Pepto-Bismol
ဆေးညွှန်းမလိုဘဲ ဝယ်လို့ရတဲ့ နှစ်ပေါင်းများစွာ ကြာအောင် ထင်ရှားခဲ့တဲ့ ဝမ်းလျှော ပျောက်ဆေးတစ်မျိုးကတော့ Pepto-Bismol ပဲဖြစ်ပါတယ်။ သူဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ antacid တစ်မျိုးပဲဖြစ်ပါတယ်။ ဒီဆေးမှာ bismuth subsalicylate လို့ ခေါ်တဲ့ အရာပါဝင်ပါတယ်။ ဒီအရာဟာ အစာအိမ်နဲ့ အူအတွင်းပိုင်းကို ကာရံလိုက်ပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။
Pepto-Bismol ကို ဆေးရည်ပုံ၊ ဝါးစားနိုင်တဲ့ ဆေးပြားပုံနဲ့ သောက်ဆေးပုံစံမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ရုတ်တရက်ဖြစ်တဲ့ ဝမ်းလျှောမှုမျိုးမှာပဲ အသုံးဝင်ပါတယ်။ နာတာရှည် ဝမ်းလျှောတာဆိုရင်တော့ သူ့ထက် ပြင်းတဲ့ ဆေးမျိုးကို သုံးသင့်ပါတယ်။
Pepto-Bismol ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ခဏတာ လျှာအရောင်ရင့်လာခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ ကလေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ပိုပြီး ခံစားရလေ့ရှိပါတယ်။ တုတ်ကွေး (သို့) ရေကျောက်ကနေ ပြန်ကောင်းလာတဲ့ ကလေးတွေကို Pepto-Bismol မပေးသင့်ပါဘူး။ ဒါဟာ သူတို့ိုကို Reye’s Syndrome (ဦးနှောက် နဲ့အသည်းရောင် ဖောရောင်စေတဲ့ ရှားပါးသော ပြင်းထန် အခြေအနေတစ်ခု) ဖြစ်စေနိုင်လို့ပါ။ Aspirin (သို့) အခြား Salicylate ဆေးတွေ မတည့်တဲ့ လူနာတွေကိုလည်း Pepto-Bismol မပေးသင့်ပါဘူး။
Smecta
Smecta ဟာ သူ့ရဲ့ အမြှေးပါးကာကွယ်နိုင်စွမ်းရည် ကြောင့် ဝမ်းလျှောရောဂါနဲ့ လူကြီးတွေမှာ ဖြစ်သော irritable bowel syndrome၊ ကလေးတွေမှာဖြစ်တဲ့အစာအိမ်တွင်းမှ အစာများ အစာမျိုပြွန်သို့ပြန်ဆန်တက်သောအခြေအနေတို့အတွက် ထင်ရှားတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေးဟာ အူနံရံကို ကာရံပေးဖို့အတွက် အစွမ်းထက်ပါတယ်။ ချွဲတွေမှာပါတဲ့ glycoproteins တွေနဲ့ ဓါတ်ပြုပြီးတော့ smecta ဟာ ရန်လိုတဲ့ အရာတွေကို ခုခံဖို့ အမြှေးပါးတွေရဲ့ ခုခံအားကို တိုးမြှင့်ပေးပါတယ်။
သူ့ရဲ့ အူနံရံကို ကာကွယ်ပေးနိုင်ပြီး သေချာပေါင်းစည်းနိုင်တဲ့ စွမ်းအင်ကြောင့် Smecta ဟာ အူနံရံကို ကာကွယ်ပေးပါတယ်။ သူဟာ ပုံမှန် သောက်သုံးတဲ့ပမာဏနဲ့ဆိုရင် အစာတွေ အူထဲမှာ ကြာချိန်ကို အကျိုးသက်ရောက်မှု မရှိသလို မစင်ကိုလည်း အရောင်မပြောင်းစေပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။