backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Apo Ranitidine (အပို ရန်နီတီဒင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Apo Ranitidine (အပို ရန်နီတီဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

အစာအိမ်နဲ့ အူလမ်းကြောင်းအနာတွေကို ကုသဖို့ ဒါမှမဟုတ် ပျောက်ကင်းပြီးသား အနာတွေ နောက်တကြိမ် ပြန်မဖြစ်အောင် ကာကွယ်ဖို့အတွက် Apo ranitidine ကို အများဆုံး အသုံးပြုပါတယ်။ အစာရေမြိုရောင်ခြင်း၊အစာချေရည် လည်ချောင်းထဲပြန်ဆန်တက်တဲ့ ရောဂါ (gastroesophageal reflux disease-GERD) နဲ့ Zollinger-Ellison syndrome တွေကို ကုသဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

Apo ranitidine ဟာ အစာအိမ်ကထွက်ရှိတဲ့ အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။Apo ranitidine ဟာ ကာလကြာရှည် ချောင်းဆိုးခြင်း၊ဗိုက်နာခြင်း၊ဗိုက်အောင့်ခြင်း၊ရင်ပူခြင်း နဲ့ (အစာ၊ရေ စသည်တို့ကို) မြိုချရခက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။

Apo ranitidineကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။

Apo Ranitidine (အပို ရန်နီတီဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြား ဒါမှမဟုတ် ဆေးတောင့်တွေကို ချိုးပစ်တာ၊ဝါးစားပစ်တာမျိုး မလုပ်ရပါဘူး။ ဆေးသောက်တဲ့အခါ ရေများများ (ရေတဖန်ခွက်အပြည့်)နဲ့ သောက်ရပါမယ်။apo ranitidine ကို သုံးစွဲခြင်းနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင် သင့်ဆရာဝန်ကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

Apo Ranitidine (အပို ရန်နီတီဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Apo ranitidine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ apo ranitidine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

apo ranitidine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Apo ranitidine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Apo ranitidine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Apo Ranitidine (အပို ရန်နီတီဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
  • apo ranitidine သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
  • အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင် (ဥပမာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊အသည်းပြဿနာများ၊အသည်း၏လုပ်ငန်းဆောင်တာများ ပုံမမှန်ခြင်း၊ကျောက်ကပ်ပြဿနာများ စသည်)။

အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Apo Ranitidine (အပို ရန်နီတီဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

  • ကလေးနို့တိုက်ချိန်

ဆေးဟာ မိခင်နို့ထဲပါလာနိုင်တဲ့အတွက် ဆေးကို ဆက်လက်အသုံးမပြုတာ ဒါမှမဟုတ် သတိကြီးကြီးထားပြီး သုံးစွဲတာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ကလေးနို့တိုက်နေတယ်ဆိုရင် ဆေးကို စတင်အသုံးမပြုခင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ရမှာပဲ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Apo Ranitidine (အပို ရန်နီတီဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

  • ခေါင်းကိုက်ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ဝမ်းလျှောခြင်း။
  • နာကျင်ခြင်း၊နီရဲပူလောင်ခြင်း။ စူးပြီးနာနေခြင်း။
  • အမြင်အာရုံ ထိခိုက်ခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • စိတ်ကျဝေဒနာခံစားရခြင်း။
  • ကယောင်ကတမ်းများဖြစ်ခြင်း။
  • သွေးထွက်လွယ်၊သွေးခြေဥလွယ်ခြင်း။
  • ရင်သားစူလာခြင်း။
  • အလွန်ပင်ပန်းနွမ်းနယ်ခြင်း။
  • နှလုံးခုန်နှေးခြင်း၊မြန်ခြင်း၊မမှန်ခြင်း။
  • ကူးစက်ပိုးဝင်ခြင်း၏လက္ခဏာများကို ခံစားရခြင်း (ဥပမာ ကာလကြာရှည် လည်ချောင်းနာခြင်း၊ချမ်းတုန်ဖျားခြင်း)။
  • ပြင်းထန်စွာ ဗိုက်နာ၊ဗိုက်အောင့်ခြင်း။
  • ဆီးမည်းခြင်း။
  • အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း။
  • ဓါတ်မတည့်ခြင်းလက္ခဏာများ ခံစားရခြင်း။
  • ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Apo Ranitidine (အပို ရန်နီတီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Apo ranitidine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

    ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။Apo Ranitidine နဲ့ ဓါတ်ပြုနိုင်တဲ့ဆေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

    • Apo Ranitidine ဟာ atazanavir, dasatinib, delavirdine, azole အုပ်စုဝင် အချို့သော မှိုစွဲရောဂါပျောက်ဆေးများ (ဥပမာ itraconazole, ketoconazole) နဲ့ pazopanib တို့ရဲ့ သွေးတွင်းစုပ်ယူမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
    • apo ranitidine နဲ့ procainamide ကို အတူတကွ သုံးစွဲရင် procainamide ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေပါမယ်။
    • apo ranitidine နဲ့ warfarin ကို အတူတကွ သုံးစွဲရင် သွေးထွက်လွန်တာ၊သွေးယိုစီးတာတွေကို ပိုဖြစ်စေပါမယ်။
    • apo ranitidine နဲ့ midazolam ဒါမှမဟုတ် triazolam တို့ကို အတူတကွ သုံးစွဲရင် အိပ်ချင်ငိုက်မျဉ်းတာကို ပိုလာစေပါမယ်။

    apo ranitidine နဲ့ glipizide ကို အတူတကွ သုံးစွဲရင် သွေးတွင်းသကြားဓါတ် အလွန်အကျွံကျဆင်းနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Apo Ranitidine (အပို ရန်နီတီဒင်း) နဲ့ ဓါတ်ပြုနိုင်သလား

    Apo ranitidine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Apo Ranitidine (အပို ရန်နီတီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Apo ranitidine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီ;ပါတယ်။

    အထူးသဖြင့်

    • porphyria လို့ခေါ်တဲ့ သွေးရောဂါတမျိုး။
    • နှလုံးပြဿနာများ။
    • ခုခံအားစနစ်ဆိုင်ရာပြဿနာများ။
    • ကျောက်ကပ်ပြဿနာများ။
    • အသည်းပြဿနာများ။
    • အဆုတ်ပြဿနာများ (ဥပမာ ပန်းနာရင်ကျပ်၊COPD လို့ခေါ်တဲ့ နာတာရှည်အဆုတ်ရောဂါတမျိုး)။
    • အစာအိမ်ပြဿနာများ (ဥပမာ ကင်ဆာကျိတ်)။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Apo Ranitidine (အပို ရန်နီတီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    • အူသိမ်အနာအတွက် သတ်မှတ်ထားသော ဆေးပမာဏ

    သောက်ဆေး : တခါသောက်လျှင် ၁၅၀ မီလီဂရမ်နှုန်းဖြင့် တနေ့နှစ်ကြိမ် သို့မဟုတ် ၃၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်တည်းသောက်ရန် (ညနေစာ စားပြီးချိန် သို့မဟုတ် အိပ်ယာဝင်ချိန်တွင် သောက်နိုင်သည်)။

    • အစာမကြေခြင်းအတွက် သတ်မှတ်ထားသော ဆေးပမာဏ

    ၇၅ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်နိုင်သည် (အစာမစားမီ နာရီဝက်မှ တနာရီအလိုတွင် သောက်ရမည်)။

    ၇၅ မီလီဂရမ်ကို တနေ့လျှင် နှစ်ကြိမ်အထိ တိုးမြှင့်နိုင်သည်။

    ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဖာသာ သုံးစွဲလျှင် အများဆုံး နှစ်ပတ်အထိ သုံးစွဲနိုင်သည်။

    အူသိမ်အနာကို ကြိုတင်ကာကွယ်ခြင်းအတွက် : ညအိပ်ယာဝင်ချိန်တွင် ၁၅၀ မီလီဂရမ်နှုန်းဖြင့် တနေ့လျှင်တကြိမ်။

    အစာအိမ်အနာကို သက်သာပျောက်ကင်းစေရန်အတွက် : ညအိပ်ယာဝင်ချိန်တွင် ၁၅၀ မီလီဂရမ်နှုန်းဖြင့် တနေ့လျှင်တကြိမ်။

    • အစာရေမြိုရောင်ခြင်းအတွက်

    ကနဦးဆေးပမာဏ : တခါသောက်လျှင် ၁၅၀ မီလီဂရမ် နှုန်းဖြင့် တနေ့လျှင် လေးကြိမ်။

    ဆက်လက်သောက်ရမည့်ပမာဏ : တခါသောက်လျှင် ၁၅၀ မီလီဂရမ် နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ်။

    • ခွဲစိတ်ကုသမှုမခံယူမီ ကြိုတင်သုံးစွဲရန်အတွက်

    ၁၅၀ မီလီဂရမ်ကို ခွဲစိတ်မှုမပြုလုပ်မီ နှစ်နာရီအလိုတွင် သောက်ရမည်။

    Zollinger-Ellison syndrome အတွက်

    ဦးစွာ တခါသောက်လျှင် ၁၅၀ မီလီဂရမ် နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် သောက်ရမည်။ ထို့နောက် အစအိမ်မှ အက်ဆစ်ထွက်ရှိမှုပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် ဆေးပမာဏကို လိုသလို ချိန်ဆရမည်။ တနေ့လျှင် အများဆုံး ခြောက်ဂရမ်အထိ သုံးစွဲလေ့ရှိသည်။

    • အစာချေအက်ဆစ်ရည် အလွန်အမင်း ထုတ်လုပ်နေခြင်းအတွက်

    ဦးစွာ တခါသောက်လျှင် ၁၅၀ မီလီဂရမ် နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် သောက်ရမည်။ ထို့နောက် အစအိမ်မှ အက်ဆစ်ထွက်ရှိမှုပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် ဆေးပမာဏကို လိုသလို ချိန်ဆရမည်။ တနေ့လျှင် အများဆုံး ခြောက်ဂရမ်အထိ သုံးစွဲလေ့ရှိသည်။

    • အစာချေအက်ဆစ်ရည်များ လည်ချောင်းထဲသို့ ဆန်တက်သောရောဂါ အတွက်

    တခါသောက်လျှင် ၁၅၀ မီလီဂရမ် နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် သောက်ရမည်။

    • အစာအိမ်အနာဖြစ်ခြင်းအတွက်

    တခါသောက်လျှင် ၁၅၀ မီလီဂရမ် နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် သောက်ရမည်။

    ကလေးတွေအတွက် Apo Ranitidine (အပို ရန်နီတီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အူသိမ်အနာအတွက် (အသက်၁လမှ ၁၆နှစ် အထိကလေးများတွင် အသုံးပြုရန်

  • ကနဦးကုသခြင်း : 4 to 8 mg/kg နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် (၁၂နာရီခြားတကြိမ်)။ တနေ့လျှင် အများဆုံး ဆေးပမာဏ ၃၀၀ မီလီဂရမ်အထိ အသုံးပြုနိုင်သည်။
  • ဆက်လက်ထိန်းထားရန် : 2 to 4 mg/kg/day တနေ့လျှင် တကြိမ် သောက်ရမည်။ တနေ့လျှင် အများဆုံး ဆေးပမာဏ ၁၅၀ မီလီဂရမ်အထိ အသုံးပြုနိုင်သည်။
  • အစာအိမ်အနာအတွက် (အသက်၁လမှ ၁၆နှစ် အထိကလေးများတွင် အသုံးပြုရန်

    • ကနဦးကုသခြင်း : 4 to 8 mg/kg နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် (၁၂နာရီခြားတကြိမ်)။ တနေ့လျှင် အများဆုံး ဆေးပမာဏ ၃၀၀ မီလီဂရမ်အထိ အသုံးပြုနိုင်သည်။
    • ဆက်လက်ထိန်းထားရန် : 2 to 4 mg/kg/day တနေ့လျှင် တကြိမ် သောက်ရမည်။ တနေ့လျှင် အများဆုံး ဆေးပမာဏ ၁၅၀ မီလီဂရမ်အထိ အသုံးပြုနိုင်သည်။

    အူသိမ်အနာကို ကာကွယ်ရန်အတွက် (အသက်၁လမှ ၁၆နှစ် အထိကလေးများတွင် အသုံးပြုရန်)

    2 to 4 mg/kg/day တနေ့လျှင် တကြိမ် သောက်ရမည်။ တနေ့လျှင် အများဆုံး ဆေးပမာဏ ၁၅၀ မီလီဂရမ်အထိ အသုံးပြုနိုင်သည်။

    အစာအိမ်အနာကို ကာကွယ်ရန်အတွက် (အသက်၁လမှ ၁၆နှစ် အထိကလေးများတွင် အသုံးပြုရန်)

    2 to 4 mg/kg/day တနေ့လျှင် တကြိမ် သောက်ရမည်။ တနေ့လျှင် အများဆုံး ဆေးပမာဏ ၁၅၀ မီလီဂရမ်အထိ အသုံးပြုနိုင်သည်။

    အစာချေအက်ဆစ်ရည်များ လည်ချောင်းထဲသို့ ဆန်တက်သောရောဂါ အတွက်

    မွေးကင်းစကလေးငယ်များတွင် : 2 mg/kg/day ပမာဏကို နှစ်ကြိမ်ခွဲပြီး ပေးရမည် (၁၂နာရီခြားတခါ)။

    အသက် ၁လမှ ၁၆နှစ်အထိ ကလေးများတွင် : 4 – 10mg/kg/day ပမာဏကို နှစ်ကြိမ်ခွဲပြီး ပေးရမည် (၁၂နာရီခြားတခါ)။ အများဆုံးပေးနိုင်သော ပမာဏမှာ တနေ့လျှင် ၃၀၀ မီလီဂရမ် ဖြစ်ပါသည်။

    အစာရေမြိုရောင်ခြင်းအတွက်

    အသက် ၁လမှ ၁၆နှစ်အထိ ကလေးများတွင် : 4 – 10mg/kg/day ပမာဏကို နှစ်ကြိမ်ခွဲပြီး ပေးရမည် (၁၂နာရီခြားတခါ)။ အများဆုံးပေးနိုင်သော ပမာဏမှာ တနေ့လျှင် ၃၀၀ မီလီဂရမ် ဖြစ်ပါသည်။

    အစာမကြေခြင်းအတွက်

    အသက် ၁၂နှစ်နှင့်အထက် ကလေးများတွင် : ရင်ပူစေသော အစားအစာများ၊အအေးများ မစားမသောက်မီ နာရီဝက်မှ တနာရီခန့်အလိုတွင် ၇၅ မီလီဂရမ်ကို တကြိမ်သောက်ရမည်။ အများဆုံးသောက်နိုင်သော ပမာဏမှာ တနေ့လျှင် ၁၅၀ မီလီဂရမ် ဖြစ်ပါသည်။၁၄ရက်ထက်ပို၍ မသုံးစွဲရပါ။

    Apo Ranitidine (အပို ရန်နီတီဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    apo ranitidine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • Apo ranitidine ဆေးပြား ၁၅၀ မီလီဂရမ်။

    Apo ranitidine ဆေးတောင့် ၃၀၀ မီလီဂရမ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Apo ranitidine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement