သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဝမ်းချုပ်နေတဲ့အချိန် ဒါတွေစားရင် ပိုဆိုးစေနိုင်တယ်

ဝမ်းချုပ်နေတဲ့အချိန် ဒါတွေစားရင် ပိုဆိုးစေနိုင်တယ်

နို့ထွက်ပစ္စည်း

မကြာခဏဝမ်းချုပ်တတ်တယ်ဆိုရင် အစားအသောက်ရွေးတဲ့နေရာမှာ ဂရုစိုက်ပေးပါ။ ဥပမာ ချိစ်နဲ့နွားနို့စားတာများလွန်းရင် ဝမ်းချုပ်တတ်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို လုံးဝရှောင်စရာမလိုပါဘူး။ ဒီလိုအချိန်မှာ နည်းနည်းလျှော့စားဖို့ပဲလိုတာပါ။ အစာခြေစနစ်အတွက်ကောင်းတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတဲ့ ဒိန်ချဉ်ကိုရွေးချယ်တာကောင်းပါမယ်။

အသင့်အမြန်စား အစားအစာတွေ

အလုပ်တွေများလို့ လမ်းမှာအလွယ်စား၊ ဝယ်စားတတ်တာလား။ ရယ်ဒီမိတ်အစားအစာတွေက အဆင်ပြေလွယ်ကူတယ်၊ အချိန်ကုန်သက်သာတယ်ဆိုပေမယ့် ဆိုးကျိုးတွေကရှိနေပါတယ်။ သူတို့တွေအများစုက အစာခြေစနစ်နဲ့ဝမ်းမှန်စေဖို့အထောက်အကူပြုတဲ့ အမျှင်ဓါတ်တွေနည်းပါးပြီး ကျန်းမာရေးနဲ့မညီတဲ့အချက်တွေများပါတယ်။

အကြော်အလှော်

ကြက်ကြော်၊ အာလူးကြော်စတဲ့ ဆီကြော်အစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ အကြော်အလှော်တွေက အဆီများပြီးချေဖျက်ဖို့ခက်ခဲပါတယ်။ ဒီအစားအစာတွေက အူမကြီးထဲရွေ့လျားမှုနှေးစေပြီး သူ့ကို ဝမ်းအဖြစ်စွန့်နိုင်ဖို့ရေများများသောက်ဖို့လိုပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်ပြီး စမြင်းတုံးဖြစ်စေပါလိမ့်မယ်။

ကြက်ဥ

ကြက်ဥက ပရိုတင်းများတယ်ဆိုပေမယ့် အမျှင်ဓါတ်နည်းပါတယ်။ ဝမ်းချုပ်ချိန်မှာ သူ့ကိုအများကြီးမစားသင့်ပါဘူး။ လုံးဝရှောင်ရမှာမဟုတ်ဘူးနော်။ သူ့ကို အမျှင်ဓါတ်များတဲ့တခြားအစားအစာတွေနဲ့ရောပြီးစားလို့ရတယ်။

ပရိုတင်းနဲ့အဆီပါဝင်မှုများပြီး အမျှင်ဓါတ်မပါတဲ့အတွက် အသီးအရွက်အစားနည်းပြီးအသားစားများသူတွေအတွက် ဝမ်းပိုချုပ်စေပါတယ်။ အသားကို ပန်းဂေါ်ဖီစိမ်းလို အမျှင်ဓါတ်များတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ မျှတအောင်စားရင်တော့ပြဿနာမရှိပါဘူး။

ပေါင်မုန့်

ပေါင်မုန့်ချည်းပဲစားတာများရင်လည်း ဝမ်းတွေမာကျစ်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ အမျှင်ဓါတ်နည်းတဲ့ ဂျုံနုပေါင်မုန့်ဆိုရင် ပိုဆိုးတာမို့ အမျှင်ဓါတ်များတဲ့ ဂျုံကြမ်းပေါင်မုန့်တွေကိုရွေးချယ်ပါ။

ကဖင်း

တချို့ကကော်ဖီသောက်လိုက်မှ အိမ်သာသွားရတယ်တဲ့။ ဒါပေမယ့် ဆန့်ကျင်ဘက်သက်ရောက်မှုလည်းရှိနိုင်ပါတယ်။ကော်ဖီ၊လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေမှာပါတဲ့ ကဖင်းဓါတ်က များရင် ဝမ်းချုပ်စေနိုင်တယ်။ ဒါ့ကြောင့် ဝမ်းချုပ်နေပြီဆိုကော်ဖီကို တစ်ခွက်ထက်ပိုမသောက်ပါနဲ့။

အရက်

ကော်ဖီလိုပဲ အယ်လ်ကိုဟောကလည်း ခန္ဓါကိုယ်ကိုရေဓါတ်ခန်းခြောက်စေပြီး ဝမ်းပိုချုပ်စေပါတယ်။ အရက်နဲ့ဘီယာမဟုတ်တောင် ဝိုင်နဲ့ကော့တေးတို့လို အယ်လ်ကိုဟောပါတဲ့သောက်စရာတွေသောက်ပြီးရင်ရေများများသောက်ပေးပါ။

ဒီအချက်လေးတွေကို သတိနဲ့ယှဉ်ပြီး စားသောက်နေထိုင်တတ်ရင်တော့ ဝမ်းတစ်လုံးကောင်းပြီးခေါင်းမခဲစေတော့ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 24/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။