရောင်ခြင်းအချို့ (လေးဘက်နာအဆစ်ရောင်ခြင်း၊ ကျောရိုးဆစ်ရောင်ခြင်း၊ ဆိုရီယားဆစ်အရေပြားရောဂါကြောင့် အဆစ်ရောင်ခြင်း)၊ အူလမ်းကြောင်း ရောဂါတချို့ (ခရွမ်းရောဂါ၊ အူအနာဖြစ်ပြီး ရောင်ခြင်း)၊ ဆိုးရွားတဲ့အရေပြားရောဂါတချို့ (နာတာရှည် ဆိုရီယားဆစ်ရောဂါ) စတာတွေကို ကုသရာမှာ အသုံးပြုပါတယ်။ အဲဒီရောဂါတွေမှာ ကိုယ်ခံအားစနစ်ဟာ ကောင်းနေတဲ့တစ်သျှူးတွေကို တိုက်ခိုက်ပါတယ်။

Infliximabဟာ ကိုယ်ခန္ဓါထဲက ဓါတ်ပစ္စည်းအချို့ (tumor necrosis factor alpha) ကို တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းခြင်းကို လျော့နည်းစေပြီး ကိုယ်ခံအားစနစ်ကို နှိမ့်ချပေးတာကြောင့် ရောဂါကိုပိုဆိုးမသွားအောင် တားဆီးပေးပါတယ်။

Infliximab (အင်ဖလစ်စီမဘ်) ဘယ်လိုသောက်သုံးသင့်သလဲ

ထိုးဆေးအနေနဲ့ ဆရာဝန်ညွှန်တဲ့အတိုင်း သွေးပြန်ကြောထဲကို အနည်းဆုံး ၂နာရီကြာအောင် ပေးရပါတယ်။ သုံးစွဲရမယ်ေ့ ဆေးပမာဏဟာ ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်နဲ့ ကုသမုအပေါ်တုံ့ပြန်မှု စတာတွေအပေါ် မူတည်ပါတယ်။ ပထမအကြိမ်ထိုးပြီး ၂ပတ်နဲ့၆ပတ်ကြာရင် ထပ်ပေးရပြီး ၈ပတ်ကြာတိုင်းမှာ (ကျောရိုးဆစ်ရောင်ခြင်းဆိုရင် ၆ပတ်) ထပ်မံထိုးပါတယ်။ ဆေးကို အိမ်မှာပဲသုံးမယ်ဆိုရင် ဘယ်လိုပြင်ဆင်ပြီး သုံးစွဲရမယ်ဆိုတာ နားလည်တတ်ကျွမ်းသူတွေဆီမှာ မေးမြန်းပါ။ ဆေးကို မလှုပ်ပါနဲ့။ မသုံးစွဲခင်မှာ ဆေးထဲမှာ အနည်ပါခြင်း၊ အရောင်ပြောင်းခြင်းရှိမရှိ စစ်ဆေးရပါမယ်။ အနည်ပါရင်၊ အရောင်ပြောင်းရင် မသုံးပါနဲ့။ ဆေးပစ္စည်းတွေကို ဘယ်လိုသိမ်းဆည်းရမယ်ဆိုတာ ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာ လေ့လာထားပါ။

ဆရာဝန်ဟာInfliximabမသုံးခင်မှာ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့ တခြားဆေးတွေ ညွှန်နိုင်ပါတယ်။ အဲဒီဆေးတွေကို ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာ သုံးစွဲပါ။

အာနိသ်အကောင်းဆုံးရအောင် အချိန်မှန်မှန် သုံးစွဲပါ။ မှတ်မိလွယ်အောင် ဆေးထိုးရမယ့်ရက်တွေကို ပြက္ခဒိန်ပေါ်မှာ မှတ်သားထားပါ။

မသက်သာရင်၊ ပိုဆိုးလာရင် ဆရာဝန်ကို ဖွင့်ပြောပါ။

Infliximab (အင်ဖလစ်စီမဘ်) ဘယ်လိုသိမ်းဆည်းရမလဲ

Infliximabဆေးပုလင်းတွေကို ၂ဒီဂရီ စင်တီဂရိတ်ကနေ ၈ဒီဂရီ စတင်တီဂရိတ် (၃၆ဒီဂရီ ဖာရင်ဟိုက်ကနေ ၄၆ဒီဂရီ ဖာရင်ဟိုက်) မှာ သိမ်းဆည်းရပါတယ်။ အခန်းအပူချိန် (အမြင့်ဆုံး ၃၀ဒီဂရီ စင်တီဂရိတ်- ၈၆ဒီဂရီ ဖာရင်ဟိုက်) မှာ သက်တမ်းကုန်ဆုံးမယ့်ရက်ကို မကျော်စေဘဲ ၆လအထိ သိမ်းထားနိုင်ပါတယ်။ ရေခဲသေတ္တာထဲတော့ ပြန်မတည့်ပါနဲ့။ ဒီဆေးဝါးကို ထုတ်လုပ်သူများအနေနဲ့ ဆေးကို Normal Saline ဆေးရည်မှာ ဖျော်စပ်နိုင်ပြီး ဖျော်စပ်ပြီးတဲ့အခါ ၃နာရီအတွင်း သုံးစွဲသင့်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Polyvinyl chloride အိတ်ထဲမှာ Normal Saline နဲ့ ဖျော်ထားတဲ့ infliximab 0.4 mg/mL ကို ရေခဲသေတ္တာထဲမှာ ၄ဒီဂရီစင်တီဂရိတ်နဲ့ သိမ်းဆည်းထားရင် ၁၄ရက်အထိ ခံတယ်လို့ သိရပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Infliximab (အင်ဖလစ်စီမဘ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Infliximabမသုံးစွဲခင်မှာ သူနဲ့ဓါတ်မတည့်တာရှိရင်၊ ကြွက်ပရိုတိန်းနဲ့ ဓါတ်မတည့်ခြင်းတွေရှိရင်၊ တခြားဓါတ်မတည့်တာရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို ဖွင့်ပြောပါ။ ဒီပစ္စည်းမှာ ဓါတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

သွေးတွင်းသကြားဓါတ်ကျနေချိန်မှာ ဒီဆေးကို မသုံးပါနဲ့။

ဆေးမသုံးခင်မှာ မိမိရဲ့ ကျန်းမာရေးရာဇဝင်ကို (အထူးသဖြင့် တီဘီရောဂါဖြစ်ဖူးရင်၊ အအေးမိဖျားနာခြင်း ရောဂါပိုးကူးစက်ထားခြင်း ရှိထားရင်/ရှိနေရင်၊ နှလုံးရောဂါ၊ သွေးနှင့်ရိုးတွင်းခြင်ဆီပြသနာ၊ ထုံကျင်ခြင်း တက်ခြင်းစသည့် အာရုံကြောပြသနာရှိရင်၊ ကင်ဆာဖြစ်ဖူးရင်၊ နာတာရှည်အဆုတ်ရောဂါ၊ အသည်းရောဂါရှိနေရင်၊ ဆိုရီယားဆစ် အရေပြားရောဂါအတွက် အလင်းရောင်ပေးကုသမှု ခံယူနေရင်) ဆရာဝန် (သို့) သူနာပြုကို ဖွင့်ပြောပါ။

ခွဲစိတ်မှု ခံယူရမယ်ဆိုရင် သောက်နေရတဲ့ ဆေးအမျိုးအစားအားလုံး (ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာ၀ ဆေးဘက်ဝင်ပစ္စည်းများ အပါအဝင်) ဆရာဝန်ကို ပြောပြပါ။

Infliximab ဟာ ရောဂါပိုးကူးစက်နိုင်ခြင်း၊ ရှိရင်းစွဲ ရောဂါပိုးကို ပိုဆိုးစေတတ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ရေကျောက်၊ ဝက်သက်၊ တုတ်ကွေး စတာတွေ ကူးစက်နိုင်ခြေရှိသူတွေနဲ့ ထိတွေ့ခြင်းကနေ ရှောင်ကြဉ်ပါ။ ရောဂါပိုးကူးစက်နိုင်ခြေရှိရင်၊ အသေးစိတ်သိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကာကွယ်ဆေးထိုးခြင်း မပြုပါနဲ့။ မကြာသေးမီက ပိုလီယို ကာကွယ်ဆေး သောက်ထားသူ၊ တုတ်ကွေး ကာကွယ်ဆေးရှူထားသူများနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

သက်ကြီးပိုင်းတွေဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ပိုခံစားရပါတယ်။ အထူးသဖြင့် ရောဂါပိုးကူးစက်နိုင်ခြေ များပါတယ်။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာ သုံးသင့်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကို သိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးများ မွေးလာမယ့်ကလေးတွေကို ကာကွယ်ဆေးမထိုးခင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ဒီဆေးဟာ မိခင်နို့ထဲကို ဖြတ်သန်းနိုင်ပေမယ့် ကလေးကိုထိခိုက်မှုမဖြစ်စေတတ်ပါဘူး။ ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Infliximab (အင်ဖလစ်စီမဘ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Infliximabကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Infliximabဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် B ရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Infliximab (အင်ဖလစ်စီမဘ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း ဖြစ်တတ်ပါတယ်။ အဲဒီလက္ခဏာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

ဆေးသွင်းရာမှာ ကြုံတွေ့နိုင်တာတွေကတော့ ဆေးထိုးသောနေရာ နာကျင်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မျက်နှာနီခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားအကွက်များဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဲဒီလက္ခဏာတွေ ကြုံရရင် ဆေးသွင်းခြင်းကိုရပ်ပြီး ကုသမှုခံယူရပါမယ်။

ဆရာဝန်အနေနဲ့ ဒီဆေးကို ပေးရခြင်းဟာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒီဆေးကိုသုံးတဲ့ လူအများမှာတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အဆစ်များ ကြွက်သားများ နာကျင်ခြင်း၊ ခြေကျင်းဝတ် ခြေဖမိုးရောင်ခြင်း၊ သွေးခြေဥလွယ် သွေးထွက်လွယ်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ တက်ခြင်း၊ စိတ်ရှုပ်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ လက်နှင့်ခြေထောက်များ ထုံကျင်ခြင်း၊ မျက်နှာပေါ်တွင် လိပ်ပြာပုံစံအကွက်ဖြစ်ပေါ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေလက်များ နီရဲရောင်ရမ်း နာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း နှေးခြင်း နှလုံးပုံမှန်မခုန်ခြင်း) တွေ့ရရင် ဆရာဝန်ပြပါ။

ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ညချွေးထွက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဆီးသွားစဉ်နာခြင်း မကြာခဏဆီးသွားခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်သည်များဆင်းခြင်း၊ ပါးစပ်တွင်း မှက္ခရုများ ပေါက်ခြင်း စတာတွေ ကြုံရရင် ဆရာဝန်ပြသပါ။

ဒီဆေးကြောင့် ရှားပါးပေမယ့် ဆိုးရွားလှတဲ့ အသည်းရောဂါ ဖြစ်တတ်ပါတယ်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ဆက်တိုက်ပျို့အန်ခြင်း၊ အစားပျက်ခြင်း၊ ဗိုက်အောင်ပခြင်း၊ မျက်စိနှင့် အသားဝါခြင်း၊ ဆီးမည်းခြင်း စတဲ့ အသည်းရောဂါလက္ခဏာတွေကြုံရရင် ဆေးကုသမှုချက်ချင်း ခံယူပါ။

ဒီဆေးကြောင့် ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းတွေဖြစ်တာ ရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Infliximab (အင်ဖလစ်စီမဘ်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဒီဆေးနဲ့ ဓါတ်ပြုနိုင်ခြေရှိတဲ့ ဆေးတွေကတော့ abatacept, anakinra လို ကိုယ်ခံအားကို နှိမ့်ချပေးပြီး ရောဂါပိုးကူးစက်နိုင်ခြေမြင့်တဲ့ ဆေးတွေ၊ အားနည်းတဲ့ ဘက်တီးရီယား/ဗိုင်းရပ်စ်စတာမျိုးတွေ သုံးထားတဲ့ဆေးတွေ (ဥပမာ ကာကွယ်ဆေး၊ ဆီးအိမ်ကင်ဆာဆေး) စတာတွေပဲ ဖြစ်ပါတယ်။

Infliximabဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Infliximab (အင်ဖလစ်စီမဘ်) နဲ့ ဓါတ်ပြုနိုင်သလား

Infliximabဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Infliximab (အင်ဖလစ်စီမဘ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Infliximabဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Infliximab (အင်ဖလစ်စီမဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများ ရုတ်တရက်ဖြစ်တတ်သော ခရွမ်းရောဂါအတွက်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ ဆေးဝါးအပေါ် တုံ့ပြန်မှုသိပ်မရသူတွေမှာ ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။

မှတ်ချက်-

ဆေးသွင်းရာမှာ အနည်းဆုံး ၂နာရီကြာ သွင်းရပါတယ်။

ဆေးဝါးအပေါ် တုံ့ပြန်မှုသိပ်မရသူတွေမှာ ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။

၁၄ပတ်မြောက်ရောက်တဲ့အထိ တုံ့ပြန်မှုမရသူတွေမှာ ဆက်ပေးရင်လည်း သိပ်မထူးပါဘူး။ ကုသမှုကို ရပ်တန့်ရတတ်ပါတယ်။

လူကြီးများ ခရွမ်းရောဂါအတွက် ဆက်လက်ကုသရန်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ ဆေးဝါးအပေါ် တုံ့ပြန်မှုသိပ်မရသူတွေမှာ ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။

မှတ်ချက်-

ဆေးသွင်းရာမှာ အနည်းဆုံး ၂နာရီကြာ သွင်းရပါတယ်။

ဆေးဝါးအပေါ် တုံ့ပြန်မှုသိပ်မရသူတွေမှာ ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။

၁၄ပတ်မြောက်ရောက်တဲ့အထိ တုံ့ပြန်မှုမရသူတွေမှာ ဆက်ပေးရင်လည်း သိပ်မထူးပါဘူး။ ကုသမှုကို ရပ်တန့်ရတတ်ပါတယ်။

လူကြီးများ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်းအတွက်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ ဆေးဝါးအပေါ် တုံ့ပြန်မှုသိပ်မရသူတွေမှာ ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။

မှတ်ချက်-

ဆေးသွင်းရာမှာ အနည်းဆုံး ၂နာရီကြာ သွင်းရပါတယ်။

ဆေးဝါးအပေါ် တုံ့ပြန်မှုသိပ်မရသူတွေမှာ ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။

၁၄ပတ်မြောက်ရောက်တဲ့အထိ တုံ့ပြန်မှုမရသူတွေမှာ ဆက်ပေးရင်လည်း သိပ်မထူးပါဘူး။ ကုသမှုကို ရပ်တန့်ရတတ်ပါတယ်။

လူကြီးများ လေးဘက်နာအဆစ်ရောင်ခြင်းအတွက်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၃ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၃ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ အဲဒီနောက်မှာ အပြည့်အ၀ တုံ့ပြန်မှုမရှိသူတွေကို ကိုယ်အလေးချိန် တစ်ကီလိုကို ၁၀ မီလီဂရမ်နှုန်းတိုးခြင်း (သို့) ၄ပတ်တခါလောက်ပေးခြင်း စတာတွေ ပြုလုပ်ပါတယ်။

မှတ်ချက်-

methotrexate နဲ့ တွဲပေးပါတယ်။

လူကြီးများ ကျောရိုးကျီးပေါင်းတက်ခြင်းအတွက်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၆ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။

လူကြီးများ ဆိုရီယားစစ်ရောဂါကြောင့် အဆစ်ရောင်ခြင်းအတွက်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၆ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။

မှတ်ချက်-

တမျိုးတည်းဖြစ်စေ methotrexate နဲ့ တွဲပြီးဖြစ်စေ ပေးပါတယ်။

လူကြီးများ ဆိုရီယားစစ်ရောဂါအတွက်

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။

ဆေးပမာဏ ချိန်ညှိခြင်း။ အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နှလုံးရောဂါ (NYHA Class III/IV) ဖြစ်သူတွေမှာ ကိုယ်အလေးချိန် တစ်ကိလိုကို ၅မီလီဂရမ်နှုန်းထက် ပိုမပေးသင့်ပါဘူး။ မပြင်းထန်တဲ့ နှလုံးရောဂါ (NYHA Class I/II) သမားတွေမှာတော့ သတိပြုသုံးစွဲသင့်ပါဆယ်။ လူနာအားလုံးကို သေချာစောင့်ကြည့်ပြီး နှလုံးရောဂါလက္ခဏာ ပိုဆိုးလာရင် ဆေးကိုရပ်သင့်ပါတယ်။

မှတ်ချက်

ဆေးသွင်းရာမှာ ပိုးမွှားကင်းစင်တဲ့ ပရိုတိန်းစစ်ပေးတဲ့ ဇကာပါတဲ့ ဆေးသွင်းပိုက်အစုံနဲ့ အနည်းဆုံး ၂နာရီကြာ သွင်းရပါတယ်။

၂နာရီကြာဆေးသွင်းခြင်း ၃ကြိမ်ကို ခံနိုင်ရည်ရှိသူများဟာ နောက်ပိုင်းမှာ အနည်းဆုံး ၁နာရီကြာတဲ့နှုန်းနဲ့ အဆင်ပြေတယ်လို့ ယူဆကြပါတယ်။

သိမ်းဆည်းရန်အတွက် လိုအပ်ချက်များ

ဆေးဝါးထုတ်လုပ်သူပေးထားတဲ့ အချက်အလက်တွေကို ဖတ်ကြည့်ပါ။

ဆေးပြင်ဆင်ဖျော်စပ်ရန်အတွက်လည်း ဆေးဝါးထုတ်လုပ်သူရဲ့ အချက်အလက်တွေကို ဖတ်ကြည့်ပါ။

သွေးပြန်ကြောကတဆင့်ပေးနိုင်ခြင်း ရှိမရှိ ဆေးဝါးထုတ်လုပ်သူရဲ့ အချက်အလက်တွေကို ဖတ်ကြည့်ပါ။

စောင့်ကြည့်ခြင်း

ဆေးသွင်းပြီး လူနာမှာ ထူးခြားမှုရှိမရှိ ၁-၂နာရီကြာ စောင့်ကြည့်ရပါမယ်။

အရေးပေါ်ဆေးပစ္စည်းများ

adrenaline, antihistamines, corticosteroids, နဲ့ အရေးပေါ် အသက်ရှူအားကူ ကိရိယာများ ဆောင်ထားသင့်ပါတယ်။

ကလေးတွေအတွက် Infliximab (အင်ဖလစ်စီမဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ ရုတ်တရက်ဖြစ်တတ်သော ခရွမ်းရောဂါအတွက်

၆နှစ်နှင့်အထက် ကလေးများ

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ ခရွန်းရောဂါကို အတော်အသင့်ကနေ ဆိုးရွားတဲ့အဆင့်အထိဖြစ်တဲ့ ၆နှစ်အထက်ကလေးတွေ၊ ပုံမှန်ကုသမှုမှာ တုံ့ပြန်မှုမရှိသူတွေကို ပေးပါတယ်။

ကလေးများ ခရွမ်းရောဂါအတွက် ဆက်လက်သုံးစွဲရန်

၆နှစ်နှင့်အထက် ကလေးများ

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ ခရွန်းရောဂါကို အတော်အသင့်ကနေ ဆိုးရွားတဲ့အဆင့်အထိဖြစ်တဲ့ ၆နှစ်အထက်ကလေးတွေ၊ ပုံမှန်ကုသမှုမှာ တုံ့ပြန်မှုမရှိသူတွေကို ပေးပါတယ်။

ကလေးများ အူအနာဖြစ်ပြိး ရောင်ရမ်းခြင်းအတွက်

၆နှစ်နှင့်အထက် ကလေးများ

ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ဝ၊ ၂၊ ၆ပတ်မြောက်တွေမှာ သွေးပြန်ကြောထဲပေးပြီး ၈ပတ်ကြာတိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၅ မီလီဂရမ်နှုန်းနဲ့ ထပ်ပေးပါတယ်။ အတော်အသင့်ကနေ ဆိုးရွားတဲ့အဆင့်အထိဖြစ်တဲ့ အူအနာဖြစ် ရောင်ရမ်းခြင်းအတွက် ပေးပါတယ်။

သတိပြုရန်

ခရွန်းရောဂါနဲ့ အူအနာဖြစ်ရောင်ရမ်းခြင်းဖြစ်တဲ့ အသက်၆နှစ်အောက် ကလေးတွေမှာ ဘေးကင်းစိတ်ချရမှု ထိရောက်မှုနဲ့ ပတ်သက်ပြီး လေ့လာထားခြင်း မရှိပါဘူး။ တခြားရောဂါတွေမှာ အသက်၁၈နှစ်အောက် ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု ထိရောက်မှုနဲ့ ပတ်သက်ပြီး လေ့လာထားခြင်း မရှိပါဘူး။

Infliximab (အင်ဖလစ်စီမဘ်) ကိုဘယ်လိုရရှိနိုင်သလဲ

Infliximabကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ထိုးဆေးဖျော်စပ်ရန် ဆေးမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Infliximabဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement