backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း)


Thin Myat Sandi Cho မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ကဘာလဲ။

အူမကြီးအနားသတ်တစ်လျှောက် အလုံးပေါ်ခြင်းဖြစ်ပါတယ်။ အလုံးတွေက အရွယ်အစားအမျိုးမျိုး၊ အရေအတွက်အမျိုးအမျိုး ဖြစ်နိုင်ပါတယ်။ အူမကြီးအလုံး သုံးမျိုးအသုံးစား/ရှိပါတယ်။

ဟိုက်ပါပလတ်စတစ်အလုံးက အန္တရာယ်မဖြစ်တတ်ပါဘူး။ ကင်ဆာအဖြစ်ကိုလည်း မပြောင်းပါဘူး။

အက်ဒီနိုမေတတ်စ်အလုံးက အဖြစ်အများဆုံးဖြစ်ပါတယ်။ အများစုက ကင်ဆာအဖြစ်မပြောင်းသွောသော်လည်း အူမကြီးကင်ဆာဖြစ်နိုင်ချေတော့ ရှိပါတယ်။

ကင်ဆာမြစ်ပွားနာအလုံးကတော့ အနုကြည့်မှန်ပြောင်းကနေ အသားလုံးကိုကြည့်တဲ့အခါမျာ ကင်ဆာဆဲလ်တွေကို မြင်ရခြင်းဖြစ်ပါတယ်။

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူမကြီးအလုံး ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဝမ်းထဲတွင်သွေးပါခြင်း

တစ်ပတ်ထက်ပိုပြီး နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမလျှောခြင်း၊ ဝမ်းချူပ်ခြင်း

အလုံးတည်နေချိန်မှာ ပျို့အန်ခြင်း မူးဝေခြင်း

အများစုမှာ လက္ခဏာမပြတတ်ပါဘူး။ အူမကြီးကင်ဆာစမ်းသပ်တဲ့အခါမှသာ တွေ့လေရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိကျကျမသိရသေးပါဘူး။ ပုံမှန်မဟုတ်တဲ့တစ်ရှူးတွေကြီးထွားလာခြငးကြောင့် ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ဆဲလ်တွေ နောက်ထပ်မလိုတော့တဲ့ဆဲလ်တွေနေရာမှာ ခန္ဓါကိုယ်ကသဘာဝအတိုင်း ကျန်းမာတဲ့ဆဲလ်အသစ်တွေကို အစားထိုးပေးပါတယ်။ ဆဲလ်အသစ်တွေရဲ့ကြီးထွားမှုနဲ့ ကွဲပွားမှုက သတ်မှတ်ချက်အတိုင်းအကန့်အသတ်နဲ့သာ ဖြစ်ပါတယ်။

အချို့အခြေအနေတွေမှာတော့ ဆဲလ်အသစ်တွေက ခန္ဓါကိုယ်ကနောက်ထပ်မလိုအပ်သေးခင်မှာ ကြီးထွားပွားများလာတာမျိုးလည်း ရှိပါတယ်။ အလွန်အမင်းပွားများလာခြင်းကနေ အလုံးဖြစ်သွားပါတယ်။ အးလုံးက အူမကြီးရဲ့မည်သည့်နေရာမှာမဆို တည်နေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသက်၅၀အထက်လူကြီးများအတွက် ဖြစ်ပွားနိုင်ချေကိုမြင့်စေသည့်အရာများ

ကိုယ်အလေးချိန်သတ်မှတ်သည်ထက်များခြင်း

အူမကြီးအလုံး သို့ အူမကြီးကင်ဆာ မိသားစုထဲတွင်ဖြစ်ဖူးခြင်း

အရင် အလုံးတည်ဖူးခြင်း

အသက်၅၀မတိုင်ခင်က မျိုးဥအိမ်ကင်ဆာ သားအိမ်ကင်ဆာဖြစ်ဖူးခြင်း

အူမကြီးရောင်ရမ်းနာကဲ့သို့သော အူမကြီးဆိုင်ရာရောင်ရမ်းခြင်းရှိဖူးခြင်း

မကုသဘဲထားသော အမျိုးအစား၂ဆီးချိုရောဂါရှိနေခြင်း

လင့်ခ်ျရောဂါစု သို့ ဂါဒါရောဂါစုကဲ့သို့သော မျိုးရိုးလိုက်တတ်သောရောဂါများ

အူမကြီးအလုံးတည်ခြင်းကို ဖြစ်စေတဲ့နေထိုင်မှုပုံစံများ

ဆေးလိပ်သောက်ခြင်း

အယ်ကိုဟော အရက်မကြာခဏသောက်ခြင်း

အထိုင်များ လှုပ်ရှားမှုနည်းခြင်း

အဆီများသေအစားအစာများစာခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်စစ်ဆေးမှုတွေကနေတစ်ဆင့် အသားလုံးကိုတွေု့နိုင်ပါတယ်။

အူမကြီးမှန်ပြောင်းကြည့်ခြင်း- ပျော့ပြောင်းတဲ့ပိုက်သေးသေးမှာ တပ်ထားတဲ့ကင်မရာကို စအိုကနေတစ်ဆင့် သွင်းလိုက်ပါတယ်။ အူမကြီးနဲ့ စအိုနားနေရာတွေကို မြင်ရနိုင်စေပါတယ်။ အလုံးကိုတွေ့မယ်ဆိုရင် ဆရာဝန်က ချက်ချင်းဖယ်ရှားပစ်ပြီး အဖြေရှာဖို့အတါက် တစ်ရှူးနမူနာယူပါလိမ့်မယ်။

Sigmoidoscopy: အူမကြီးမှန်ပြောင်းကြည့်ခြင်းနဲ့ အလားတူပဲဖြစ်ပါတယ်။ စအိုပြွန်နဲ့ အူမကြီးအောက်ပိုင်းကိုသာ ကြည့်လို့ရနိုင်ပါတယ်။ တစ်ရှူးနမူနာယူလို့တော့မရပါဘူး။ ဆရာဝန်က အလးုံကိုတွေ့တဲ့အခါမှာ ဖယ်ရှားပစ်ဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်ဖို့ ရက်ချိန်းပါလိမ့်မယ်။

ဘေရီယမ်ထည့်ခြင်း- ဆရာဝန်က စအိုပြွန်ကနေတစ်ဆင့် ဘေရီယမ်အရည်ထည့်ပြီး အူမကြီးပုံရိပ်ရဖို့အတွက် အိက်စ်ရေးရိုက်ပါလိမ့်မယ်။ ဘေရီယမ်က အူမကြီးကို ပုံရိပ်မှာဖြူနေပါစေလိမ့်မယ်။ အလုံးတွေကမည်းနေတာကြောင့် အဖြူမှာပိုထင်းနေပါလိမ့်မယ်။

အူမကြီးစီတီရိုက်ခြင်း- အူမကြီးနဲ့ စအိုပြွန်ပုံရိပ်ရဖို့အတွက် စီတီစကန်ကိုအသုံးပြုပါတယ်။ စီတီစကန်ဖတ်ပြီးနောက်မျာ အူမကြီးနဲ့စအိုပြွန်ပုံရိပတွေကို ကွန်ပြူတာကပေါင်းစပ်ပေးပြီး တူးဒီသရီးဒီပုံရိပ်တွေကို ဖော်ပေးပါလိမ့်မယ်။ အူမကြီးစီတီကို virtual colonoscopyလို့လည်း ခေါ်ပါတယ်။ တစ်ရှူးရောင်နေတာတွေ၊ အကျိတ်အခဲတွေ အလုံးတွေ၊နဲ့ အနာတွေကို တွေ့နိုင်ပါတယ်။

မစင်ဓါတ်ခွဲစစ်ဆေးခြင်း: ဆရာဝန်က သင့်ရဲ့မစင်နမူနာကိုယူဖို့အတွက် စမ်းသပ်ဖန်ပြွန်နဲ့ လိုအပ်တဲ့ကိရိယာေတွေပေးပါလိမ့်မယ်။ အဖြေရှာဖို့အအတွက် ဆရာဝန်ဆီကိုပြန်ပေးရပါမမ့်မယ်။ အထူးသဖြင့် အနုကြည့်မှန်ပြောင်းကြည့်ဖို့ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးခြင်းကနေ အလုံးရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ မစင်ထဲမှာသွေးတွေပါခဲ့မယ်ဆိုရင် စမ်းသပ်မှုကပြပါလိမ့်မယ်။

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အူမကြီးစမ်းသပ်နေစဉ်အတွင်း အလုံးတွေအားလုံးကို ဖယ်ရှားပေးပါလိမ့်ယ်။ ဖယ်ရှားဖို့အတွက်

စမ်းသပ်နေချိန်အတွင်းဖယ်ရှားခြင်း– တစ်ရှူးအသားစယူတဲ့ကိရိယာသို့ ဝိုင်ယာကြိုးကိုသုံးပြီး ဖယ်ရှားပစ်ခံရပါတယ်။ အသားလုံးကိုအမြစ်ဖြတ်ဖယ်ရှားနုင်ဖို့အတွက် အရည်ထည့်ပေးနိုင်ပါတယ်။ အလုံးက ၂စင်တီမီတာထက်ကြီးနေမယ်ဆိုရင် အလုံးကိုကြွတက်လာဖို့ အခြားဘေးပတ်လည်တစ်ရှူးတွေနဲ့ သီးသန့်စီဖြစ်နေစေဖို့ ဖယ်ရှားပစ်နိုင်ဖို့အတွက် အရည်တစ်မျိုးကိုထိုးထည့်ပေးရပါတယ်။

ထိုးဖောက်ရနည်းသောခွဲစိတ်နည်း -အရမ်းကြီးလွန်းတာမျိုး သို့ စမ်းသပ်စစ်ဆေးအဖြေရှာဖို့ မရောက်နိုင်တဲ့နေရာမျိုးမှာဆိုရင် ထိုးဖောက်ရနည်းသောခွဲစိတ်နည်း နည်းလမ်းကိုသုံးပြီး ခွဲစိတ်လေ့ရှိပါတယ်။

အူမကြီးနဲ့စအိုပြွန်ကိုဖယ်ထုတ်ခြင်း- အက်ဖ်အေပီလိုမျိုး ရှားပါးတဲ့မွေးရာပါရောဂါစုရှိနေခဲ့မယ်ဆိုရင် သင့်အူမကြီးနဲ့စအိုပြွန်ကိဖယ်ထုတ်ဖို့ လိုပါလိမ့်မယ်။

အချို့သောအလုံးအမျိုးအစားတွေက အခြားအလုံးတွေထက် ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ ရောဂါဗေဒဆရာဝန်က အလုံးတစ်ရှူးက ကင်ဆာဖြစ်နိုင်ချေရှိမရှိကို အနုကြည့်မှန်ပြောင်းအောက်မှာ ရှိပါလိမ်မ့ယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အူမကြီးအလုံးတည်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အူမကြီးအလုံးတည်ခြင်းကိုကုသတဲ့နေရာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ဆေးလိပ်အရက်ရှောင်ခြင်း

လေ့ကျင့်ခန်းပိုမိုပြုလုပ်ခြင်း

အဆီအဆိမ့်များကိုရှောင်ပြိး ကျန်းမာရေးနဲ့ညီညွှတ်အောင်စားခြင်း

အက်စပရင်ပမာဏနည်းနည်းကို ပုံမှန်မှီဝဲခြင်း

ကယ်ဆီယမ်ကြွယ်ဝစွာစားသောက်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement