backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း)


Nadi မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကဘာလဲ။

ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် နှာတာရှည် ခဏခဏပြန်ဖြစ်သောရောဂါဖြစ်ပြိး နာကျင်ခြင်းကိုဖြစ်စေတတ်သည်။ အစောပိုင်းတွင် သင့်အရေပြားပေါ်ဝက်ခြံကဲ့သို့သောအဖုများပေါ်လာမည်။ ထိုအဖုများကပျံ့သွားပြီး ဝက်ခြံမပေါက်တတ်သောနေရာများတွင်ပင်ပေါ်လာသည်။

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တစ်ရာခါနှုန်းသောသူများတွင်နိုင်သည်။-သို့သော် အချို့သူများတွင်ရှက်သောကြောင့်ကုသမှုမခံယူခြင်းလည်းရှိနိုင်သည်။

လက္ခဏာများ

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် ဝက်ခြံနှင့်မတူသောအချက်က အရေပြားမည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ အဖြစ်အများဆုံးနေရာမှာ

ချိုင်းအောက်(တစ်ဖက်သို့မဟုတ် နှစ်ဖက်)

ပေါင်ခြံကြား(လိင်အဂါီၤ စအိုဘေးနား နှင့် ပတ်ဝန်းကျင်နေရာ)

ပေါင်

တင်ပါးအပေါ်

အမျိုးသမီးရင်သား(အောက်နှင့်တခါတရံရင်သားအပေါ်)

ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းစရှိပါက အောက်ပါတို့ကိုစသတိထားမိတတ်သည်။

တစ်ခု(သို့မဟုတ်တော်တော်များများ) ဝက်ခြံနှင့်တူသောအဖုများ

အရေပြားပေါ်တွင်တွေ့ရပြီး တခါတရ့ပျောက်ပြီးပြန်ဖြစ်သည်။

ကုသမှုမခံယူပါက လူနာတွင်အောက်ပါတို့ဆက်ဖြစ်နိုင်သည်

နာခြင်း။ နက်နက်သို့ရောက်ပြီး ပြန်ကောင်းပြန်ဖြစ်နေခြင်း

ခဏခဏပြန်ဖြစ်နေရာမှအမာရွတ်ထင်ခြင်း

အမာရွတ်သည်အချိန်ကြာလာသည်နှင့်အမျှမာလာခြင်း

အရည်ပြားတွင်လိုဏ်ဂူကဲ့သို့သော လမ်းကြောင်းပေါ်လာခြင်း

အရေပြားတွင်ပြင်းထန်စွာရောဂါပိုးဝင်ခြင်း

အရေပြားကင်ဆာဖြစ်ခြင်း(ရှားရှားပါးပါးဝ

လက္ခဏာများသည် မပြင်းထန်သည်မှ ပြင်းထန်သည်အထိဖြစ်နိုင်သည်။ လူလူချင်းမတူ လူတူသော်လည်းဖြစ်သောအချိန်မတူ ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစိးစွာသိပါက ကုသမှုပိုထိရောက်နိုင်သည်။ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်တွေ့ပါ။

နာခြင်း

အပါတ်အနည်းငယ်ကြာသည်အထိပြန်မကောင်းခြင်း

ကုသပြီး အပါတ်အနည်းငယ်တွင်ပြန်ဖြစ်ခြင်း

နေရာများစွာတွင်ပေါ်ခြင်း

ခဏခဏပြန်ဖြစ်ခြင်း

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဘယ်ကြောင့်ဖြစ်သည်ကမသေချာသော်လည်း အချို့သူများက ချွေးပေါက်ပိတ်ခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ အကယ်၍ ချွေးနှင့်အမှံုများက အပေါက်တွင်ပိတ်ဆို့နေပါက ဆံပင် အမွေးအိတ်သည် ယောင်လာပြီး ပေါက်ထွက်ကာရောဂါပိုးဝင်နိုင်သည်။ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် ဆံပင်အမွေးအိတ်ကို တုံပြန်မှုများသော ခုခံအားစနစ်ရှိသူများတွင်လည်းဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အဝလွန်သူများ

ဆေးလွန်သောက်သူများ

မိန်းကလေးများ(ယောကျာ်းလေးများထက် သုံးဆခန့်ပိုဖြစ်တတ်သည်)

ချွေးဂလင်းများပြည်တည်နာသည် အရွယ်ရောက်ချိန်တွင်စဖြစ်တတ်သည်။ အချို့သူများတွင် ၁၁ နှစ်မတိုင်မီကစဖြစ်တတ်သည်။ အသက်၁၁ မတိုင်မီစပေါ်ပါက ကလေးတွင်အရွယ်ရောက်ချိန်စောနိုင်သည်။ ရာသီသွေးဆုံးပြီး အသက် ၅၅ ကျော်မှဖြစ်ခြင်းကတော့ရှားသည်။

ချွေးဂလင်းများပြည်တည်နာသည် မျိုးရိုးလိုက်နိုင်သည်။ သုံးပုံတစ်ပုံလောက်သည်မိသားစုအတွင်းရှိသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဝက်ခြံဖုများနှင့်ပြည့်နေသောအရေပြားကိုစမ်းသက်ခြင်းကိုအတည်ပြုသည်။ ထိုနေရာမှ နမူနာကိုဓါတ်ခွဲခန်းပို့ပြီး ဖြစ်စေသောအကောင်ကိုရှာသည်။ ရောဂါသေချာစေသောစမ်းသက်သည့်နည်းလမ်းဟူ၍သက်သက်မရှိပါ။

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ချွေးဂလင်းများပြည်တည်နာသည် နှစ်ပေါင်းများစွာရှိနေတတ်သည်။ သို့သော် တဖြည်းဖြည်းချင်းသက်သာသွားတတ်သည်။ ကုသမှုသည် ချက်ချင်းမပျောက်သွားစေသော်လည်း အထောက်အကူပြုသည်။ စောစီးစွာ ကြာရှည်စွာကုပါက နာခြင်းကိုသက်သာစေသည်။ အနာကျက်ခြင်းကိုမြန်စေသည်။ အဖုအသစ်များပေါက်ခြင်းကိုကာကွယ်ပေးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်းကာကွယ်ပေးသည်။

ကုကမှုနည်းလမ်းများတော်တော်များများရှိပါသည်။ ကုထုံးများ၏ကောင်းသောအချက်မကောင်းအချက်ကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကိုယ်ကိုတိုင်ဂရုစိုက်ခြင်း ဆေးဝါးသုံးခြင်းခွဲစိတ်ခြင်းကိုရွေးချယ်ပါ။

အချို့သောကုထုံးများတွင်

လိမ်ဆေးသောက်ဆေးများ။ ပဋ္ဋိဇီဝပိုးသတ်ဆေးများ ဗီတာမင်အေမှရသောဆေးများပါတတ်သည်။

အယောင်ကျစေသော စတီးရွိုက်ကဲ့သို့သောဆေးများ

ခုခံအားစနစ်ကိုဖိသောဆေးများ

အနာသက်သာစေသောဆေး

ခွဲစိတ်ခြင်းကို ပြင်းထန်ပြီး အခြားကုထုံးများနှင့်မသက်သာသောအချိန်တွင်မှစဉ်းစားသည်။

ကုထုံးတိုင်းတွင် သူ့ဆိုးကျိုးရှိနိုင်သည်။ ဆေးစသောက်ပြီဆိုပါက ဆရာဝန်အားဖြစ်လာနိုင်သောဆိုးကျိုးများကိုကြိုမေးထားပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ချွေးဂလင်းများပြည်တည်နာကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အချို့မပြင်းထန်သောကိစ္စများတွင်ကိုယ်တိုင်ဂရုစိုက်သောကုထုံးဖြင့်သာကုသည်။ သို့သော် အခြားဆေးဝါးကုသမှုယူမည်ဆိုပါကလည်း ကိုယ်တိုင်ဂရုစိုက်ခြင်းကအရေးကြိးသေးသည်။ သက်တောင်သက်သာမဖြစ်ခြင်း အနာကျက်ခြင်းကြာစေသောကိစ္စများကိုအောက်ပါတို့ကိုအကြံပေးနိုင်သည်။

ဝိတ်ချပါ

ဆေးလိပ်ဖြတ်ပါ ပြန်ဖြစ်သောစေခြင်းကိုလျော့ချပေးသည်။

ဖြစ်သောနေရာကိုအမွှေးရိတ်ခြင်းရှောင်ပါ။

သက်တောင့်သက်သာရှိသောအဝတ်ကိုဝတ်ပါ။ ပွတ်တိုက်ခြင်းကိုသက်သာစေသည်။

အရေပြားကိုအေးအောင်ထားပါ။

စိတ်ဖိစီးမှုစီမံပါ။

ပြည်တည်နာဖြစ်နေသောလူ၏အဓိက ရင်ဆိုင်မှုမှာ နာခြင်းရှက်ခြင်းတို့ဖြစ်သည်။ နာသောအနာများက သင့်အိပ်စက်ခြင်း လှုပ်ရှားခြင်း နှင့်လိင်ဆက်ဆံမှုများတွင်အနှောက်အယှက်ပေးနိုင်သည်။ ထိုအနာမှပြည်ထွက်ပါက ဂရုစိုက်သော်လည်းအနံများထွက်လာနိုင်သည်။ ထိုကြောင့် စိတ်ပူပန်ခြင်း ကိုယ့်ကိုကိုဂရုစိုက်လွန်နေခြင်း သို့မဟုတ် စိတ်ဓါတ်ကျခြင်းတို့ဖြစ်လာနိုင်သည်။

သင့်မိသားစု သူငယ်ချင်းများထံမှထောက်ပံမှုကိုရှာပါ။

အခြားရောဂါရှိသူများ၏နားလည်မှု စိတ်ပူပန်မှုတို့ကိုနားလည်ထားပါ။ သင့်ဆရာဝန်အား စိတ်ပိုင်းဆိုင်ရာကုသသူ ထောက်ပံ့မှုအဖွဲ့များနှင့်ဆက်သွယ်ပေးဖို့တောင်းဆိုပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement