backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Calcitriol (ကယ်လ်စီထရွိုင်အော)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Calcitriol (ကယ်လ်စီထရွိုင်အော) ကို ဘာအတွက်အသုံးပြုကြသလဲ

Calcitriol ကို မညီမျှတဲ့ parathyroid hormone ပမာဏတွေကြောင့် ဖြစ်လာတဲ့ ရောဂါတွေကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။ Calcitriol ကို သွေးအတွင်း calcium ပမာဏ နည်းတဲ့ နာတာရှည်ကျောက်ကပ်ဆေးရတဲ့ လူနာတွေမှာလည်း အသုံးပြုကြပါတယ်။ သူ့ကို ဆရာဝန်ညွှန်ကြားတဲ့ အခြားအခြေအနေတွေ အတွက်လည်း အသုံးပြုသင့်ပါသေးတယ်။ Vitamin D ပုံစံတစ်မျိုးဖြစ်တာကြောင့် Calcitriol ဟာ calcium, phosphate တွေကို ကိုယ်ခန္ဓါ အတွင်းကနေ စုပ်ယူမှုကို မြင့်တက်စေပြီး အရိုးတွေကို သန်မာစေပါတယ်။

Calcitriol (ကယ်လ်စီထရွိုင်အော) ဘယ်လိုသောက်သုံးသင့်သလဲ

Calcitriol ကို သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးပမာဏကို အတိအကျသိရှိရန် ဆေးပေါ်ရှိ အညွှန်းကို သေချာ ဖတ်ရှုသင့်ပါတယ်။

  • Calcitriol ကို သောက်ဆေးတောင့် (သို့) ဆေးရည်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Calcitriol ကို တစ်နေ့တစ်ကြိမ် (သို့) တစ်ရက်ကြားတစ်ခါ မနက်ပိုင်းမှာ အစာနဲ့ (သို့) အစာမပါပဲ သောက်သုံးနိုင်ပါတယ်။
  • Mineral oil (သို့) magnesium ပါဝင်တဲ့ အစာအိမ်ဆေးတွေကို Calcitriol နဲ့ သောက်သုံးခြင်းဟာ Calcitriol စုပ်ယူမှုကို ကျဆင်းစေတာကြောင့် အတူ အသုံးမပြုသင့်ပါဘူး။
  • ဆေးအညွှန်းထက်ပိုသောက်တာ (သို့) လျော့သောက်တာမျိုးတွေ မလုပ်သင့်ပါဘူး။
  • သင့်ဆရာဝန်ဟာ Calcitriol ကို ပမာဏအနည်းငယ်နဲ့ စတင်ပြီး တဖြည်းဖြည်း မြှင့်ပေးမှာ ဖြစ်ပါတယ်။ ၂-၈ ပတ်တိုင်းမှာ တစ်ကြိမ်ထက်ပိုပြီး မသောက်သင့်ပါဘူး။

နေမကောင်းဖြစ်ရင်တောင် သင့်ဆရာဝန်ကို မပြောပဲနဲ့ ဆေးမရပ်သင့်ပါဘူး။

Calcitriol (ကယ်လ်စီထရွိုင်အော) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Calcitriol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Calcitriol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Calcitriol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Calcitriol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calcitriol (ကယ်လ်စီထရွိုင်အော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • သင့်မှာ အောက်ပါ အခြေအနေတွေ ရှိနေရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ဓါတ်မတည့်မှုများ – Calcitriol၊ အခြားဗီတာမင် ဒီ ပုံစံအမျိုးမျိုးတွေ ဖြစ်တဲ့ calcifediol (Calderol), dihydrotachysterol (Hytakerol, DHT), doxercalciferol (Hectorol), ergocalciferol (Drisdol, Calciferol), paricalcitol (Zemplar). ဒီအချက်အလက်တွေကို ဆေးအညွှန်းစာရွက်ထဲမှာ ဖေါ်ပြထားပါတယ်။
  • အခြားဆေးတွေ၊ အစားအသောက်တွေ၊ ဆိုးဆေးတွေ၊ ထည့်သွင်းပစ္စည်းတွေနဲ့ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်ရင်
  • ကလေးတွေမှာ Calcitriol ကို အသက်ခြောက်နှစ်အောက်ဆိုရင် ဆရာဝန်ညွှန်ကြားချက်မပါပဲ မသောက်သုံးသင့်ပါဘူး။
  • အသက်ကြီးတဲ့သူတွေ
  • အခြားကျန်းမာရေးအခြေအနေတွေ၊ ခွဲစိတ်မှုတွေ လုပ်ထားရင်
  • အခြားဆေးတွေဖြစ်တဲ့ antacids; calcium supplements; cholestyramine (Questran); colestipol (Colestid); digoxin (Lanoxin); diuretics (‘water pills’) ketoconazole (Nizoral);lanthanum (Fosrenol); laxatives; oral steroids such as dexamethasone (Decadron, Dexone), methylprednisolone (Medrol), and prednisone (Deltasone); other forms of vitamin D; phenobarbital (Luminal, Solfoton); phenytoin (Dilantin);and sevelamer (Renagel), ergocalciferol (Drisdol, Calciferol) တွေ သောက်နေရင်
  • ကိုယ်ဝန်ရှိနေချိန် (သို့) ကလေးနို့တိုက်နေစဉ်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Calcitriol (ကယ်လ်စီထရွိုင်အော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Calcitriol (ကယ်လ်စီထရွိုင်အော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Calcitriol ကို အနည်းငယ်သာ သောက်သုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေခြင်း မရှိပါဘူး။ အဖြစ်မများပေမယ့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • နှေးကွေးလေးလံခြင်း
  • ဗိုက်နာခြင်း
  • အန်ခြင်း
  • ပါးစပ်ခြောက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ကြွက်သားနာခြင်း
  • အရိုးနာခြင်း
  • ပါးစပ်အတွင်း သတ္တုအရသာ ရခြင်း
  • ရေပိုဆာခြင်း
  • အစာစားချင်စိတ် လျော့နည်းခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ညအခါ ဆီးပိုသွားခြင်း
  • ဆီးသွားရ ခက်ခဲခြင်း (သို့) နာကျင်ြခ်ငး
  • အမြင်အာရုံပြောင်းလဲခြင်း
  • ပတ်ဝန်းကျင်က အရာတွေကို စိတ်ဝင်စားမှု နည်းပါးခြင်း
  • ဂယောင်ဂတမ်းဖြစ်ခြင်း
  • ချမ်းတုန်ဖျားခြင်း
  • ဗိုက်နာခြင်း
  • အဆီပါသော ဝမ်းသွားခြင်း
  • အသား၊ မျက်လုံး ဝါထိန်ခြင်း
  • နှာရည်ကျခြင်း
  • လိင်စိတ်လျော့နည်းခြင်း
  • ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်း
  • အနီကွက်ထခြင်း
  • ယားယံခြင်း
  • အသက်ရှူရ (သို့) မြိုချရ ခက်ခဲခြင်း တွေပဲဖြစ်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Calcitriol (ကယ်လ်စီထရွိုင်အော) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcitriol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးတွေ ပါဝင်ပါတယ်။

digoxin, digitalis), cholestyramine (Questran); colestipol (Colestid); digoxin (Lanoxin); diuretics (‘water pills’) ketoconazole (Nizoral); lanthanum (Fosrenol); laxatives; oral steroids such as dexamethasone (Decadron, Dexone), methylprednisolone (Medrol), and prednisone (Deltasone); other forms of vitamin D; phenobarbital (Luminal, Solfoton); phenytoin (Dilantin);and sevelamer (Renagel). Check the labels on all your prescription and nonprescription/herbal products (e.g., antacids, laxatives, vitamins) because they may contain calcium, magnesium, phosphate, and vitamin D

အစားအသောက်တွေနဲ့ အရက်က Calcitriol (ကယ်လ်စီထရွိုင်အော) နဲ့ ဓါတ်ပြုနိုင်သလား

Calcitriol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ (အထူးသဖြင့် ကျောက်ကပ်ရောဂါ)

ဘယ်ရောဂါအခြေအနေတွေက Calcitriol (ကယ်လ်စီထရွိုင်အော) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcitriol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ (အထူးသဖြင့် အသည်းနဲ့ ကျောက်ကပ်ရောဂါ)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Calcitriol (ကယ်လ်စီထရွိုင်အော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Usual Adult Dose for Hypocalcemia

  • Oral: Initial dose 0.25 mcg orally once a day following by maintenance dose of 0.25 mcg/dose at 4 to 8 week intervals.
  • Parenteral: Initial dose: 0.5 mcg IV 3 times a week following by maintenance dose of 0.25 to 0.5 mcg/dose at 2 to 4 week intervals.

Usual Adult Dose for Renal Osteodystrophy

  • Oral: Initial dose 0.25 mcg orally once a day following by maintenance dose of 0.25 mcg/dose at 4 to 8 week intervals.
  • Parenteral: Initial dose: 0.5 mcg IV 3 times a week following by maintenance dose of 0.25 to 0.5 mcg/dose at 2 to 4 week intervals.

Usual Adult Dose for Hypoparathyroidism

  • Initial dose: 0.25 mcg orally once a day in the morning following by maintenance dose of 0.25 mcg/dose at 2 to 4 week intervals. Most patients respond to 0.25 to 2 mcg once a day.

Usual Adult Dose for Rickets

1 mcg orally once a day;

Usual Adult Dose for Secondary Hyperparathyroidism

  • Predialysis patients: 0.25 mcg orally once a day in the morning.
  • Dialysis patients: 0.25 mcg orally once a day in the morning. Increase dose, if needed, by 0.25 mcg/dose at 2 to 4 week intervals.

ကလေးတွေအတွက် Calcitriol (ကယ်လ်စီထရွိုင်အော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Usual Pediatric Dose for Hypoparathyroidism

Children less than 1 year: 0.04 to 0.08 mcg/kg orally once a day.

  • Children from 1 to 5 years: 0.25 to 0.75 mcg orally once daily. This dose can be increased up to 0.25 mcg/dose at 2 to 4 week intervals.
  • Children greater than or equal to 6 years: 0.5 to 2 mcg. . This dose can be increased up to 0.25 mcg/dose at 2 to 4 week intervals.

Usual Pediatric Dose for Rickets

  • Vitamin D dependent rickets: 1 mcg orally once a day.
  • Vitamin D resistant rickets (familial hypophosphatemia): Initial: 0.015 to 0.02 mcg/kg orally once daily following by maintenance dose of 0.03 to 0.06 mcg/kg orally once daily. Maximum dose that can be prescribed is 2 mcg once daily.

Usual Pediatric Dose for Hypocalcemia

  • For hypocalcemia secondary to hypoparathyroidism: 1 mcg orally once daily for the first 5 days of life, or 0.02 to 0.06 mcg/kg/day for neonates.
  • For hypocalcemic tetany: Neonates: 0.05 mcg/kg IV once daily for 5 to 12 days or 0.25 mcg orally once daily followed by 0.01 to 0.10 mcg/kg/day divided in 2 doses daily (maximum daily dose: 2 mcg).
  • For management of hypocalcemia in patients with chronic kidney disease (CKD): Indicated for therapy when serum levels of 25(OH)D are greater than 30 ng/mL (75 nmol/L) and serum levels of intact parathyroid hormone (iPTH) are above the target range for the stage of CKD; serum levels of corrected total calcium are less than 9.5 to 10 mg/dL and serum levels of phosphorus are less than age appropriate upper limits of normal (ULN).

Calcitriol (ကယ်လ်စီထရွိုင်အော) ကိုဘယ်လိုရရှိနိုင်သလဲ

Calcitriol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။ 0.25 mcg; 0.5 mcg; 1 mcg/mL; 2 mcg/mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို အရေးပေါ်အခြေအနေတွေမှာ ပြသနိုင်ရန်အတွက် ချရေးထားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Calcitriol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement