backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Aminoplasmal (အမိုင်နိုပလက်စမာ)


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုနည်း

Aminoplasmal ကို မည်သည့်အကြောင်းအရာ များအတွက် အသုံးပြုကြပါသလဲ။

Aminoplasmal 10% solution တွင် ခန္ဓါကိုယ်ကြီးထွားစေသော ၊ ပြန်လည် နာလန်ထူစေသော အမိုင်နိုအက်ဆစ် ဟုခေါ်သော အသားဓါတ် ပါဝင်ပြီး ဆေးသွင်းပိုက်မှ တဆင့် သွေးပြန်ကြောထဲသို့ သွင်းရသောအရည်ဖြစ်သည်။

Aminoplasmal ကို အစားပုံမှန်မစားနိုင်သောသူတွင် ပေးလေ့ရှိသည်။ ဒီဆေးကို ပေးသောအခါတွင် သင်သည် ဂလူးကိုစ့် နှင့် အခြားအဆီဓါတ်များကိုပါ လက်ခံရရှိမှာ ဖြစ်ပါတယ်။ ၂နှစ်အထက် ကလေးများနှင့် လူကြီးများတွင် အသုံးပြုနိုင်ပါ သည်။

အသုံးပြုနည်း နှင့် သိမ်းဆည်းနည်း

Aminoplasmal ကို ဘယ်လိုသုံးသင့်ပါသလဲ။

ဆရာဝန် သို့ ဆေးဝါးကျွှမ်းကျင်သူ မှ ညွှန်ကြားထားသည့် အတိုင်း အသုံးပြုသင့်ပါသည်။ အကယ်၍ သင်မရှင်းတာ ရှိသော် ဆရာဝန် သို့ ဆေးဝါးကျွှမ်းကျင်သူ နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Aminoplasmal ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထား သင့်ပါသလဲ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ နဲ့ ဝေးရာမှာထားပါ။ ဆေးဘူးတွင် ဖော်ပြထားသော ကုန်ဆုံးရက်ကျော်လျှင် မသုံးပါ နှင့်။ ဆေးကိုတိုက်ရိုက် နေရောင်ခြည်မထိုးအောင်နှင့် ရေမခဲအောင် ကတ်ထူပုံးတွင်သိမ်းဆည်းပါ။ ဆေးသွင်းပြီး ကျန်သောဆေးရည်များကိုနောက်တစ်ကြိမ် ပြန်မသုံးပါနှင့်။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Aminoplasmal ကိုမသုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါ အခြေအနေများ ရှိလျှင် Aminoplasmal 10% solution အကြောဆေး သွင်းခြင်း ကို မသုံးပါနှင့်။

  • ဆေးရှိ ပါဝင်ပစ္စည်းနှင့် ဓါတ်မတည့်သောသူ
  • ပရိုတင်း နှင့် အမိုင်နိုအက်ဆစ် ဇီဝဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းမှု ပြဿနာရှိသောသူ
  • ဆိုးဆိုးရွားရွား သွေးဖိအား ကျဆင်း ကာ ရှော့ခ် ရနေသောသူ
  • အောက်ဆီဂျင် လုံလောက်စွာ မရရှိသောသူ
  • သွေးတွင်း အက်စစ်ဓါတ်များသောသူ
  • အသည်းရောဂါရှိသူ
  • ကျောက်ကပ်ရောဂါရှိသူ
  • အဆုတ်တွင် အရည်စုနေသောသူ
  • ခြေလက် ဖောရောင်နေသောသူ
  • နှလုံးစွမ်းဆောင်ရည်ကျဆင်းပြီး သွေးလည်ပတ်မှု စနစ် ဆိုးဆိုးရွားရွား ထိခိုက်နေသောသူ
  • Aminoplasmal ဆေး ကိုမွေးကင်းစကလေးငယ် နှင့် ၂နှစ်အောက် ကလေးငယ်များတွင်မသုံးရပါဘူး။ ထိုအသက်အရွယ်များရဲ့ အာဟာရ လိုအပ်ချက် နှင့်မကိုက် ညီသောကြောင့်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်ချိန်တွင်စိတ်ချရပါသလား။

    ဆေးမသွင်းမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများ အားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက် ဆိုးကျိုးများ

    Aminoplasmal က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

    ဒီဆေးသည် အခြားသောဆေးများကဲ့သို့ ဆိုးကျိုးများရှိပါသည်။ သို့သော် လည်း လူတိုင်းတွင်မဖြစ်နိုင်ပါဘူး။ အောက်ဖော်ပြပါဆိုးကျိုး များ သည် Aminoplasmal မှမဟုတ်ဘဲ အခြားအကြောဆေး သွင်း လျှင်လည်းဖြစ်နိုင်ပါသည်။ ပြင်းထန်လျှင် ဆရာဝန်ကို ချက်ချင်းပြောသင့်ပါသည်။ ဆိုးကျိုးများမှာ

    • ဆေးနှင့်ဓါတ်မတည့်ခြင်း
    • အန်ခြင်း
    • ခေါင်းကိုက်ခြင်း
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း တို့ဖြစ်ပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    အထက် ဖော်ပြပါဘေးထွက် ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

    ဆေးဝါးဓါတ်ပြုမှုများ

    ဘယ်ဆေးဝါးတွေက Aminoplasmal နဲ့ ဓါတ်ပြုမှုတွေဖြစ် နိုင်သလဲ။

    Aminoplasmal ဆေးဟာ သင်အခုလောလောဆယ်သောက် သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ် တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထား ပါ။ (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေအားလုံးပါဝင်ပါတယ်။)

    အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Aminoplasmal နဲ့ ဓါတ်ပြုနိုင်ပါသလား။

    Aminoplasmal က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်လိုကျန်းမာရေးအခြေအနေတွေက Aminoplasmal နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

    Aminoplasmal ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

    ဆေးသောက်သုံးရန်အညွှန်း

    ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသွင်းခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

    အရွယ်ရောက်ပြီးသူတွေမှာ Aminoplasmal ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

    အသက်၁၄နှစ်မှ ၁၇နှစ် အရွယ် အတွက် တစ်ရက်တာအတွက် လိုအပ်သောပမာဏကို ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ ပုံမှန်အားဖြင့် တစ်ရက်ကို10-20ml/kg/day နှုန်းဖြင့် ပေးပါသည်။ တစ်နာရီကို 1ml/kg/hr နှုန်းထက် မပိုရပါဘူး။

    ကလေးငယ်တွေမှာ Aminoplamal ကို သွင်းရမယ့် အချိုးအစားက ဘယ်လောက်လဲ။

    အသက်၂နှစ်မှ ၁၃ နှစ် အထိ အသုံးပြုသော ပမာဏကို အောက်တွင် ဖော်ပြထားသည်။

    ကလေး၏ အသက်၊ အာဟာရပြည့်ဝမှု နှင့် ရောဂါပေါ်မူတည်၍ အချိုးအစားပြောင်းလဲနိုင်ပါသည်။

    အကြမ်းဖျင်းအားဖြင့်

    ၂-၄နှစ် – 15ml/kg/day

    ၅-၁၃နှစ် – 10ml/kg/day

    ဆေးပေးသော နှုန်းမှာ တစ်နာရီကို 1ml/kg ထက် မကျော်ရပါဘူး။

    Aminoplasmal ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ ရရှိနိုင်မလဲ။

    Aminoplasmal ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • Aminoplasmal 10% solution ကို 250ml ၊ 500ml၊ 1000ml ပုံစံနှင့်ရနိုင်ပါသည်။

    အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေ အနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွား ရောက်ကုသမှုခံယူပါ။

    ဆေးသွင်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Aminoplasmal ကို အသုံးပြုဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသွင်းပါ။ သို့သော်လည်း နောက်တစ်ကြိမ်သွင်းရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သွင်းပါ။ ဆေးပမာဏကို နှစ်ဆတိုးသွင်းတာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement