backup og meta

အစာအဆိပ်သင့်မှုကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအဆိပ်သင့်မှုကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

    အစာအဆိပ်သင့်တယ်ဆိုတာဟာ မတည့်တဲ့ အစားအစာတွေကို တွဲဖက်စားသုံးမိတာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေ၊ ဘက်တီးရီယားကူးစက်မှု စတာတွေကြောင့်လည်း ဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

    တစ်ခါတလေမှာ ကိုယ်တိုင်တောင် ဘာကြောင့်ဖြစ်မှန်း ရေရေရာရာ မသိလိုက်ဘဲဖြစ်နေတာမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။ ဒီဝေဒနာမျိုးဟာ လူတော်တော်များများ ကြုံဆုံရလေ့ရှိပြီး အလွန်အမင်း ပြင်းထန်ရင်တော့ အချိန်မှီကုသနိုင်ဖို့ လိုအပ်ပါတယ်။

    အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက ခန္တာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေပါဝင်နေတဲ့ အစားအစာတွေ၊ အဖျော်ယမကာတွေကို စားမိတာကြောင့်ဖြစ်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံး အကြောင်းအရင်းဖြစ်ပါတယ်။

    အစာအဆိပ်သင့်စေတဲ့ ရောဂါပိုးတွေထဲက အများစုဟာ သေချာကျက်အောင် ချက်ပြုတ်လိုက်ချိန်မှာ သေသွားလေ့ရှိပြီး အဲ့ဒီလိုအနေအထားမှာ လူကို အန္တရာယ်မပြုနိုင်ပါဘူး။ အစားအသောက်ကို သေချာကျက်အောင် မချက်ပြုတ်ထားတဲ့ အခါမျိုး၊ တွဲဖက်စားသောက်လို့ မတည်တဲ့ အစားအစာတွေကို ရောစပ်စားသုံးမိတဲ့ အခါမျိုးတွေမှာ အစာအဆိပ်သင့်မှုဖြစ်လာရပါတယ်။

    အစာအဆိပ်သင့်မှုဟာ အကြောင်းအရင်းအမျိုးမျိုး၊ ဘက်တီးရီးယားအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေဟာလည်း တူညီမှုမရှိတတ်ကြပါဘူး။

    များသောအားဖြင့် အစာအဆိပ်သင့်ဝေဒနာ ခံလာရပြီဆိုရင် ခန္တာကိုယ်အတွင်း ရေဓါတ်ခမ်းခြောက်မယ်၊ ခံတွင်း အာခေါင် ခြောက်မယ်၊ ဆီးသွားရ ခက်မယ်၊ မျက်လုံးတွေ ရောင်လာမယ်၊ ဝမ်းတွေ တစ်ချိန်လုံးသွားနေမယ်၊ ဘာအရည်မှ သောက်လို့မရတော့ဘူး ဖြစ်နေမယ်၊ အော့အန်နေမယ်။

    ဒါ့အပြင် ကိုယ်အပူချိန်မြင့်တက်လာပြီး ၁၀၂ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်နေမယ်၊ ဝမ်းသွားရင် အမဲရောင်တွေ သွားတာမျိုး၊ သွေးပါတာမျိုးဖြစ်မယ်၊ ကြွက်သားတွေ အားနည်းနေမယ်၊ အမြင်အာရုံတွေ ဝေဝါးပြီး အာရုံ စူးစိုက်လို့ မရဖြစ်နေမယ်၊ အသားတွေ ဝါလာမယ်။ ဒီလို လက္ခဏာမျိုးတွေ ပြသလာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့ လိုပါတယ်။

    အရမ်းမပြင်းထန်တဲ့ အခြေအနေ ဒါမှမဟုတ် ရုတ်တရက် ဆေးခန်းသွားပြဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ မိမိရဲ့ မီးဖိုချောင်ထဲက သဘာဝ ပစ္စည်းတွေနဲ့ သက်သာအောင် ကုစားပေးလို့ရနိုင်ပါတယ်။

    အစာအဆိပ်သင့်မှုကို သက်သာစေမယ့် သဘာဝအစားအစာများ

    • ၁။ ကြက်သွန်ဖြူ – ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ရောဂါဖြစ်ပွားစေတဲ့ မှိုအမျိုးမျိုးကို တိုက်ထုတ် တွန်းလှန်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် အစာအဆိပ်သင့် ဝေဒနာခံစားနေရချိန်မှာ ကြက်သွန်ဖြူက သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဗိုက်နာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းဗိုက်ကိုက်ခဲတာနဲ့ ဝမ်းလျှောတာတွေကို သက်သာအောင်လည်း ကုစားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူနဲ့ ပျားရည်ကို တွဲဖက်မှီဝဲစေတာက ဝေဒနာကို သက်သာစေမှာဖြစ်ပါတယ်။
    • ၂။ ချင်းနဲ့ ပျားရည် – ချင်းနဲ့ ပျားရည်ကို တွဲဖက် မှီဝဲတာကလည်း အစာအဆိပ်သင့်ဝေဒနာကို လျော့ပါးအောင် ကူညီနိုင်ပါတယ်။ ချင်းဟာ အစာကြေဖို့နဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာစုပ်ယူနိုင်ဖို့ အားပေးသလို ပျားရည်မှာလည်း ဘက်တီးရီးယားတွေကို တွန်းလှန်နိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။ ဒီနှစ်ခုကို တွဲဖက်မှီဝဲမယ်ဆိုရင် ဝေဒနာတွေကို သက်သာစေနိုင်ပြီး အလျှင်အမြန် ပြန်လည် လန်းဆန်းလာနိုင်ပါတယ်။ အဆိုပါ သဘာဝထုတ်ကုန် ၂ မျိုးလုံးဟာ ပျို့တာ၊ အန်တာအပါအဝင် အစာအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကို လျော့ပါးစေပါလိမ့်မယ်။
    • ၃။ သံပရိုရည် – Antioxidant ကြွယ်ဝစာပါဝင်တဲ့ သံပရိုရည်ဟာလည်း အစာအဆိပ်သင့်ဝေဒနာကို သက်သာလျော့ပါးစေနိုင်ပါတယ်။ သံပရိုရည်မှီဝဲမယ်ဆိုရင် ခန္တာကိုယ်ရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး အစာခြေစနစ်ကိုလည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ သံပုရိုသီးအရည်နဲ့ ရေကို မျှတစွာရောစပ်ပြီး သောက်သုံးပေးမယ်ဆိုရင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ကို ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားစေပါလိမ့်မယ်။

    အထက်ပါ သဘာဝ အစားအစာလေးတွေဟာ အစာအဆိပ်သင့်မှုဝေဒနာကို လျော့ပါးသက်သာအောင် ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်ပြသခြင်းဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement