backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Aminophylline (အမိုင်နိုဖိုင်လင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Aminophylline (အမိုင်နိုဖိုင်လင်း)

အသုံးပြုနည်း

Aminophylline (အမိုင်နိုဖိုင်လင်း)ကို ဘာအတွက်အသုံးပြုကြသလဲ

Aminophylline (အမိုင်နိုဖိုင်လင်း)ကို ပန်းနာရင်ကျပ်၊ နာတာရှည် လေပြွန်ရောင်ရောဂါ၊ လေအိတ်ကျယ်ရောဂါနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ မောတာ၊ အသက်ရှူရခက်တာတွေကို ကာကွယ်ကုသဖို့ သုံးပါတယ်။ ဒီဆေးက အဆုတ်ထဲမှာ ရှိတဲ့ လေပြွန်တွေကို ပြေလျော့စေတာကြောင့် အသက်ရှူရလွယ်စေပါတယ်။

Aminophylline (အမိုင်နိုဖိုင်လင်း)ကို တစ်ခါတလေမှာ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးလေးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကို သက်သာစေဖို့ အသုံးပြုတာမျိုး ရှိပါတယ်။ ကလေးရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒီဆေးကို အသုံးပြုမယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကို ဆရာဝန်တွေနဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။

Aminophylline ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Aminophylline (အမိုင်နိုဖိုင်လင်း)ကို သောက်ဆေးပြား အနေနဲ့ ရရှိနိုင်သလို ထိုးဆေးရည် အနေနဲ့လည်း ရရှိနိုင်ပါတယ်။ သောက်ဆေးပြားကို ဝါးစားတာ၊ ချိုးခြေတာမျိုး မလုပ်ဘဲ သောက်သုံးပေးပါ။ ဆေးပြားကို အစား နဲ့ တွဲပြီး သောက်ပေးလို့ ရသလို အစာမပါဘဲ သောက်ပေးလို့လည်း ရပါတယ်။ ဆေးကို ရေတစ်ခွက်နဲ့ အလုံးလိုက် သောက်ပေးလို့ ရပါတယ်။

ထိုးဆေးရည်ကိုတော့ လိုင်စင်ရ ဆရာဝန်ကို ထိုးခိုင်းတာမျိုး လုပ်ဆောင်ရပါမယ်။

Aminophylline (အမိုင်နိုဖိုင်လင်း) ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Aminophylline ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Aminophylline အသုံးမပြုခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • aminophylline ဒါမှမဟုတ် အခြားသော xanthine-derivatives (ဥပမာ – ကဖင်း နဲ့  theophylline) တို့နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင်
  • အခြား ဆေးဝါးတွေ၊ အစားအစာတွေ နဲ့ အခြားသော အရာတွေနဲ့ ဓာတ်မတည့်တာမျိုး ရှိဖူးမယ်ဆိုရင်
  • အခြားဆေးတွေ သောက်သုံးရမယ်ဆိုရင်
  • ရောဂါအခံတွေ ရှိမယ်ဆိုရင်
  • ဆေးလိပ်သောက်သုံးသူ ဖြစ်မယ်ဆိုရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

နို့တိုင်မိခင်တွေမှာဆိုရင် ဒီဆေးက မိခင်နို့ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးနို့တိုက်နေချိန်မှာ ဒီဆေးကို သောက်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ဖြစ်နိုင်ခြေတွေကို သိရှိနားလည်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။

ဘေးထွက်ဆိုးကျိုးများ

Aminophylline က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဗိုက်နာတာ
  • ဗိုက်အောင့်တာ
  • ဝမ်းပျက်ဝမ်းလျှောတာ
  • ခေါင်းကိုက်တာ
  • အကြောလိုက်တာ
  • ညဘက် အိပ်မပျော်တာ
  • ခြေကုန်လက်ပမ်းကျတာတွေ ခံစားရနိုင်ပါတယ်။

ဖြစ်ခဲတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အော့အန်တာ
  • မိုက်ခနဲ မူးတာ
  • ရင်ဘတ်ထဲက အောင့်တာ
  • ရင်တုန်တာ
  • နှလုံးစည်းချက် မမှန်တာ
  • အတက်ရောဂါ
  • အရေပြား အင်ပြင်ထွက်တာတွေ ခံစားရနိုင်ပါတယ်။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ တကယ်လို့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် ဆေးသောက်တာကို ချက်ချင်းရပ်လိုက်ပါ။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Aminophylline (အမိုင်နိုဖိုင်လင်း)နဲ့ ဓာတ်ပြုနိုင်သလဲ

Aminophyllineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Aminoglutethimide
  • Carbamazepine
  • Moracizine
  • Phenytoin
  • Rifampicin, isoniazid
  • Sulfinpyrazone
  • Barbiturates
  • Allopurinol
  • Carbimazole
  • Cimetidine
  • Ciprofloxacin, norfloxacin, ofloxacin
  • Clarithromycin, erythromycin
  • Diltiazem, verapamil
  • Disulfiram
  • Fluconazole, thiabendazole
  • Interferon
  • Methotrexate
  • Mexiletine
  • Oxpentifylline
  • Propafenone
  • Propranolol
  • တားဆေး သောက်ဆေး

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Aminophylline (အမိုင်နိုဖိုင်လင်း) နဲ့ ဓာတ်ပြုနိုင်ပါသလား။

ဒီဆေးက အစားအစာတွေ၊ သဘာဝသစ်ဥသစ်ဖုတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ St. John’s wort က aminophyllineကို ကိုယ်တွင်းက မြန်မြန် ဖယ်ရှားလိုက်နိုင်ပါတယ်။  ကင်ထားတဲ့ အစားအစာတွေ (ဥပမာ – ဘာဘီကျူးတွေ) က ဆေးရဲ့ အာနိသင်ကို ထက်ဝက်လောက် လျော့ကျစေပြီး ထိရောက်မှု အားနည်းစေပါတယ်။

ဒီဆေးကို အရက်နဲ့ တွဲသောက်မယ်ဆိုရင် ထိရောက်မှု အားနည်းနေနိုင်တာကြောင့် ဆေးကို အရက်နဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။

မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Aminophylline (အမိုင်နိုဖိုင်လင်း) နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Aminophylline ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အတက်ရောဂါ
  • နှလုံးရောဂါ
  • သိုင်းရွိုက် အလုပ်မလုပ်တာ၊ အရမ်း အလုပ်လုပ်တာ
  • သွေးတိုးတာ
  • အသည်းရောဂါ
  • အရက်သေစာ အလွဲသုံးတာတွေပါ။

တကယ်လို့ အချို့သော ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးပါ။

ဆေးသောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်သူတွေ သောက်သုံးရမယ့် ဆေးပမာဏ

ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာနဲ့ လေအိတ်ကျယ်ရောဂါအတွက်

အရွယ်ရောက်ပြီးသူ၊ ဆယ်ကျော်သက်နဲ့ အသက် ၁ နှစ်အထက် ကလေး ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ်ထက် ပိုတဲ့ကလေးငယ်တွေအတွက် 

စစသောက်ခြင်းမှာ တစ်နေ့ကို 380 milligrams (mg) ကို ၆ နာရီကနေ ၈ နာရီ ခြားပြီး အကြိမ်ရေ ခွဲ သောက်ပေးရပါမယ်။ ဆရာဝန်က ဆေးပမာဏကို လိုအပ်သလို ချိန်ညှိပေးမှာပါ။ အများဆုံး သောက်သုံးလို့ရတဲ့ ဆေးပမာဏကတော့ တစ်နေ့ကို 760 mg ထက် မပိုရပါဘူး။

သက်ကြီးလူနာများ အတွက်

ဆရာဝန်က ဆေးပမာဏကို လိုအပ်သလို ချိန်ညှိပေးပါလိမ့်မယ်။ ဆေးပမာဏကတော့ တစ်နေ့ကို  507 milligrams ထက် မပိုရပါဘူး။ ဆေးကို ကို ၆ နာရီ ကနေ ၈ နာရီ ခြားပြီး အကြိမ်ရေ ခွဲ သောက်ပေးရပါမယ်။

ကလေးငယ်တွေ သောက်သုံးရမယ့် ဆေးပမာဏ

ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာနဲ့ လေအိတ်ကျယ်ရောဂါအတွက်

အသက် ၁ နှစ်အထက် ကလေး ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ်ထက် ပိုတဲ့ကလေးငယ်တွေအတွက် 

စစသောက်ခြင်းမှာ တစ်နေ့ကို 380 milligrams (mg) ကို ၆ နာရီ ကနေ ၈ နာရီ ခြားပြီး အကြိမ်ရေ ခွဲ သောက်ပေးရပါမယ်။ ဆရာဝန်က ဆေးပမာဏကို လိုအပ်သလို ချိန်ညှိပေးမှာပါ။ အများဆုံး သောက်သုံးလို့ရတဲ့ ဆေးပမာဏကတော့ တစ်နေ့ကို 760 mg ထက် မပိုရပါဘူး။

ကလေးငယ်နဲ့ ဆယ်ကျော်သက် ၁ နှစ် ကနေ ၁၅ နှစ်အတွင်း ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ်ထက် နည်းမယ်ဆိုရင် 

ဆေးပမာဏကို ကိုယ်အလေးချိန်ပေါ်ကို မူတည်ပြီး ဆရာဝန်က ချိန်ညှိပေးပါလိမ့်မယ်။ စစချင်းမှာ ဆေးပမာဏကို ကိုယ်အလေးချိန်ကို လိုက်ပြီး တစ်နေ့ကို 15.2 to 17.7 milligrams (mg) per kg တိုက်ပေးရပါမယ်။ ဆေးကို ၄နာရီ ကနေ ၆ နာရီ ခြားပြီး အကြိမ်ရေ ခွဲ သောက်ပေးရပါမယ်။ ဆေးပမာဏက အများဆုံး အနေနဲ့ တစ်နေ့ကို 25.3 mg per kg ဒါမှမဟုတ် 760 mg ထက် မပိုရပါဘူး။

တစ်နှစ်အောက် ကလေးငယ်လေးတွေ

ဆရာဝန်ညွှန်းတဲ့အတိုင်း အသုံးပြုပေးပါ။

Aminophylline (အမိုင်နိုဖိုင်လင်း) ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Aminophylline ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြား 10 mg
  • ထိုးဆေးရည် 25 mg/mL

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Aminophyllineကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ− Dr . Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement