backup og meta

စိတ်ငြိမ်ဆေး၊ ထုံဆေး၊ မေ့ဆေးတို့ရဲ့ လုပ်ထုံးလုပ်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ငြိမ်ဆေး၊ ထုံဆေး၊ မေ့ဆေးတို့ရဲ့ လုပ်ထုံးလုပ်နည်းများ

    ပြီးခဲ့တဲ့နှစ်တွေမှာ ခွဲစိတ်ခန်းအပြင်ဘက်နေရာတွေမှာ စိတ်ငြိမ်ဆေး၊ ထုံဆေး၊ မေ့ဆေးတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ (procedural sedation and anesthesia) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါပြီ။ လူနာတော်တော်များများအတွက် ရောဂါရှာဖွေခြင်း၊ သွားရောဂါကုသခြင်းလိုမျိုး ကုသမှုတွေမှာ စိတ်ငြိမ်ဆေးလိုအပ်ပါတယ်။ Procedural sedation and anesthesia က လူနာတွေရဲ့ စိုးရိမ်မှု၊ နာကျင်မှု၊ မသက်မသာဖြစ်မှုကို ကြားဝင်ဖြေရှင်းပေးပါတယ်။

    Procedural sedation ဆိုတာ ဘာလဲ။

    အသေးစားကုသမှုတွေအတွက် Procedural sedation မှာ ဆရာဝန်တွေဟာ လူနာတွေရဲ့ စိုးရိမ်မှု၊ သတိရှိမှုနဲ့ မသက်မသာဖြစ်မှုတွေကို လျှော့ချပေးဖို့ ဆေးဝါးတွေကို ပေါင်းစပ်အသုံးပြုရပါတယ်။ ဒီလို အခြေအနေတွေမှာ သင်ဟာ သတိရှိရင်လဲ ရှိမယ်၊ မရှိတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် American College of Emergency Physicians (ACEP) အရ သင့်ရဲ့ အောက်ဆီဂျင်နဲ့ လေအဝင်အထွက်ကို သီးသန့် ထိန်းသိမ်းပေးထားပါတယ်။

    Procedural sedation anesthesia ရဲ့ ရည်မှန်းချက်များ

    ဆရာဝန်တွေဟာ အများအားဖြင့် အောက်ပါ ရည်မှန်းချက်တွေအတွက် procedural sedation ကို အသုံးပြုကြပါတယ်။

    • သင့်အတွက် ဘေးကင်းတဲ့ ကုသမှု ဖြစ်အောင် ပြုလုပ်ပေးပါတယ်။
    • ရောဂါရှာဖွေမှု၊ သွားရောဂါကုသမှု ဒါမှမဟုတ် အရေးပေါ်ကုသမှုတွေလို ကျန်းမာရေးကုသမှုတွေမှာ နာကျင်မှု၊ မသက်မသာဖြစ်မှုတွေကို လျော့ပါးစေပါတယ်။
    • သင့်ရဲ့ခံစားမှုနဲ့ အပြုအမူတွေကို ထိန်းချုပ်မှု ရှိစေပါတယ်။
    • တတ်နိုင်သမျှ မြန်မြန် နေပြန်ကောင်းအောင် ကူညီပေးပါတယ်။

    ဘယ်လိုအချိန်မှာ procedural sedation ကို အသုံးပြုရမလဲ။

    Procedural sedation ကို အချိန်အနည်းငယ်သာကြာပေမယ့် နာကျင်မှု၊ မသက်မသာဖြစ်စေတတ်တဲ့ ကုသမှုအချို့မှာ အသုံးပြုဖို့ အကြံပြုကြပါတယ်။ ဒါတွေကတော့

  • ခြေဖဝါး၊ အရေပြား ခွဲစိတ်တာ၊ အရိုးကျိုးတာကို ပြန်ဆက်တာလိုမျိုး အသေးစားခွဲစိတ်မှု
  • Plastic Surgery
  • အစာအိမ် သို့မဟုတ် ရင်သား ရောဂါရှာဖွေခြင်း
  • ပြင်ပအရာများ ဖယ်ရှားခြင်း
  • သွားရောဂါ ကုသမှု အချို့
  • ဘေးအန္တရာယ်များ

    လူတစ်ဦးတစ်ယောက်ဆီရဲ့ sedating agent အပေါ် တုံ့ပြန်မှုတွေက ကွဲပြားပါတယ်။ လက်ရှိအချိန်မှာ အဓိကအနေနဲ့ ဘေးကင်းမှုကို ပေးနိုင်သော်လည်း procedural sedation မှာ anesthesia ရဲ့ ဘေးဥပဒ်အားလုံး ဖြစ်နိုင်ချေ ရှိပါတယ်။ ဆေးပမာဏများသွားပါက အသက်ရှုခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာ ဖြစ်ပေါ်နိုင်ပါတယ်။

    ကြိုတင်ပြင်ဆင်မှုနဲ့ ဆက်လက်စောင့်ရှောက်မှု

    Procedure မပြုလုပ်ခင်

    • Procedure မပြုလုပ်ခင် ၁ပတ် ၂ပတ်မှာ
    • သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူကို သင့်မှာ ကိုယ်ဝန်ရှိတာလိုမျိုး အထူးကျန်းမာရေး အခြေအနေရှိမရှိကို အသိပေးသင့်ပါတယ်။
    • အကယ်၍ သင်က ဆေး ဒါမှမဟုတ် အလုပ်အတွက်အစားအစာ တို့ကို မှီဝဲနေတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူကို ပြောပြပါ။

    သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူက သင့်ရဲ့အခြေအနေပေါ် မူတည်ပြီး သင့်ရဲ့ procedural sedation အတွက် အကောင်းဆုံး အကြံကိုပေးပါလိမ့်မယ်။

    • Procedure မတိုင်ခင် ရက်ပိုင်းအတွင်းမှာ
    • အကယ်၍ သင်က ဆေးလိပ်နဲ့ အရက်ကို သောက်သုံးပါက သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူက procedure မလုပ်ခင်ကနေ လုပ်ပြီးတဲ့အထိ မသောက်ဖို့ ပြောပါလိမ့်မယ်။ ဆေးလိပ်နဲ့ အရက်ဆိုတာ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားခြင်းကို မြင့်တက်စေပါတယ်။
    • ဓါတ်မတည့်မှု (allergy) ရှိရင်လည်း ပြောပြထားရပါမယ်။
    • သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူက သင့်ကို ဘာတွေကို ဘယ်လိုစားသောက်ရမလဲဆိုတဲ့ ညွှန်ကြားချက် ထုတ်ပေးပါလိမ့်မယ်။
    • သွေးစစ်ဆေးမှုလို စစ်ဆေးမှုတွေလုပ်ဖို့ အကြံပြုပါလိမ့်မယ်။
    • Procedure လုပ်တဲ့နေ့မှာ
    • သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူ ညွှန်ကြားထားတဲ့အတိုင်း စားတာသောက်တာ မလုပ်ဖို့ အမှတ်တရရှိပါ။
    • သူနာပြုက သင့်သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါလိမ့်မယ်။

    Procedure ပြီးနောက်

    • Procedural sedation လုပ်ပြီးနောက် မောပန်းတာ၊ ခေါင်းကိုက်တာ၊ အစာအိမ်မှာ မသက်မသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒါတွေဟာ ပုံမှန်ဖြစ်စဉ်ပါပဲ။ သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူက အခြေအနေကို ထိန်းချုပ်ပေးပါလိမ့်မယ်။
    • အကယ်၍ သင်က ပြင်ပလူနာဖြစ်မယ်ဆိုရင် procedure ပြီးတဲ့နောက် တစ်ယောက်ယောက်က သင့်ကို အိမ်ပြန်ပို့ပေးသင့်ပါတယ်။
    • ကျန်းမာစေတဲ့ အစားအစာတွေ စားပါ။
    • ကားမမောင်းပါနဲ့။ အရက်၊ ဆေးလိပ်မသောက်ပါနဲ့။

    Procedure ပြီးနောက် သင့်ကိုယ်ခန္ဓါကိုယ်ကို ဂရုစိုက်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။

    Procedural sedation ဆိုတာ ကုသတဲ့နေရာမှာ လူနာတွေအတွက် နာကျင်တာ၊ မသက်မသာတာတွေ မဖြစ်စေတဲ့ ဘေးကင်းသော နည်းလမ်းတစ်ခုပါ။ သူက general anesthesia ရဲ့ တခြားနည်းလမ်းတစ်ခုပါ။ procedure ပြီးတဲ့နောက်မှာ သင့်ကို မြန်မြန်သက်သာလာစေဖို့နဲ့ သင့်ပုံမှန်နေ့စဉ်ဘဝထဲ ပြန်လည်ရောက်ရှိဖို့ ကူညီပေးနိုင်ပါတယ်။ ဘေးအန္တရာယ်ရှိပေမယ့်လည်း ဆရာဝန်ရဲ့ အကြံဉာဏ်ကို လိုက်နာမယ်ဆိုရင် ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement