backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chlorhexidine (ကလော်ဟဇ်စီဒင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Chlorhexidine (ကလော်ဟဇ်စီဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Chlorhexidine ကလော်ဟဇ်စီဒင်း ဆိုတာ ဘတ်တီးရီးယားရောဂါတွေအတွက် ပိုးသတ်ဆေးတစ်မျိုးပါ။ အရေပြားပေါ်လိမ်းပြီး ခွဲစိတ်မှု၊ ဆေးထိုးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် ပိုးဝင်မှာကိုကာကွယ်နိုင်ပါတယ။် ပါးစပ်နဲ့ လည်ချောင်း ရောင်ရမ်းမှုတွေအတွက်လည် း သုံးနိုင်တယ်။ ပိုးသတ်ဆေး၊ ခံတွင်းအနာနဲ့ရောင်ရမ်းမှုများအတွက် သုံးနိုင်တဲ့ အုပ်စုထဲမှာပါပါတယ်။

Chlorhexidine (ကလော်ဟဇ်စီဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်၊ ဆေးပေးသူတို့ ညွှန်းတဲ့အတိုင်းသုံးပါ။ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ညွှန်းဆိုသည့်အတိုင်းသာသုံးသင့်ပြီး ပမာဏပိုသုံးခြင်း လျော့သုံးခြင်း အချိန်ပိုကြာအောင်သုံးခြင်းမျိုးမလုပ်သင့်ပါဘူး၊ ရေးထားသောဆေးအညွှန်းအတိုင်း သေချာစွာ လိုက်နာသင့်ပါတယ်။

မသောက်ရပါဘူး၊ လိမ်းဆေးသီးသန့်ဖြစ်ပါတယ်။

ဆေးမလိမ်းခင် လိမ်းမည့်နေရာ အရေပြားကို သေချာဆေးကြောပါ။ လိမ်းလိုသည့်နေရာကိုပဲ သေချာလိမ်းပါ။ နက်လွန်းသည့်ရှရာ၊ ကုတ်ခြစ်ရာ၊ ပွင့်နေသည့် ဒဏ်ရာအနာများကို မလိမ်းသင့်ပါ။

Chlorhexidine ပါသည့် ဆပ်ပြာသုံးလျှင်လည်း လိုအပ်သည့်နေရာကိုသာ သုတ်လိမ်းပြီး ရိုးရိုးရေနဲ့ဆေးချပါ။ မလိုတဲ့နေရာကို ပိုပြီးမလိမ်းပါနဲ့။

ဆေးကို ပိုးကင်းသောအနေအထားမှာ ထုတ်လုပ်ကြပေမယ့် အမြဲပိုးမွှားကင်းစင်မနေနိုင်ပါဘူး။ ဒါကြောင့် ဆေးထဲပိုးမွှားဝင်မနေစေရန်-

  • ဆေးလိမ်းရာမှာသုံးသင့်သည့် ဝါဂွမ်းအဝတ်စမျိုးနှင့်သာ လိမ်းပါ။
  • ဆေးဘူးထိပ်အဝကိုလက်နဲ့ထိခြင်း၊ အရေပြားနှင့်ထိပြီး လိမ်းခြင်းများမလုပ်ပါနဲ့
  • ရေ၊ အခြားအရည်တစ်မျိုးမျိုးနဲ့ ရောပစ်ခြင်းမလုပ်ပါနဲ့
  • ဆေးလိမ်းသည့်ဝါဂွမ်းအဝတ်ကိုလည်း တစ်ကြိမ်သာသုံးပြီး လွင့်ပစ်ပါ။

လက္ခဏာများမသက်သာပါက၊ ပိုဆိုးလာပါက ဆရာဝန်ကိုချက်ခြင်းပြန်ပြောပါ။

Chlorhexidine (ကလော်ဟဇ်စီဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။

ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Chlorhexidine (ကလော်ဟဇ်စီဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးနဲ့ဓါတ်မတည့်ပါက မသုံးသင့်ပါဘူး။ ဆေး၊ စားစရာ၊ ဆိုးဆေး၊ တိရိစ္ဆာန် စသည်ဖြင့် ဓါတ်မတည့်သည်များရှိပါ ဆရာဝန်သို့ ဆေးပေးသူကို ပြောပြန်တိုင်ပင်ဆွေးနွေးပါ။

နှစ်လအောက်ကလေးတွေမှာသုံးပါက အထူးဂရုပြုပါ။ ငယ်လွန်းသောကလေးတွေအရေပြားမှ ထိခိုက်လောင်ကျွမ်းခြင်းများ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Chlorhexidine (ကလော်ဟဇ်စီဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။ FDA အရတော့ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့ဆေးအမျိုးအစားမှာ C အနေနဲ့ရှိနေပါတယ်။

FDA မှထုတ်ပြန်ထားသော ဆေးစာရင်းကအောက်ပါအတိုင်းဖြစ်တယ်-

A-အန္တရာယ်မရှိပါ

B-တချို့လေ့လာမှုတွေမှာအန္တရာယ်မရှိပါ

C-အန္တရာယ်အနည်းငယ်ရှိနိုင်သည်

D-အန္တရာယ်ရှိသည်ဟုသက်သေရှိသည်

X-လုံးဝမမှီဝဲသင့်ပါ

N-အခြေအနေမသိသေးပါ

ဘေးထွက်ဆိုးကျိုးများ

Chlorhexidine (ကလော်ဟဇ်စီဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။

အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ကိုပြန်ပြောပါ

  • အသားများလောင်ခြင်း၊ ယားခြင်း၊ နီရဲခြင်း
  • အရည်ကြည်ဖုများပေါက်ခြင်း၊ အရေပြားများလန်ခြင်း
  • ရောင်ရမ်းခြင်း၊ နီရဲယားဖုများပေါက်ခြင်း
  • အရေပြားတွင်အခြားတုံ့ပြန်မှုများရှိခြင်း

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Chlorhexidine (ကလော်ဟဇ်စီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ Chlorhexidine ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Chlorhexidine (ကလော်ဟဇ်စီဒင်း) နဲ့ ဓါတ်ပြုနိုင်သလား

တချို့သောဆေးတွေဟာ အစားအစာတချို့၊ ဆေးလိပ်၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Chlorhexidine (ကလော်ဟဇ်စီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

တချို့သောဆေးတွေဟာ အစားအစာတချို့၊ ဆေးလိပ်၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Chlorhexidine (ကလော်ဟဇ်စီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Usual Adult Dose for Gingivitis:

15 mL twice daily after brushing. Oral rinse should be retained for 30 seconds then expectorated after rinsing.

Usual Adult Dose for Mucositis:

15 mL twice daily after brushing. Oral rinse should be retained for 30 seconds then expectorated after rinsing.

Usual Adult Dose for Periodontitis:

Initial: One 2.5 mg chip inserted into a periodontal pocket with probing pocket depth greater than or equal to 5 mm, up to 8 chips in one visit.

Maintenance: Administration is recommended once every 3 months in pockets with remaining probing depth greater than or equal to 5 mm.

ကလေးတွေအတွက် Chlorhexidine (ကလော်ဟဇ်စီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Usual Pediatric Dose for Gingivitis:

The safety and efficacy of chlorhexidine gluconate has not been established in patients less than 18 years old. However, the use of chlorhexidine gluconate may be appropriate in some situations.

15 mL twice daily after brushing. Oral rinse should be retained for 30 seconds then expectorated after rinsing.

Usual Pediatric Dose for Mucositis:

The safety and efficacy of chlorhexidine gluconate has not been established in patients less than 18 years old. However, the use of chlorhexidine gluconate may be appropriate in some situations.

15 mL twice daily after brushing. Oral rinse should be retained for 30 seconds then expectorated after rinsing.

Usual Pediatric Dose for Periodontitis:

The safety and efficacy of chlorhexidine gluconate has not been established in patients less than 18 years old. However, the use of chlorhexidine gluconate may be appropriate in some situations.

Initial: One 2.5 mg chip inserted into a periodontal pocket with probing pocket depth greater than or equal to 5 mm, up to 8 chips in one visit.

Maintenance: Administration is recommended once every 3 months in pockets with remaining probing depth greater than or equal to 5 mm.

Chlorhexidine (ကလော်ဟဇ်စီဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Chlorhexidine is available in the following dosage forms and strengths:

  • Solution, oral rinse: 0.12%
  • Liquid, topical: 0.5%, 2%, 4%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement