ခရောင်းရောဂါ (Crohn’s Disease)
ဝမ်းသွားစဉ် နာကျင်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်းတွေကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခရောင်းရောဂါဟာ အချွဲဝမ်းတွေ ထွက်စေတဲ့ အဓိကပြဿနာဆိုလည်း မမှားပါဘူး။ ဒီအချွဲတွေဟာ ဝမ်းအရောင်ရှိပြီး ပိုပြီးစေးကပ်တတ်ပါတယ်။ တစ်ခါတလေ စအိုအတွင်း အနာပေါက်နေတာရှိရင် သွေးနဲ့ ပြည်တွေ ထွက်လာတတ်သလို ပိုးဝင်ဖို့လည်း ပိုလွယ်ကူပါတယ်။
စားသောက်မှုပုံစံကြောင့်ရော ဖြစ်နိုင်လား။
ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေ ဥပမာ – နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ဂလူတန်တွေ စားမိတဲ့အခါ ဝမ်းသွားရင်အချွဲတွေ ပါလာတတ်ပါတယ်။ အရေပြား နီရဲပြီး ယားယံတာ၊ အင်ပျဉ်ထတာ၊ ဝမ်းဗိုက်ဖောရောင်တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေလည်း ဖြစ်တတ်ပါတယ်။ အစာနဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ ဝမ်းတွင်အချွဲပါခြင်းကတော့ ကုဖို့ပိုလွယ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ။
ဝမ်းမှာ အချွဲတွေပါတာက ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုမျိုးဝမ်းတွေ အမြဲလိုလို သွားနေတာ၊ တခြားသော လက္ခဏာတွေ တွေ့ရတာ၊ ဝမ်းသွားရခက်တာတွေပါ ကြုံလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။