backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ulcer (အနာဖြစ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ulcer (အနာဖြစ်ခြင်း) ကဘာလဲ။

Ulcer ဆိုတာဟာ အနာဖြစ်ခြင်း တစ်မျိုးပါ။ peptic ulcers ဆိုတာကတော့ အစာအိမ်နဲ့ duodenum လို့ခေါ်တဲ့ အူ အပေါ်ပိုင်း တွေမှာ အနာဖြစ်တာကို ခေါ်ပါတယ်။ အဲဒီ peptic ulcer တွေက အဖြစ်များပါတယ်။

Ulcer (အနာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အနာဖြစ်ခြင်းဟာ တော်တော် အဖြစ်များပါတယ်။ ဘယ်အသက်ရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ulcer (အနာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစာအိမ်၊အူအနာ ဖြစ်ခြင်းရဲ့ အဓိကရောဂါ လက္ခဏာတွေကတော့

  • အစာ စားသောက်နေချိန်မှာ ကောင်းနေပြီး စားပြီး ၁ နာရီ၊ ၂နာရီ ကြာမှ ဆိုးလာခြင်း၊နာခြင်း၊ မသက်မသာ ဖြစ်ခြင်း။( အူအပေါ်ပိုင်း အနာ)
  • အစားအစာ စား၊သောက်ရင် နာခြင်း (အစာအိမ်အနာ)
  • အစာအိမ်နာခြင်းကြောင့် ညဘက် အိပ်ပျော်နေတာတောင်နိုးလာရခြင်း။
  • ဗိုက်ပြည့်သလို ခံစားရခြင်း။
  • လေးလံတဲ့ခံစားချက်ဖြစ်ပေါ်ခြင်း၊ အစာအိမ်နားမှာ လောင်ကျွမ်းနေသလို(သို့) အနည်းငယ်နာကျင်ခြင်း။
  • အန်ခြင်း။
  • မမျှော်လင့်ဘဲ ကိုယ်အလေးချိန်ကျဆုံးခြင်း။

အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ulcer (အနာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အနာတွေဟာ ရောင်ယမ်းခြင်းတွေ၊ ရောဂါပိုးဝင်ခြင်းတွေကနေ ဖြစ်လာရပါတယ်။ တစ်ချို့သော အနာတွေက ကင်ဆာကြောင့်ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Ulcer (အနာဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အနာတွေကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့

  • ဘက်တီးယီးယား ရောဂါပိုးဝင်ခြင်း။
  • ကင်ဆာ။
  • ဆေးလိပ်သောက်ခြင်း။
  • အရက်သောက်ခြင်း။
  • အက်ဆစ်အများကြီး ပါတဲ့ အစားအစာတွေ စားသုံးခြင်း။
  • ကိုယ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေရှိနေခြင်း။
  • aspirin, ibuprofen (Motrin), naproxen (Aleve), ketoprofen (Actron, Orudis KT) စတဲ့ဆေးတွေနဲ့ အဆစ်နာခြင်းကိုကုသရန်အတွက် ဆေးတွေ ကဲ့သို့ ရောင်ယမ်းမှုကို သက်သာစေသောဆေးတွေ သောက်သုံးနေရခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ulcer (အနာဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါ အချက်အလက်တွေ သုံးပြီး ရောဂါ အမည်သတ်မှတ်နိုင်ပါတယ်။

  • သင့်မှာ ဖြစ်နိုင်တဲ့ ရောဂါ လက္ခဏာတွေအတွက် ခန္ဓါကိုယ် စစ်ဆေးခြင်း၊ ရောဂါ အခြေအနေ၊ ရောဂါနောက်ကြောင်း၊ သင့်မိသားစု ကျန်းမာရေး၊ သောက်သုံးနေရတဲ့ဆေးတွေ၊ နဲ့ ဓါတ်မတည့်မှုတွေနဲ့ အခြားပြသနာတွေရှိ၊ မရှိ စတာတွေကို စစ်ဆေးမေးမြန်းနိုင်ပါတယ်။
  • အစာအိမ် နဲ့ အူအပေါ်လမ်းကြောင်း စစ်ဆေးခြင်း။
  • မှန်ပြောင်းကြည့်ခြင်း။
  • pylori လို့ခေါ်တဲ့ ဘက်တီးယီးယားကို စစ်ဆေးဖို့ သွေးစစ်ဆေးချက်လုပ်ဆောင်ခြင်း။

Ulcer (အနာဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

  • pylori ဘက်တီးယီးယား ကြောင့်ဖြစ်တဲ့ အစာအိမ်၊ အူ အနာတွေကို ယေဘုယျအားဖြင့် ဆေး ပေါင်းစပ်ပြီး ကုသတဲ့နည်းနဲ့ ကုသနိုင်ပါတယ်။
  • များသောအားဖြင့် H.pylori ဘက်တီယီးယား ကို သတ်ဖို့ အတွက် ပိုးသတ်ဆေး နှစ်မျိုးကို နှစ်ပတ်အကြာ နေ့စဉ် သောက်သုံးရပါတယ်။
  • အက်ဆစ် တားဆေးများ။ (သို့) proton pump ကိုပိတ်တဲ့ဆေး တွေကို အက်ဆစ် ပမာဏ နည်းအောင် နဲ့ အနာကျက်နိုင်ဖို့ အတွက်အစာအိမ် နံရံတွေကို ကာကွယ်ပေးနိုင်အောင် ၂ လ၊ (သို့) ၂ လထက်ပိုပြီးပေးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း

အောက်ပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်သုံးဆေးနည်းတွေကို လိုက်နာခြင်းက သင့်ကို အစာအိမ်၊ အူအနာတွေကို ထိန်းချုပ်ပေးနိုင်အောင် ကူညီနိုင်ပါတယ်။

  • ဆေးလိပ်မသောက်ခြင်း။
  • Aspirin နဲ့ ibuprofen ကဲ့သို့သော အရောင် ကျ ဆေးတွေကို ရှောင်ခြင်း။
  • Caffeine နဲ့အရက် တွေကို ရှောင်ရှားခြင်း။ ( သို့မဟုတ် ဗိုက်ပြည့်နေချိန်မှ အနည်းငယ်သာသောက်သုံးပါ။)
  • စပ်တဲ့ အစားအစာတွေကို ရှောင်ပါ။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement