backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ileus (အူမလှုပ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ileus (အူမလှုပ်ခြင်း) ကဘာလဲ။

အူမလှုပ်ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းတွင် လှုပ်ရှားမှုလျော့ကျသွားပြီး အစာများ ပိတ်ခြင်း စုပုံလာခြင်းကို ဖြစ်ပေါ်စေသည့် ရောဂါကိုခေါ်ပါသည်။

အူမလှုပ်ခြင်းသည် အူပိတ်ခြင်းကို ဖြစ်ပေါ်စေသည်။ ဆိုလိုသည်မှာ အစာများ၊ လေများ သို့ အရည်များ အူတစ်လျှောက်မစီးဆင်းနိုင်တော့ခြင်းမျိုး ဖြစ်စေခြင်းပင်။ အူမလှုပ်ခြင်းအား ဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိသော်လည်း ခွဲစိတ်ကုသပြီးနောက်ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးသည် အူမလှုပ်ခြင်းကိုဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။

သို့သော် လူများသည် အူထဲ၌ အစာများစုပုံလာခြင်းကို မသိနိုင်သောကြောင့် တောက်လျှောက်ဆက်စားမိနေပါမည်။ ထိုကြောင့် အူပိတ်သည့်နေရာကို အစာများ တွန်းတွန်းပိုသလိုဖြစ်သွား၏။

ကုသမှုမခံယူပါက အူမလှုပ်ခြင်းမှ အူပေါက်ခြင်း သို့ အူပြဲခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အူထဲမှအစာများ (၎င်းတို့တွင် ဘက်တီးရီးယားပေါများစွာပါ၏) ခန္ဓါကိုယ်အခေါင်းထဲသို့ စီးဝင်သွားပါလိမ့်မည်။ ဒီကနေမှ လူသေသည်အထိဖြစ်နိုင်၏။

အူမလှုပ်ခြင်း ဖြစ်လာပါက တတ်နိုင်သလောက်မြန်မြန် ကုသမှုကို ခံယူရမည်။ အူမလှုပ်ခြင်းမှ ပြင်းထန်ပြီးအသက်အန္တရာယ်ရှိသော အခြေအနေများကို ဖြစ်သွားစေနိုင်သည်။ ထိုကဲ့သို့ ပြင်းထန်သော အခြေမနေ ၂ မျိုးတွင် အူပုပ်ခြင်းနှင့် ဝမ်းဗိုက်ခေါင်းအကာရောင်ခြင်းတို့ပါဝင်၏။

Ileus (အူမလှုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်စေတတ်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Ileus (အူမလှုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူမလှုပ်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

ဗိုက်ထဲတွင်ထိုးအောင့်ခြင်း

အစားအသောက်ပျက်ခြင်း

ဗိုက်ကယ်ဗိုက်ပြည့်သလိုခံစားရခြင်း

ဝမ်းချုပ်ခြင်း

လေမလည်ခြင်း

ဗိုက်ဖောင်းလာခြင်း

ပျို့ခြင်း

အန်ခြင်း အထူးသဖြင့် မစင်နှင့်တူသောအရာများပါခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ileus (အူမလှုပ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဗိုက်ခွဲခြင်း

အဆစ်သို့မဟုတ် ခါးရိုးခွဲစိတ်ခြင်း

ထိခိုက်မိခြင်း ဒဏ်ရာရခြင်း

ပြင်းထန်သော တစ်ကိုယ်လုံးကူးစက်သည့်ရောဂါ (သွေးဆိပ်သင့်ခြင်း)

နှလုံးဖောက်ခြင်း

Electolytes များ မညီမျှခြင်း

ကြွက်သားလုပ်ငန်းစဉ်များကိုထိခိုက်စေသည့် ရောဂါများ

သွေးတိုးကျဆေးများသုံးခြင်း

တစ်ချို့သောဆေးများ – hydromorphone (Dilaudid),morphine, oxycodone, tricyclic antidepressants (amitriptyline, imipramine)

အူမကြီးကင်ဆာ

Crohn’s ရောဂါ ၎င်းတွင် အူနံရံများအား ပိုထူလာစေသည်။

ရင်ဝမ်းခြားကြွက်သားရောင်ခြင်း

ပါကင်ဆွန်ရောဂါ ၎င်းသည် အူများရှိ ကြွက်သားများနှင့် အာရုံကြောများကို ထိခိုက်စေသည်

အူခေါက်ခြင်း – ကလေးများတွင်ဖြစ်သော အူမလှုပ်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်

အူများအား သွေးမလျှောက်ခြင်း (အူအမြှေးများ သွေးမဝခြင်း)

ဖြစ်နိုင်ခြေများ

Ileus (အူမလှုပ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အူမလှုပ်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

ဗိုက်ခွဲစိတ်ခြင်း၊ ကူးစက်ပိုးဝင်ခြင်း သို့ ထိခိုက်မိခြင်း

ယခင်က အူမလှုဖူးလျှင်

Electrolytes များ မညီမျှခြင်း အထူးသဖြင့် ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်

အူထိခိုက်မိခြင်း သို့ ဒဏ်ရာရခြင်း ရှိခဲ့ဖူးလျှင်

ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားရောင်ခြင်း

သွေးဆိပ်သင့်ခြင်း

ဗိုက်နှင့် ဗိုက်တစ်ဝိုက်တွင် ဓါတ်ရောင်ခြည် ထိဖူးခြင်း

ခြေလက်များရှိသွေးလွှတ်ကြောရောဂါ

ကိုယ်အလေးချိန်အမြန်ကျခြင်း

အသက်ကြီးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ileus (အူမလှုပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင်၏ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်များကိုမေးပြီး စမ်းသပ်ပါလိမ့်မည်။ အူမလှုပ်ခြင်းအားအမည်တပ်နိုင်ရန်အတွက် များသောအားဖြင့် လက္ခဏာများနှင့် ဓါတ်ခွဲစစ်ဆေးခြင်းများကို အခြေခံရပါသည်။ ဓါတ်ခွဲစစ်ဆေးခြင်းများတွင်-

ဓါတ်မှန် – ဓါတ်မှန်တွင် ပိတ်မိနေသောလေများနှင့် အူပိတ်ခြင်းကိုတွေ့နိုင်သည်။ သို့သော် ဓါတ်မှန်သည် အူပိတ်ခြင်းကို အတိအကျ အမည်တပ်နိုင်သည်မဟုတ်ပါ။

ကွန်ပြူတာဓါတ်မှန် – ၎င်းသည် ပိုအသေးစိတ်သည့် ဓါတ်မှန်ပုံရိပ်များကို တွေ့ရပြီး အူးမလှုပ်ခြင်းဖြစ်နိုင်သည့်နေရာကို ရှာတွေ့နိုင်ရန် ဆရာဝန်များအား အကူအညီရစေ၏။

တီဗီဓါတ်မှန် – ဒီပုံဖော်စစ်ဆေးမှုအား ကလေးများတွင် အူမလှုပ်ခြင်းအား သိနိုင်ရန် ပိုသုံးပါသည်။

ဆိုးဆေးနှင့်ဓါတ်မှန် – အူမကြီးအား ဘေရီယမ်ဆိုးဆေများဖြည့်ပြီး ဓါတ်ရောင်ခြည်ဖြင့် အူမကြီးပုံပေါ်စေရန် ပြုလုပ်သည့် စစ်ဆေးမှုဖြစ်သည်

အူမကြီးမှန်ပြောင်း – သေးသွယ်သည့်အလင်းပါပြွန်အား စအိုမှထည့်ကာ အူမကြီး၏ နံရံများကို ကြည့်ရှူမည်ဖြစ်သည်။

Ileus (အူမလှုပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အူမလှုပ်ခြင်းအားကုသမှုသည် ၎င်း၏ပြင်းထန်မှုအပေါ် မူတည်သည်။

အမျှင်နည်းသော အစားအစာ။ ဆရာဝန်များသည် အူးမပိတ်တပိတ်ဖြစ်ခြင်းအတွက် အမျှင်နည်းသည်များ စားရန် ညွှန်လိမ့်မည်။ ၎င်းသည် အစာဟောင်းပမာဏများခြင်းကို လျော့ချပေးပြီး အူအတွင်းဖြတ်သွားရန် လွယ်ကူစေသည်။

သို့သော်လည်း အဲလိုမှအဆင်မပြေလျှင် ရောဂါဖြစ်သည့်အူအား ခွဲစိတ်ပြုပြင်ခြင်း သို့ ဖယ်ထုတ်ခြင်း လိုကောင်း လိုနိုင်ပါသည်။

အူးလုံးဝပိတ်သွားလျှင် အရေးပေါ်အခြေအနေဖြစ်သွား၏။ ကုသမှုသည် သင်၏ တစ်ကိုယ်လုံးဆိုင်ရာ ကျန်းမာရေးအပေါ်မူတည်ပါလိမ့်မည်။ ဗိုက်ကိုခွဲစိတ်ပြီး ပိတ်နေသည့်အူ သို့ ထိခိုက်နေသည့်အူကို ဖယ်ထုတ်ဖို့ လိုကောင်းလိုနိုင်သည်။

အူမလှုပ်ခြင်းကိုဖြစ်စေသည့် ဆေးများကိုရပ်ပါ။ ဆေးသည့် ဖြစ်ပွားရသည့်အကြောင်းရင်းဆိုပါက ဆရာဝန်သည် အူလှုပ်မှုကိုအားပေးသည့် တခြားဆေးများကို ညွှန်ပါလိမ့်မည်။ ညွှန်ကြားထားသည့် ဆေးများကို ပြောင်းတော့မည်ဆိုပါက အမြဲတမ်း ဆရာဝန်နှင့် တိုင်ပင်ပါ။ ဥပမာ – စိတ်ကျရောဂါဆေးများ

Ostomy (အူကိုဖြတ်ပြီး ဗိုက်တွင်ဖောက်ထုတ်ထားခြင်း) – အစာအိမ်များအစာဟောင်းများကို စီးဆင်းစေသည့် အိတ်ဖြစ်သည်။ ostomy အား သင်ကိုယ်တိုင် ဂရုစိုက်ရမည်ဖြစ်သည်။ အူမလှုပ်ခြင်းဖြစ်ပြီးနောက် အူများမရှိပဲနှင့်လဲ အသက်ရှင်နိုင်ပါသည်။

အစာပိုက်သွင်းခြင်း – အစာအိမ်ဆီသို့ နှာခေါင်းမှ ပိုက်သွင်းပြီး အစာခြေရည်များကို ဖယ်ထုတ်သောပိုက်ဖြစ်သည်။ ၎င်းသည် ဗိုက်ကယ်ခြင်းနှင့် နာကျင်မှုကို သက်သာစေသည်။

အကြောဆေးနှင့် Electrolytes – ရေဓါတ်ခမ်းခြောက်ခြင်းအား ကာကွယ်နိုင်ရန် အကြောဆေးအရည်များပေးရ၏။ Electrolytes များကိုလဲ အူမလှုပ်ခြင်းသက်သာသွားစေရန် အကြောဆေးသွင်းရသည်။

အူလှုပ်ခြင်းကိုတိုးစေသည့် ဆေးများရှိပါသည်။ (neostigmine, tegaserod) ၎င်းတို့သည် အူမလှုပ်ခြင်းကိုပျောက်စေရန် ရွေးချယ်ထားသောလူနာများတွင်သာ သုံးနိုင်ပါသည်။

အူမကြီးမှန်ပြောင်းဖြင့် ဖိအားလျော့ခြင်း – ကွေးနိုင်ဆန့်နိုင်သည့်ပြွန်အား အူမကြီးဆီသို့ထိုးသွင်းပြီး ဖိအားကို သက်သာစေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အူမလှုပ်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အူမလှုပ်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

ကျန်းမာရေးနှင့်ညီညွှတ်သည်များ စားခြင်း

ကိုယ်အလေးချိန်လျော့ချခြင်း

အနားကောင်းကောင်းယူခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement