backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Aspegic (အက်စ်ပီဂျစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Aspegic (အက်စ်ပီဂျစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Aspegic® ကို အနာသက်သာဖို့၊ အဖျားပျောက်ဖို့နဲ့ နေရာအနှံ့မှာ ရောင်ရမ်းခြင်းတွေဖြစ်တဲ့ ခါးနာခြင်း၊ လည်းပင်းနာခြင်း၊ တုတ်ကွေး၊ အအေးမိခြင်း၊ မီးလောင်ဒဏ်ရာ၊ ရာသီလာစဉ်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း၊ အဆစ်ရောင်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အာရုံကြောနာကျင်ခြင်း၊ သွားနာခြင်းနဲ့ bursitis တို့မှာ အသုံးပြုပြုကြပါတယ်။ ခွဲစိတ်ကုသမှုနဲ့ သွားပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေ အပြီးမှာလည်း အသုံးပြုကြပါတယ်။ ASA ကို rheumatic fever အတွက် အခြားဆေးတွေနဲ့ တွဲဖက်ပြီး အသုံးပြုကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ASA ကို လိုအပ်သလောက်သာ အသုံးပြုကြပါတယ်။

သူ့ရဲ့ သွေးတိတ်စေတဲ့အရာကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

  • နှလုံးရပ်ခြင်း ဖြစ်နိုင်ချေ များတဲ့သူတွေမှာ ပထမ စစချင်း မပြင်းထန်တဲ့ နှလုံးရပ်ခြင်းမျိုးကို ကာကွယ်ပေးပါတယ်။
  • နောက်တစ်ကြိမ် နှလုံးရပ်ခြင်း (သို့) လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
  • လေဖြတ်ခြင်းအပျော့စားတစ်မျိုးဖြစ်တဲ့ TIA ကိုလည်း လျော့ကျစေပါတယ်။
  • သွေးခဲဂုဏ်သတ္တိရှိတဲ့ Platelet ကို ဆန့်ကျင်တဲ့အတွက် နှလုံးသွေးကြောခွဲစိတ်ထားတဲ့လူနာတွေမှာ သွေးခဲ ပြန်လည်ဖြစ်ခြင်းကို ကာကွယ်ပေးပြီး Silicon rubber access မှတစ်ဆင့် သွေးလဲနေရတဲ့ လူနာတွေအတွက်လည်း အသုံးဝင်ပါတယ်။
  • တင်ပါးဆုံတစ်ခုလုံးလဲထားတဲ့ လူနာတွေမှာ သွေးခဲကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

Aspegic (အက်စ်ပီဂျစ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးပမာဏ အသုံးပြုမှုပေါ်မူတည်ပါတယ်။

ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဒီဆေးကို ပိုများများ (သို့) ပိုနည်းနည်း (သို့) ညွှန်ကြားထားတဲ့ အချိန်ထက်ပိုကြာပြီး မသောက်သင့်ပါဘူး။

Aspegic (အက်စ်ပီဂျစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Aspegic® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Aspegic® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Aspegic® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Aspegic® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Aspegic (အက်စ်ပီဂျစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အနာရှိခြင်းများ၊ အစာခြေစနစ်မှ သွေးထွက်ခြင်းများ၊ သွေးတိတ်ဆေးသောက်နေရသူများ၊ နှလုံးရောဂါဝေဒနာရှင်များမှာ သတိထားပြီး သောက်သုံးသင့်ပါတယ်။
  • Acetylsalycylic ဟာ နည်းနည်းလေးသုံးရင်တောင်မှ uric acid စွန့်ထုတ်နှုန်းကို လျော့ကျစေတာကြောင့် ဂေါက်ရောဂါ ဖြစ်နိုင်တဲ့သူတွေမှာ ပိုဆိုးနိုင်ပါတယ်။ အချိန်အကြာကြီးသောက်သုံးရင် (သို့) ပမာဏအများကြီး သောက်သုံးသူတွေဟာ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုလိုအပ်ပြီး ဟေမိုဂလိုဘင်ပမာဏကို စစ်ဆေးနေသင့်ပါတယ်။
  • Acetylsalicylic acid ရို အရောင်ကျခြင်းအတွက် အသုံးပြုဖို့အတွက်ဆို တစ်နေ့ကို ၅ ဂရမ်ကနေ ၈ ဂရမ်အထိ သတ်မှတ်ထားပါတယ်။ သူ့ရဲ့ အစာခြေ လမ်းကြောင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှု မပြုလုပ်မီ၊ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်ပြီးကာလတွေမှာ သွေးထွက်မှု လျှော့ချဖို့အတွက် ဆေးကို ငါးရက်ကနေ ၇ ရက်အထိ ရပ်နားထားသင့်ပါတယ်။

ကြာရှည်စွာ သောက်မယ်ဆိုရင် သွေးစစ်ကြည့်သင့်ပြီး occult blood ကိုလည်း လေ့လာကြည့်သင့်ပါတယ်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Aspegic (အက်စ်ပီဂျစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန် ပထမနဲ့ ဒုတိယသုံးပတ်တို့မှာ အသုံးပြုမှုတားမြစ်ထားပါတယ်။ တတိယ သုံးလပတ်မှာတော့ သတိကြီးစွာ အသုံးပြုနိုင်ပါတယ်။

ဒီဆေးဟာ ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ပထမသုံးလအတွင်းသုံးစွဲရင် top palatoschisis ဖြစ်နိုင်ပြီး တတိယသုံးလအတွင်းသုံးရင်တော့ ကလေးမွေးဖွားရန်တားမြစ်ခြင်း၊ သန္ဓေသားမှာ ductus arteriosus အချိန်မတိုင်ပဲ ပိတ်သွားခြင်း၊ pulmonary vascular hyperplasia နဲ့ သွေးတိုးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ကလေးနို့တိုက်ခြင်း

Aspegic® ကို မိခင်နို့ထဲက စွန့်ထုတ်တာကြောင့် ကလေးမှာ platelet (သွေးခဲခြင်းကိုလုပ်ဆောင်ပေးသော သွေးမွှားဥ) လုပ်ငန်းဆောင်တာ ပျက်စီးပြီး သွေးထွက်မှု ပိုမိုများပြားနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေမှာ ဒီဆေး အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Aspegic (အက်စ်ပီဂျစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖေါ်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို သတိထားမိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

  • ပျို့အန်ခြင်း၊ အန်ချင်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်လမ်းကြောင်း အနာဖြစ်ခြင်း၊ သွေးထွက်ခြင်း၊ အသည်းမကောင်းခြင်း အစရှိတဲ့ အစာခြေစနစ် ပြဿနာများ
  • ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ နားစည်အူခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း အစရှိတဲ့ အချိန်ကြာမြင့်စွာ အသုံးပြုရင် ဖြစ်နိုင်တဲ့ အာရုံကြောဆိုင်ရာ ပြဿနာများ
  • Thrombocytopenia နဲ့ သွေးအားနည်းခြင်း အစရှိတဲ့ သွေးပြဿနာများ
  • သွေးမတိတ်တဲ့ ပြဿနာများ
  • ကျောက်ကပ် မကောင်းခြင်း၊ ကျောက်ကပ် ရုတ်တရက် ပျက်စီးခြင်း၊ nephrotic syndrome အစရှိတဲ့ ကျောက်ကပ်ရောဂါများ
  • အရေပြားအနီကွက်ထခြင်း၊ Quincke’s edema၊ လေပြွန်ကျဉ်းခြင်း၊ Aspirin triad လို့ ခေါ်တဲ့ ပန်းနာရင်ကျပ်၊ nasal polyposis ပြန်ဖြစ်ခြင်းနဲ့ ဆေးဒဏ်မခံနိုင်ခြင်း။
  • တခါတလေမှာသူဟာ Reye syndrome ကိုဖြစ်စေပြီး နာတာရှည်နှလုံးရောဂါလက္ခဏာတွေကို တိုးမြှင့်စေပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Aspegic (အက်စ်ပီဂျစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Aspegic® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖေါ်ပြပါဆေးတွေနဲ့ တစ်ပြိုင်နက်တည်းသုံးမယ်ဆိုရင် ဓါတ်ပြုမှုတွေ ရှိနိုင်ပါတယ်။

  • Magnesium (သို့) aluminium hydroxide ပါဝင်တဲ့ antacid တွေဟာ acetylsalicylic acid ရဲ့ စုပ်ယူမှုကို နှေးကွေးစေပြီး လျော့ကျစေပါတယ်။
  • Calcium channel blocker တွေဟာ calcium စုပ်ယူနှုန်း ကိုနည်းစေခြင်း (သို့) စွန့်ထုတ်နှုန်းကို များစေခြင်းတို့ကိုပြုလုပ်ပေးပြီး သွေးထွက်များစေပါတယ်။
  • Acetylsalicylic acid ဟာ heparin နဲ့ သွေးခဲစေတဲ့အရာတွေ၊ sulfonylureas, insulin, methotrexate, phenytoin, vaporic acid တွေရဲ့ အစွမ်းကို တိုးမြှင့်ပေးပါတယ်။
  • SCS ဟာ အနာဖြစ်စေနှုန်းကို တိုးမြှင့်ပေးပြီး အစာလမ်းကြောင်းမှာ သွေးထွက်စေပါတယ်။
  • ဆီးဆေး (spironolactone, fruosemide) တွေဟာ အစွမ်းထက်မှုကို ကျဆင်းစေပါတယ်။
  • NSAIDs တွေဟာ ဘေးထွက်ဆိုးကျိုးတွေကို မြင့်တက်စေပါတယ်။ Acetylsalicylic acid တွေဟာ indomethacin နဲ့ piroxicam တို့ရဲ့ သွေးအတွင်း ပမာဏကို လျှော့ချပေးပါတယ်။
  • Uricosuric ဆေးတွေဖြစ်တဲ့ ( probenecid, sulfinpyrazone, benzbromarone) တို့ဟာလဲ အစွမ်းထက်မှုကို လျှော့ကျစေပါတယ်။
  • Acetylsalicylic acid နဲ့ alendronate sodium တို့ဟာ ပြင်းထန်တဲ့ အစာပြွန်ရောင်ခြင်းကို ဖြစ်စေပါတယ်။
  • Griseofulvin ဟာ acetylsalicylic acidရဲ့ စုပ်ယူမှုကို တားမြစ်ပါတယ်။
  • Ginkgo Biloba ဟာ မျက်ဝန်းမှာ သွေးထွက်မှုကို ဖြစ်စေပါတယ်။
  • Dipyridamole ဟာ salicylate ပမာဏကို တိုးတက်စေပါတယ်။
  • Acetylsalicylic acid ဟာ သွေးထဲမှာ digoxin, barbituates, နဲ့ lithum salts တွေရဲ့ ပမာဏကို များစေပါတယ်။
  • Salicylates ပမာဏ အများကြီးနဲ့ carbonic anhydrase inhibitors တွေဟာ salicylate intoxication ကို ဖြစ်စေပါတယ်။
  • ကဖင်းဓါတ်ဟာ acetylsalicylic acid ရဲ့ စုပ်ယူမှုကို များစေပြီး သွေးထဲမှာ ပမာဏ မြင့်တက်စေပါတယ်။
  • Metoprolol ဟာ သွေးထဲမှာ acetylsalicylic acid ပမာဏ များစေပါတယ။်
  • Pentazocine ဟာ ကျောက်ကပ်တွေထဲမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပွားစေပါတယ်။
  • Phenylbutazone ဟာ acetylsalicylic acid ရဲ့ uricosuria ကို လျှော့ချပေးပါတယ်။
  • Ethanol ဟာ acetylsalicylic acid ရဲ့ အစာလမ်းကြောင်းပေါ် အကျိုးသက်ရောက်မှုကို ပိုဆိုးစေပါတယ်။

အစားအသောက်တွေနဲ့ အရက်က Aspegic (အက်စ်ပီဂျစ်) နဲ့ ဓါတ်ပြုနိုင်သလား

Aspegic® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Aspegic (အက်စ်ပီဂျစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Aspegic® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Aspegic (အက်စ်ပီဂျစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး

  • 500-1000 mg / day (up to 3 g) တစ်ရက်ကို သုံးကြိမ်ခွဲတိုက်ရန်

နှလုံးရောဂါ

  • 40-325 mg တစ်ရက်တစ်ကြိမ်(အများအားဖြင့် 160 mg).

သွေးခဲနှုန်း တားတဲ့ဆေး

  • 300-325 mg / day

အမျိုးသားတွေမှာ သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ (cerebral embolism)

  • 325 mg / day ပမာဏကနေ တဖြည်းဖြည်း အများဆုံး1 g / day ထိ တိုးသွားသည်။

Thrombosis and occlusion of aortic shunt (သွေးခဲပိတ်ခြင်း နဲ့aorta shunt ပိတ်သွားခြင်းများအတွက်)

  • 325 mg နှာခေါင်းပိုက်မှ ၇ နာရီတစ်ခါ ထို့နောက် ပါးစပ်မှ 325 mg ကို တစ်ရက်သုံးကြိမ်
  • ကလေးတွေအတွက် Aspegic (အက်စ်ပီဂျစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

    Aspegic (အက်စ်ပီဂျစ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Aspegic® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။’

    • ထိုးဆေး – ၁၀၀၀ mg
    • ထိုးဆေး – ၅၀၀ mg
    • ပေါင်ဒါပုံစံ/ သောက်ဆေး – ၁၀၀ mg
    • ပေါင်ဒါပုံစံ/ သောက်ဆေး – ၁၀၀၀ mg
    • ပေါင်ဒါပုံစံ/ သောက်ဆေး – ၂၅၀ mg
    • ပေါင်ဒါပုံစံ/ သောက်ဆေး – ၅၀၀ mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Aspegic® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement