backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Clenbuterol (ကလင်ဘူတရော)


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုနည်း

clenbuterol ကို ဘာအတွက် အသုံးပြုပါသလဲ။

clenbuterol အသက်ရှူလမ်းကြောင်းပိတ်သော ရောဂါများကို ကုသရန် သုံးသည်။ clenbuterol ကို အသက်ရှူရခက်သော အခြေအနေများတွင် အသက်ရှူလမ်းကြောင်းချဲ့ရန် အသုံးပြုကြသည်။ ရင်ကြပ်ရောဂါကဲ့သို့သော နာတာရှည် ရောဂါရှိသော သူများတွင် အသက်ရှူရလွယ်အောင် လမ်းကြောင်းကို ပွင့်စေပါသည်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

clenbuterol ကို ဘယ်လိုသောက်သင့်ပါသလဲ။

သင် ဤဆေးကို မသောက်မီ ဆေးရောင်းသူမှ ပေးသောဆေး အညွှန်းစာရွက်ကို သေချာစွာဖတ်ပါ။ မေးမြန်းလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

clenbuterol ဆေးကို မည်သို့ ထားရှိသင့်ပါသလဲ။

clenbuterol သည် အခန်းအပူချိန်တွင်သာထားရပြီး နေရောင်တိုက်ရိုက်ကျပြီး စိုစွတ်သော နေရာများတွင် မထားရပါ။ ဆေးကို မပျက်စီးစေရန် ရေချိုးခန်းနှင့် အအေးခန်းများတွင် မထားရပါ။ အမျိုးအစားပေါ်မူတည်ပြီး ထားရှိရမည့် ပုံစံကွာနိုင်ပါသည်။ ပစ္စည်းထုပ်ပိုးသည့် အခွံပေါ်တွင် ညွှန်ကြားချက်ကို ကြည့်ပါ။ သို့မဟုတ် ဆေးပေးသူကို မေးမြန်းပါ။ ဘေးကင်းစေရန် ဆေးများအားလုံးကို ကလေးများနှင့် အိမ်မွေးတိရိစ္ဆာန်များ နှင့် ဝေးရာတွင် ထားပါ။

ဆေးကို အိမ်သာတွင် ရေဆွဲချခြင်း၊ ရေပိုက်ထဲသို့ ပစ်ခြင်းများ မပြုလုပ်ရပါ။ ဆေး၏ သက်တမ်းကုန်လျှင်၊ ဆေးကို မလိုအပ်တော့လျှင် သေချာစွာစွန့်ပစ်ပါ။ ဆေးကို မည်သို့စွန့်ပစ်ရမည်ကို ဆေးရောင်းသူကို သေချာစွာ မေးမြန်းပါ။

သတိပြုရမည့် အချက်များ

သင့်တွင် အောက်ပါ ရောဂါများရှိလျှင် သင့်ဆရာဝန်ကို ပြောပြတိုင်ပင်ပါ။

• သိုင်းရွိုက်များသောရောဂါ

• နှလုံးအားနည်းခြင်း

• နှလုံးခုန်မမှန်ခြင်း

• QT-interval ရှည်ခြင်း

• သွေးတိုးရောဂါ

• ဆီးချိုရောဂါ၊

• ရင်ကြပ်ရောဂါ

• ကိုယ်ဝန်ဆောင်နေလျှင်

ဤဆေးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် နို့တိုက်နေချိန်တွင် အသုံးပြုနိုင်ပါလား။

ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်စဉ် ဘေးကင်းစိတ်ချမှုနှင့် ပတ်သတ်သော လုံလောက်သော အချက်အလက်များမရှိပါ။ အကျိုးအပြစ်ကို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

clenbuterol ကို သုံးစွဲခြင်းဖြင့် မည်သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသနည်း။

သင့်တွင် အောက်ပါဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိနိုင်ပါသည်။ ကြွက်သားများ လှုပ်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးကြောများကျယ်ခြင်း၊ ကြွက်တက်ခြင်း၊ ကယ်ဆီယမ်ဓါတ်နည်းခြင်း၊ ဓါတ်မတည့်သောတုန့်ပြန်မှုများပေါ်ခြင်း။

ဆေးကို အသုံးပြုသောလူတိုင်းတွင် ဘေးထွက်ဆိုးကျိုးများမဖြစ်တတ်ပါ။ အထက်တွင် ဖော်ပြထားသည်တို့မဟုတ်ပဲ အခြားလက္ခဏာများလည်း ဖြစ်တတ်သည်။ သင့်တွင် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သတ်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နှင့် ဆွေးနွေးပါ။

ဓါတ်ပြုမှုများ

Clenbuterol သည် မည်သည့် ဆေးများနှင့် ဓါတ်ပြုနိုင်ပါသလဲ။

Clenbuterol သည် သင်သောက်နေသော အခြားသော ဆေးများနှင့် ဓါတ်ပြုမှုများရှိနေနိုင်ပါသည်။ ဆေးအချင်းချင်း ဓါတ်ပြုမှုကို ကာကွယ်ရန် သင်သောက်နေသောဆေးများအားလုံးကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ သင့်၏ ဘေးကင်းလုံခြုံမှုအတွက် ဆေးရပ်ခြင်း၊ စတင်ခြင်း၊ ဆေးပြောင်းခြင်းများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ပါ။

အစားအသောက်၊ အရက် တို့သည် Clenbuterol နှင့်ဓါတ်ပြုမှု ရှိနိုင်ပါသလား။

Clenbuterol သည် အစားအသောက် သို့မဟုတ် အရက်နှင့် ဓါတ်ပြုမှုရှိနိုင်ပါသည်။ ထို့ကြောင့် clotrimazole ကို အသုံးပြုလျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

မည့်သည့် ကျန်းမာရေး အခြေအနေများတွင် Clenbuterol ဆေးနှင့် ဓါတ်ပြုမှု ရှိနိုင်ပါသလဲ။

Clenbuterol သည် သင်၏ ကျန်မာရေးအခြေအနေကို ပိုဆိုးစေခြင်း၊ ဆေး၏ အာနိသင်ကို ပြောင်းလဲစေခြင်းများဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို သင့်ဆရာဝန်ကို အသိပေးထားရန် အရေးကြီးပါသည်။

ဆေးပေးရမည့် ပမာဏ

ပေးထားသော အချက်အလက်သည် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်မဟုတ်သဖြင့် သင့်အတွက် ဆေးနှင့်ပတ်သတ်သော ညွှန်ကြားချက်ကို ရရှိရန် သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

လူကြီးအတွက် Clenbuterol ဆေးကို သုံးစွဲရမည့် ပမာဏ

လူကြီးဆေးပမာဏ- ၂၀ မှ ၄၀ မိုက်ခရိုဂရမ် တစ်နေ့၂ ကြိမ်သောက်ပါ။ သို့မဟုတ် ၂၀ မိုက်ခရိုဂရမ်ကို တစ်နေ့ ၃ ကြိမ် ရှူပါ။

ကလေးအတွက် ဆေးကို သုံးစွဲရမည့် ပမာဏ

ကလေးလူနာများတွင် ဆေးပမာဏသည် ပုံမှန်သတ်မှတ်ထားခြင်း မရှိသည့် အတွက် ကလေးကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ဆေး၏ ဘေးကင်းစိတ်ချရမှုကို မသောက်ခင်တွင် နားလည်ရန် အရေးကြီးပါသည်။ ပိုမို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

clenbuterol ကို ဘယ်လိုရနိုင်ပါသလဲ။

clenbuterol ကို အောက်ပါ ပမာဏများဖြင့် ရနိုင်ပါသည်။

• ဆေးပြား ၂၀ မီလီဂရမ်

• သောက်ဆေးရည် ၁ မိုက်ခရိုဂရမ်/ မီလီလီတာ

ဆေးလွန်ကဲမှုကြောင့် အရေးပေါ်အခြေအနေတွင် မည်သို့လုပ်သင့်ပါသလဲ။

အရေးပေါ်ဆေးလွန်ကဲမှု အခြေအနေတွင် အရေးပေါ်ဌာနကို အကြောင်းကြားပြီး နီးစပ်ရာဆေးရုံ၏ အရေးပေါ်ဌာနသို့ သွားရပါမည်။

ဆေးသုံးရမည်ကို မေ့လျော့လျှင် မည်သို့လုပ်သင့်ပါသလဲ။

မေ့သည်ကို သိသိချင်း ဆေးကို အသုံးပြုပါ။ သို့သော် သင်နောက်တစ်ကြိမ် သုံးရမည့် အချိန်ရောက်တော့မည် ဆိုလျှင် မေ့သွားသော အကြိမ်ကို ကျော်လိုက်ပါ။ နှစ်ဆ မသုံးမိပါစေနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement