backup og meta

Peritonitis (ဝမ်းတွင်းမြှေးရောင်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Peritonitis ဆိုတာဘာလဲ။

    Peritonitis ဟာ ဝမ်းတွင်းမြှေးရောင်ခြင်း ဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်နဲ့ ကိုယ်အင်္ဂါတွေကို ခွဲခြားထားတဲ့ ပါးလွှာတဲ့ အမျှင်တစ်ခုဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ကိုယ်အင်္ဂါတွေကို ထောက်ပံ့ပေးပြီး အာရုံကြော၊ သွေးကြော၊ ပြန်ရည်ကြောတွေကို အင်္ဂါတွေကို ဖြတ်သန်းသွားဖို့ ခွင့်ပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။

    Peritoneum ပေါက်သွားခြင်း (သို့) အခြားကျန်းမာရေး အခြေအနေတွေက Peritonitis ကို ဖြစ်စေပါတယ်။

    Peritonitis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Peritonitis ဟာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    Peritonitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Peritonitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    • ဗိုက်နာခြင်း
    • လေပွခြင်း၊ ဗိုက်တင်းခြင်း
    • အဖျားတက်ခြင်း
    • ပျို့အန်ခြင်း
    • အစာစားချင်စိတ်မရှိခြင်း
    • ဝမ်းလျှောခြင်း
    • ဆီးနည်းခြင်း
    • ရေဆာခြင်း
    • ဝမ်း၊ လေမသွားခြင်း
    • ပင်ပန်းနွမ်းနယ်ခြင်း

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

    • အဖျားတက်ခြင်း
    • ပျို့အန်ခြင်း
    • ဆီးနည်းခြင်း
    • ရေဆာခြင်း
    • ဝမ်း၊ လေ မသွားခြင်း

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ။

    ဘာတွေက Peritonitis ဖြစ်ပွားစေသလဲ။

    Peritonitis နှစ်မျိုးရှိပြီး တစ်မျိုးကိုတော့ peritoneal cavity ထဲက အရည်တွေ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီလိုရောဂါပိုးဝင်ခြင်းဟာ အသည်း (သို့) ကျောက်ကပ်ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။

    နောက်တစ်မျိုးကတော့ အစာခြေလမ်းကြောင်းရဲ့ အခြားအစိတ်အပိုင်းတွေကနေ peritoneum ကို ပြန့်လာတဲ့ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ အချို့အခြေအနေတွေဟာ အစာခြေလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    • Appendix ပေါက်ခြင်း
    • အစာအိမ် အနာဖြစ်ခြင်း
    • အူပေါက်ခြင်း
    • Diverticulitis ( အူနံရံမှာ pouches တွေဖြစ်လာပြီး ရောင်လာခြင်း)
    • Pancreas ရောင်ခြင်း
    • အသည်းခြောက်ခြင်း၊ အခြားအသည်းရောဂါများ
    • သည်းခြေအိတ်၊ အူ၊ သွေး ရောဂါပိုးဝင်ခြင်း
    • Pelvic inflammatory disease (အမျိုးသမီး လိင်အင်္ဂါ ရောဂါပိုးဝင်ခြင်း)
    • Inflammatory bowel disease တစ်မျိုးဖြစ်တဲ့ Crohn’s disease

    Peritonitis ဟာ ထိုးသွင်းရတဲ့ စစ်ဆေးမှုတွေဖြစ်တဲ့ peritoneal dialysis (သို့) peritoneum ကို အခြားအစိတ်အပိုင်းတွေကနေ ဝင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဓါတုပစ္စည်းတွေကို ခွင့်ပြုပေးတဲ့ ဒဏ်ရာရမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Peritonitis ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Peritonitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • Peritoneal dialysis လုပ်ခြင်း – Peritonitis ဟာ peritoneal dialysis therapy ယူသူတွေမှာ အဖြစ်များပါတယ်။
    • အခြားကျန်းမာရေးအခြေအနေတွေ ရှိခြင်း – Peritonitis ဖြစ်နိုင်တဲ့ အခြေအနေတွေကတော့ အသည်းခြောက်ခြင်း၊ appendicitis၊ Crohn’s disease၊ အစာအိမ် အနာဖြစ်ခြင်း၊ diverticulitis နဲ့ Pancreatitis တွေပဲ ဖြစ်ပါတယ်။
    • Peritonitis ဖြစ်ဖူးခြင်း – ဒီအခြေအနေဖြစ်ဖူးရင် မဖြစ်ဘူးသူတွေထက် နောက်တစ်ကြိမ် ပြန်ဖြစ်နှုန်းမြင့်မားပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Peritonitis ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    သင့်ဆရာဝန်က ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းကိုပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါက ဝမ်းဗိုက်ကို ထိခြင်း၊ဖိကြည့်ခြင်းတွေပါဝင်ပြီး ရောဂါပိုးဝင်ခြင်းရှိရင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။

    Peritonitis ကို သိရှိနိုင်တဲ့ အခြားစစ်ဆေးမှုတွေကတော့

    • သွေးစစ်ဆေးခြင်း – CBC ဟာ သွေးဖြူဥကို စစ်ဆေးနိုင်ပါတယ်။ သွေးဖြူဥ များခြင်းဟာ ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ Blood culture ယူခြင်းအားဖြင့် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားကို သိရှိနိုင်ပါတယ်။
    • ဝမ်းဗိုက်အတွင်းအရည်စုနေရင် ဆရာဝန်က အရည်ကို စုပ်ထုတ်ပြီး ဓါတ်ခွဲခန်းကို ပို့ကာ စစ်ဆေးစေမှာဖြစ်ပါတယ်။ Fluid Culture လုပ်ခြင်းကလည်း ဘက်တီးရီးယားကို သိရှိနိုင်ပါတယ်။

    အခြား imaging tests တွေဖြစ်တဲ့ CT scans, X-rays တွေဟာ peritoneum ပေါက်မပေါက် သိရှိစေနိုင်ပါတယ်။

    Peritonitis ကို ဘယ်လိုကုသလဲ။

    Peritonitis ကုသမှုဟာ အခံရှိတဲ့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ ဆရာဝန်က အကြောင်းရင်းကို သိရှိရင် သင့်လျော်စွာ ကုသပေးနိုင်ပါတယ်။

  • ပိုးသတ်ဆေး – ရောဂါပိုးဝင်ခြင်းကို ကာကွယ်ဖို့နဲ့ တိုက်ထုတ်ဖို့အတွက် ပိုးသတ်ဆေးပေးနိုင်ပါတယ်
  • ခွဲစိတ်ကုသမှု – သောက်ဆေးတွေနဲ့ မကောင်းဘူးဆိုရင်တော့ ခွဲစိတ်ကုသပြီး ရောဂါပိုးဝင်နေတဲ့ အစာခြေလမ်းကြောင်း အစိတ်အပိုင်းကို ဖြတ်ထုတ်ဖို့ လိုပါတယ်။ (အထူးသဖြင့် Peritonitis က appendix ပေါက်ခြင်း၊ အစာအိမ်၊ အူတွေမှာ ဖြစ်ခြင်း)
  • အခြားကုသမှုများ – လက္ခဏာတွေပေါ်မူတည်ပြီး ဆေးရုံမှာ ကုသမှုဟာ ဆေးသောက်ခြင်း၊ ဆေးသွင်းခြင်း၊ အောက်စီဂျင်ပေးခြင်း၊ သွေးသွင်းခြင်းတွေ ပါဝင်နိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Peritonitis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Peritonitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • လက်ဆေးပါ။ ပိုက်ကို မထိခင် လက်သည်းအောက်၊ လက်ချောင်းကြားတွေကို သေချာစွာဆေးပါ။
    • ပိုက်ပတ်လည်က အရေပြားကို ပိုးသတ်ဆေးနဲ့ နေ့စဉ် သန့်ရှင်းရေးလုပ်ပါ။
    • ပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ ထားပါ။
    • အရည်လဲဖို့အတွက် surgical mask ကို အသုံးပြုပါ။
    • အိမ်မွေး တိရိစ္ဆာန်တွေရှိရင် သူတို့နဲ့ အတူမအိပ်ပါနဲ့။
    • Dialysis care team နဲ့ peritoneal dialysis catheter ကို ဘယ်လို သေချာဂရိုစိုက်ရမလဲဆိုတာ မေးမြန်းသင့်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement