backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cloxacillin (ကလော့ဇာဆီလင်)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Cloxacillin (ကလော့ဇာဆီလင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Cloxacillin ကို ဘက်တီးရီယားရောဂါများကုသရန် အသုံးပြူပါသည်။ ပင်နီဆလင် အမျိုးအစားဖြစ်ပါသည်။ ဘက်တီးရီးယားများ၏ ကြီးထွားမှုကို ကာကွယ်ပေးပါသည်။

ဘက်တီးရီးယားများအတွက် ကုသရန်သာအသုံးပြုပါသည်။ အအေးမိခြင်း၊တုပ်ကွေး စသော ဗိုင်းရပ်စ်များကြောင့်ဖြစ်သောရောဂါများအတွက်အသုံးမဝင်ပါ။ မလိုအပ်ပဲသုံးစွဲခြင်းနှင့် အလွန်အကျွံသုံးစွဲခြင်းသည် ဆေး၏အာနိသင်ကိုထိခိုက်နိုင်ပါသည်။

Cloxacillin (ကလော့ဇာဆီလင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးရပါမည်။

ယခုပိုးသတ်ဆေးသည် အစားမရှိလျှင်စုပ်ယူ အားပိုကောင်းပါသည်။ အစားမစားမီ ၁ နာရီ သို့မဟုတ် စားပြီး၂ နာရီ တွင်သောက်သုံးနိုင်ပါသည်။

Cloxacillin ကို အရည်အနေနှင့်သောက်သုံးနေပါက မသောက်မီဆေးကို လှုပ်၍သောက်သုံးရပါမည်။

ဆေးပမာဏနှင့် ကြာချိန်သည် မိမိရောဂါအခြေအနေပေါ်တွင်သာ မူတည်ပါသည်။ ကလေးများတွင် ကိုယ်အလေးချိန်အတိုင်းသောက်သုံးရပါမည်။

ပိုးသတ်ဆေးသည် ခန္ဒါကိုယ်ထဲတွင်တစ်သမတ်တည်းရှိပါက အစွမ်းအထက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့်အချိန်မှန် သောက်သုံးရပါမည်။

မိမိရောဂါလက္ခဏာ သက်သာသွားသည့် တိုင်ဆေးကို သတ်မှတ်ထားသောရက်အတိုင်း ပုံမှန်သောက်သုံးရပါမည်။ ဆေးကြိုဖြတ်လိုက်ပါက ရောဂါပိုးမွှားများပို၍ ပေါက်ပွှားနိုင်ပါသည်။ အခြေအနေဆိုးလာလျှင် ဆရာဝန်ဆီသွားပါ။

Cloxacillin (ကလော့ဇာဆီလင်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Cloxacillin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Cloxacillin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Cloxacillin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

Cloxacillin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cloxacillin (ကလော့ဇာဆီလင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Cloxacilin ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

မိမိရောဂါသက်သာလာသည်ဟုခံစားရသော်လည်း ဆေးကို သတ်မှတ်ထားသောရက်ပြည့်သည် အထိသောက်သုံးရပါမည်။ ရောဂါပိုးမွှားများအမြစ်ပျက်ပြီဆိုလျှင် မိမိရောဂါသည်လည်းသက်သာလာပါမည်။

ဆေးလုံးများကို ချိုးခြင်း ဝါးစားခြင်း ဖွင်းခြင်း ကြိတ်ခြင်းများမပြုလုပ်ရပါ။ ဆေးကို အလုံးလိုက်မြိုချရပါမည်။

Cloxacillin သည် တားဆေး၏ အာနိသင်ကိုကျဆင်းစေနိုင် ပါသည်။ ထို့ကြောင့်သေချာလိုပါက သန္ဓေတားဆေး နောက်ထပ်တစ်မျိုးကိုပါ တွဲ၍သုံးရပါမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cloxacillin (ကလော့ဇာဆီလင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Cloxacillin (ကလော့ဇာဆီလင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Cloxacillin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အောက်ဖော်ပြပါရောဂါလက္ခဏာများရှိလျှင် အရေးပေါ်ကုသမှုရယူပါ။

  • ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားတွင် အနီကွက်များဖြစ်ခြင်း အသက်ရှူရခက်ခဲခြင်း မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ရောင်ရမ်းလာခြင်း
  • မူးခြင်း
  • တက်ခြင်း
  • ဝမ်းလျှောခြင်း နှင့် ဗိုက်အောင့်ခြင်း
  • အလိုအလျောက်သွေးထွက်ခြင်းနှင့် သွေးခြည်ဥခြင်း

မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ

  • အော့ခြင်း၊ အန်ခြင်း၊မူးခြင်း၊ ဝမ်းသွားခြင်း နှင့် ဗိုက်အောင့်ခြင်း
  • လျှာတွင် အဖြူဖတ်များဖြစ်ပေါ်ခြင်း
  • မိန်းမကိုယ် ယားခြင်း နှင့် အဖြူဆင်းခြင်း
  • လျှာထူလာခြင်း သို့မဟုတ် နှုတ်ခမ်းနှင့် ပါးစပ်တွင်အပူပေါက်ခြင်း တို့ဖြစ်ပါသည်။

ထိုသို့သော ဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရ တတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cloxacillin (ကလော့ဇာဆီလင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Cloxacillin ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့်

  • cholestyramine (Questran) (သို့) colestipol (Colestid)
  • အခြားသောပိုးသတ်ဆေးများ (erythromycin (Ery-Tab, E-Mycin, E.E.S.) ၊ tetracycline (Sumycin)၊ minocycline (Minocin) ၊ doxycycline (Doryx, Vibramycin) တို့ဖြစ်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Cloxacillin (ကလော့ဇာဆီလင်) နဲ့ ဓါတ်ပြုနိုင်သလား

Cloxacillin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cloxacillin (ကလော့ဇာဆီလင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Ciprofloxacin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Cloxacillin (ကလော့ဇာဆီလင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Cloxacillin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအတွက်

250mg ကို ၆နာရီခြားတစ်ခါ ၇ရက်မှ ၁၄ရက်ထိသောက်သုံးရပါမည်။

အများဆုံးသုံးစွဲနိုင်သော ပမာဏမှာ တစ်နေ့လျှင် 4g ဖြစ်ပါ်သည်။

  • နမိုးနီးယား အဆုတ်ရောင် ရောဂါများအတွက်

500mg ကို ၆နာရီခြားတစ်ခါ ရောဂါပေါ်မူတည်၍ ၂၁ရက်အထိသောက်သုံးရပါမည်။

အများဆုံးသောက်သုံးနိုင်သောပမာဏများ တစ်နေ့လျှင် 4g ဖြစ်ပါသည်။

  • အရေပြားရောဂါနှင့် အခြားသောရောဂါအတွက်

500mg ကို ၆နာရီခြားတစ်ခါ ၇ ရက်ထိသောက်သုံးနိုင်ပါသည်။ ရိုးရိုးအရောင်ကျရန်ဆိုလျှင် ၃ရက်ထိသောက်သုံးနိုင်ပါသည်။

အများဆုံးသောက်သုံးနိုင်သောပမာဏမျာ တစ်နေ့လျှင် 4g ဖြစ်ပါသည်။

  • ဆီးအိမ်ရောဂါအတွက်

250mg ၆နာရီခြားတစ်ခါကို ၃ရက်မှ ၇ရက်အထိရောဂါပေါ်မူတည်၍ သောက်သုံးနိုင်ပါသည်။ ဆီးအိမ်ရောဂါအတွက် Cloxacillin ကို ပေးလေ့ပေးထတော့မရှိပါ။

အများဆုံးသောက်သုံးနိုင်သောပမာဏများ တစ်နေ့လျှင် 4g ဖြစ်ပါသည်။

ကလေးတွေအတွက် Cloxacillin (ကလော့ဇာဆီလင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက်

၁နှစ်အောက်ကလေးများအတွက် Cloxacillin သုံးရန်သင့်တော်သည့်စမ်းသပ်မှုများမရှိပါ။ ဆေးမသုံးခင် ဆေးအကြောင်း ကိုကောင်းမွန်စွာသိထားရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

၁နှစ်မှ ၁၈နှစ် အထိ- ကိုယ်အလေးချန် 1kg လျှင် 500-100mg ထိ ၆နာရီခြားတစ်ခါ သောက်သုံးနိုင်ပါသည်။

အများဆုံးသောက်သုံးနိုင်သောပမာဏမှာ တစ်နေ့လျှင် 4g ဖြစ်ပါသည်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက်

၁နှစ်အောက်ကလေးများအတွက် Cloxacillin သုံးရန်သင့်တော်သည့်စမ်းသပ်မှုများမရှိပါ။ ဆေးမသုံးခင်ဆေး အကြောင်း ကိုကောင်းမွန်စွာသိထားသင့်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

၁နှစ်မှ ၁၈နှစ် အထိ ကိုယ်အလေးချိန် 1kg ကို 500-100mg ထိ ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။

အများဆုံးသောက်သုံးနိုင်သောပမာဏမျာ တစ်နေ့လျှင် 4g ဖြစ်ပါသည်။

  • အရေပြားရောဂါနှင့် အခြားသောရောဂါများတွင်

၁နှစ်အောက်ကလေးများအတွက် Cloxacillin သုံးရန်သင့်တော်သည့်စမ်းသပ်မှုများမရှိပါ။ ဆေးမသုံးခင်ဆေးအကြောင်းကိုကောင်းမွန်စွာသိထားသင့်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

၁နှစ်မှ ၁၈နှစ် အထိ ကိုယ်အလေးချိန် 1kg ကို 500-100mg ထိ ၆နာရီ ခြားတစ်ခါသောက်သုံးနိုင်ပါသည်။

အများဆုံးသောက်သုံးနိုင်သောပမာဏမျာ တစ်နေ့လျှင် 4g ဖြစ်ပါသည်။

Cloxacillin (ကလော့ဇာဆီလင်) ကိုဘယ်လိုရရှိနိုင်သလဲ

Cloxacillin ကို

  • 250mg ၊ 500mg ဆေးလုံးများ
  • 250mg ၊ 500mg အမှုန့်များ
  • 125mg အရည်များနှင့်တွေ့နိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Cloxacillin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement