backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကဘာလဲ။

ချက်တစ်ဝိုက်အူကျွံခြင်းသည် ဝမ်းဗိုက်ကြွက်သားများရှိ ချက်အပေါက်အတွင်းသို့ အူအစိတ်အပိုင်း ထိုးဝင်လာခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။

မွေးကင်းစမှတစ်နှစ်သားများတွင် အဖြစ်မျာသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစမှတစ်နှစ်သားများတွင် ချက်တစ်ဝိုက်အူကျွံခြင်းသည် အထူးသဖြင့် မွေးကင်းစ ငိုရာမှ ချက်စူထွက်လာပြီး ကျွံခြင်းဖြစ်သည်။

ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်တစ်ဝိုက်တွင် မနာကျင်သော အဖုအနေဖြင့် ပေါ်လာပါသည်။ ရယ်ခြင်း ချောင်းဆိုးခြင်း ငိုခြင်း ဝမ်းညှစ်ခြင်း စသည့်အချိန်များတွင် ပိုဖောင်းလာပြီး လှဲလိုက်လျှင် စိတ်လျော့လိုက်လျှင် လျော့သွားတတ်ပါသည်။

ဖြစ်ရပ်အများအပြားတွင် ချက်တစ်ဝိုက်အူကျွံခြင်း ပြန်ဝင်သွားပြီး ကလေးတစ်နှစ်မပြည့်ခင် ကြွက်သားများ ပြန်ပိတ်သွားတတ်၏။ ချက်တစ်ဝိုက်အူကျွံခြင်းသည် လူကြီးများတွင်လဲ ဖြစ်ပွားနိုင်သည်။ ကုသမှုမခံယူပါက အချိန်ကြာသည်နှင့် ပိုဆိုးလာနိုင်၏။

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ချက်တစ်ဝိုက်အူကျွံခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်အနီးတွင် ပျော့သည့် အဖုအဖောင်းတစ်ခုကို ပေါ်လာစေသည်။ ကလေးတွင် ချက်တစ်ဝိုက်အူကျွံပါက ကလေးငိုသည့်အခါ ချောင်းဆိုးသည့်အခါ ညှစ်သည့်အခါတွင်မှ အဖုအဖောင်းကို သတိထားမိနိုင်သည်။ ကလေးငြိမ်သွားသည်နှင့်

သို့မဟုတ် လှဲသည်နှင့် အဖုသည် ပျောက်သွားနိုင်သည်။

ကလေးများတွင်ဖြစ်သော ချက်တစ်ဝိုက်အူကျွံခြင်းသည် များသောအားဖြင့် မနာကျင်တတ်ပါ။ လူကြီးများတွင်လည်း ချက်တစ်ဝိုက်အူကျွံခြင်း ဖြစ်နိုင်သည်။ လက္ခဏာများကမူ အတူတူပင်ဖြစ်သည်။ – ချက်အနီးတစ်ဝိုက်တွင် အဖုအဖောင်းပေါ်လာပြီး တစ်ခါတစ်ရံ အလွန်နာတတ်ပါသည်။ အရွယ်ရောက်ပြီးမှ ချက်တစ်ဝိုက်အူကျွံပါက ဗိုက်တွင် သက်တောင့်သက်သာ မရှိတတ်ပါ။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ကလေး နာကျင်ပုံပြလျှင်
  • ကလေး စအန်လာလျှင်
  • အဖုသည် ထိလျှင်နာလာကာ ရောင်ခြင်း သို့ အရောင်ပြောင်းခြင်းဖြစ်လာလျှင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ဝန်ဆောင်စဉ်တွင် ချက်ကြိုးသည် ကလေးဗိုက်ကြွက်သားများရှိ အပေါက်မှတစ်ဆင့် ဖြတ်ဝင်ရသည်ဖြစ်သည်။ ထိုအပေါက်သည် မီးဖွားပြီးနောက် ပိတ်သွား၏။ ဝမ်းဗိုက်အလယ်တွင် ကြွက်သားများ အပြည့်အ၀ မပိတ်ဘူးဆိုပါက ဝမ်းဗိုက်နံရံမှ ထိုအားနည်းသောနေရာသည် မွေးဖွားနေစဉ် သို့ နောက်ပိုင်းတွင် ချက်တစ်ဝိုက်အူကျွံခြင်း ကိုဖြစ်နိုင်သည်။ အဆီတစ်ရှူးများ သို့မဟုတ် အူအစိတ်အပိုင်းများ ချက်တစ်ဝိုက် နေရာလေးတွင် ကျွံပါက ချက်တစ်ဝိုက်အူကျွံခြင်းကိုဖြစ်စေပါသည်။

အရွယ်ရောက်ပြီးသူများတွင် ဝမ်းဗိုက်အတွင်း ဖိအားများခြင်းသည် ချက်တစ်ဝိုက်အူကျွံခြင်းကို ဖြစ်စေနိုင်သည်။ အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းများမှာ-

  • အဝလွန်ခြင်း
  • အမွှာကိုယ်ဝန်ရှိခြင်း
  • ဝမ်းဗိုက်ခေါင်းတွင် အရည်များရှိခြင်း (ရေဖျဉ်း)
  • ဗိုက်ခွဲဖူးခြင်း
  • Peritoneal dialysis အား အချိန်ကြာအောင် လုပ်နေခြင်း

ဖြစ်နိုင်ခြေများ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ချက်တစ်ဝိုက်အူကျွံခြင်းသည် ကလေးများတွင် အဖြစ်များ၏။ အထူးသဖြင့် လမစေ့သောကလေးများနှင့် ပေါင်ချိန်မပြည့်သော ကလေးများတွင် အဖြစ်များသည်။ လူမည်းကလေးများတွင် ချက်တစ်ဝိုက်အူကျွံခြင်း ဖြစ်နိုင်ချေ အနည်းငယ် ပိုမြင့်နိုင်ပါသည်။ ယောက်ျားလေး မိန်းကလေး ဖြစ်နှုန်းအတူတူပင် ဖြစ်သည်။

အရွယ်ရောက်ပြီးသူများအတွက် ဖြစ်ပွားနိုင်ချေမြင့်စေသည့်အချက်များမှာ –

  • အမျိုးသမီး
  • အဝလွန်ခြင်း
  • ကိုယ်ဝန်ခဏခဏဆောင်ခြင်း (နှစ်မွှာ၊ သုံးမွှာ)
  • ဗိုက်ခေါင်းထဲတွင် အရည်များရှိခြင်း
  • ဗိုက်ခွဲစိတ်ခြင်း
  • အချိန်ကြာမြင့်စွာ ချောင်းအလွန်ဆိုးခြင်း
  • အလေးအပင်များက မရာ ရွေ့ရာတွင် ညှစ်ထုတ်ရခြင်း
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ချက်တစ်ဝိုက်အူကျွံခြင်းရှိမရှိ ကလေး သို့ အရွယ်ရောက်ပြီးသူကို ဆရာဝန်မှ စမ်းသပ် စစ်ဆေးပါလိမ့်မည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ဗိုက်ထဲပြန်သွင်း၍ရမရ ဆရာဝန်မှ စမ်းပါလိမ့်မည်။ ကလေး သို့ အရွယ်ရောက်ပြီးသူတွင် အူပိတ်မိနေခြင်း သို့ ခေါက်နေခြင်း ရှိမရှိ စမ်းသပ်ပါမည်။ ပိတ်မိနေသော အူသည် သွေးထောက်ပံ့မှုမရဖြစ်သွားခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာဖြစ်သည်။

    ဗိုက်အား ဓါတ်မှန်ရိုက်ခြင်း အာထရာစောင်းရိုက်ခြင်း ပြုလုပ်ပြီး နောက်ဆက်တွဲပြဿနာများ ရှိမရှိ ဆုံးဖြတ်နိုင်ပါသည်။ ရောဂါပိုး ဝင်ခြင်းရှိမရှိ အထူးသဖြင့် အူပိတ်ခြင်း သို့ ခေါက်ခြင်းရှိလျှင် သွေးစစ်ခိုင်းနိုင်ပါသည်။

    Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကို ဘယ်လိုကုသပါသလဲ

    ကလေးများတွင်ဖြစ်သော ချက်တစ်ဝိုက်အူကျွံခြင်းအများစုသည် အသက် ၁-၂နှစ်တွင် အလိုလို ပိတ်သွားနိုင်ပါသည်။ ဆရာဝန်မှ စမ်းသပ်နေစဉ် ဗိုက်ထဲသို့ ပြန်ထည့်ရနိုင်သည်။

    သို့သော်လည်း ကိုယ်ကိုယ်တိုင် လုပ်မကြည့်ပါနှင့်။ တစ်ချို့လူများမှ အူကျွံနေသည့် အဖုပေါ် အကြွေစေ့တင်ထားပြီး ကုသနိုင်သည်ဟု ဆိုသော်လည်း မမှန်သည့်အပြင် ပိုးကူးစက်နိုင်ချေ ပိုများပါသည်။

    ကလေးများအတွက် ခွဲစိတ်ခြင်းကို အောက်ပါတို့ဖြစ်မှသာ လုပ်နိုင်ပါသည်။

    • နာခြင်း

    ၁.၅ စင်တီထက် ပိုကြီးလာခြင်း (လက်မဝက်ထက် အနည်းငယ်ပိုကြီးခြင်း)

    အသက် ၂ နှစ်အတွက်း အရွယ်အစားသေးမသွားပဲ ပိုကြီးလာခြင်း

    အသက် ၄ နှစ်ရောက်သည်အထိ ပျောက်မသွားခြင်း

    အူများ ပိတ်ခြင်း ခေါက်ခြင်း ဖြစ်သည့်အခါ

    အူသို့သွေးမလျှောက်တော့ခြင်း

    အရွယ်ရောက်ပြီးသူများတွင် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲများကို ရှောင်ရန်အတွက် ခွဲစိတ်ရန် အကြံပြုထားသည်။ အထူးသဖြင့် ချက်တစ်ဝိုက်အူကျွံခြင်းသည် ပိုကြီးပြီး ပိုနာလာသည့်အခါမျိုးတွင် ပိုလိုသည်။

    ခွဲစိတ်နေစဉ် ချက်အောက်ခြေတွင် သေးငယ်သော ခွဲစိတ်မှုလေး လုပ်မည်ဖြစ်သည်။ ကျွံနေသော တစ်ရှူးများကို ဝမ်းဗိုက်ခေါင်းထဲ ပြန်ထည့်ပြီး ဝမ်းဗိုက်နံရံအပေါက်အား ချုပ်ပိတ်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများတွင် ဝမ်းဗိုက်နံရံ သန်မာစေရန် စကာပေါက်ကို မကြာခဏ အသုံးပြုတတ်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ချက်တစ်ဝိုက်အူကျွံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ချက်တစ်ဝိုက်အူကျွံခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

    အဝလွန်နေလျှင် ဝိတ်လျော့ပါ။

    လေးပင်သည့်အရာများအာ မဖို့ ရွေ့ဖို့ မကြိုးစားပါနှင့်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement