backup og meta

ပျို့တက်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျို့တက်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

    ပျို့တက်ခြင်းကိုဘယ်လိုထိန်းချုပ်မလဲ

    ပျို့တက်ခြင်းနှင့် အော့အန်ခြင်းသည် ဓါတုကုထုံး၏ အဖြစ် အများဆုံးဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ပျို့တက် ခြင်းသည် အလွန် မနှစ်မြို့ဖွယ်ကောင်းပြီးအော့အန်လိုသောခံစားမှုကိုပေးသည်။ သို့သော်လည်းဓါတုကုထုံးအတွင်းလူတိုင်းအော့အန်ခြင်းနှင့် ပျို့တက်ခြင်းကိုမခံစားရပါ။ သို့ သော် ဓါတုကုထုံးသုံးမည်ဟုစဉ်းစားပါကဓါတုကုထုံးနှင့် ဆက်စပ်သောပျို့တက်ခြင်းကိုလျော့နည်းရန် ကာကွယ်ရန် ကောင်းစွာ ကြိုတင်ပြင်ဆင်သင့်သည်။

    အစာစားမှု နည်းလမ်းများ

    • အစာနည်းနည်းစားပါ။ နေ့တစ်လျှောက် အစာများများစားခြင်းထက် နည်းနည်းစားခြင်းသည် မူးဝေခြင်းအတွက် ပိုကောင်းသည်။
    • အလွန်ဆာလောင်သည်အထိစောင့်ခြင်းကိုရှောင်ပါ။ အချိန်မှန် အစာစားသင့်ပြီးအစာစားခြင်းကိုမကျော်ပါနှင့်။
    • အရည် များများသောက်ပါ။ အစာစားသကဲ့သို့ နေ့ တစ်လျှောက် အရည်များများသောက်ခြင်းထက် အရည် နည်းနည်းစီသောက်ခြင်းသည် အထောက် အကူဖြစ်သည်။ တစ်နေ့တွင် အနည်းငယ် အရည် နှစ်ကွတ် (တစ်ကွတ်= တစ်ဂါလံ၏ လေးပုံတစ်ပုံ) သောက်ပါကပိုကောင်းပါသည်။ ရေသို့မဟုတ် သစ်သီးဖျော်ရည် ပါဝင်နိုင်သည်။
    • အရည်မပါသောကောက်ပဲသီးနှံ အခြောက်၊ ပေါင်မုန့်ကင် စသည်တို့ကိုနံနက်ပိုင်းတွင် စားပါ။
    • အထူးသဖြင့် ဓါတုကုထုံးမတိုင်မီအဆီများသော ချွဲကျိသောအစားများကိုကန့်သတ်စားပါ။
    • အစာစားစဉ်အတွင်းအရည် အလွန်သောက်ခြင်းကိုရှောင်ပါ။

    ပတ်ဝန်းကျင်

  • နှစ်မြို့ဖွယ်မကောင်းသောအနံ့များကိုရှောင်ပါ။ တချို့အနံ့များသည် ပျို့တက်ခြင်းကိုဖြစ်စေသည်။ ထို့ ကြောင့် ပျို့တက်ခြင်းကိုလှုံ့ဆော်သောအရာများကိုသိသင့်ပြီးတတ်နိုင်သလောက် ဝေးအောင်နေပါ။
  • မိမိကိုယ်ကိုသက်တောင့်သက်သာရှိအောင် နေပါ။ အစာစားပြီးနောက် လဲလျောင်ခြင်းသို့မဟုတ် ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ခြင်းတို့ မပြုလုပ်ပါနှင့်။ သက်တောင့်သက်သာအနားယူထိုင်ပါ။
  • တရားထိုင်ခြင်းသို့မဟုတ် အသက်ပြင်းပြင်းရှူခြင်းစသောစိတ်ဖြေလျော့ခြင်းနည်းလမ်းများကိုလေ့ကျင့်ပါ။ ၎င်းတို့သည် ပျို့တက်ခြင်းကိုလျော့ကျ စေသည်။
  • လတ်ဆတ်သောလေကို ရှူပါ။ အဝတ်အစားများကိုပြေလျော့အောင် ဝတ်ခြင်းသည် ပျို့တက်ခြင်းကိုနည်းပါးစေသည်။
  • စိတ်ဖြေလျော့ပါ။ ဓါတုကုထုံးအကြောင်းမတွေးပါနှင့် ။ နှစ်သိမ့်သောသီချင်းသို့မဟုတ် ဟာသဗီဒီယိုများ ကြည့်ပါ။ ဓါတုကုထုံးခံယူစဉ်အတွင်းသူငယ်ချင်းသို့မဟုတ် မိသားစုဝင်ဖြင့် စကားပြောပါ။
  • ဓါတုကုထုံးကြောင့် ပျို့တက်ခြင်းကိုနည်းပါးစေသောအခြားနည်းလမ်းများ

    • သင်အော့အန်နေသောအခါ အစာစားခြင်းကိုရပ်ပါ။ ထို့နောက် ရေသို့မဟုတ် ဖျော်ရည် နည်းနည်းစမ်းသောက်ပါ။ ဖြည်းဖြည်းချင်းအစာပြန်စားပါ။
    • သင့်ကျန်းမာရေးကိုတိုက်ရိုက်ထိခိုက်စေသောအရက် နှင့် ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ တစ်ခါတစ်ရံအရက်သည် ပျို့တက်ခြင်းကိုပိုဆိုးစေ နိုင်ပြီး ပြန်ကောင်းရန် ခက်ခဲစေသည်။
    • ဓါတုကုထုံးခံယူနေစဉ်အတွင်းချိုချဉ်အမာ၊ ရေခဲချောင်းသို့မဟုတ် ရေခဲတို့ကိုဆောင်ထားပါ။ ၎င်းတို့ သည် ပျို့တက်ခြင်းကိုသက်သာစေရန် အလွန်အသုံးဝင်သည်။
    • ဓါတုကုထုံးခံယူနေစဉ်အတွင်းပျို့တက်ခြင်းဖြစ်ပါကသူနာပြု သို့မဟုတ် ဆရာဝန်အားပြောဆိုပါ။

    ပျို့တက်ခြင်းကိုတားဆီးရန် ညွှန်ကြားနိုင်သောဆေးများ

    အချို့ဆေးများသည် ပျို့တက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ပျို့တက်ခြင်းစိတ်ပူပါကဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်သင့်သည်။ ဆရာဝန်သည် ပျို့တက်ခြင်းကိုသက်သာစေရန် ဆေးရန် သောက်ရန် ညွှန်ကြားနိုင်သည်။ ဥပမာ-

    • Aprepitant
    • Dolasetron
    • Granisetron
    • Ondansetron
    • Palonosetron
    • Proclorperazine
    • Promethazine
    • Lorazepam
    • Metoclopramide
    • Dexamethasone
    • Famotidine
    • Ranitidine

    ဆရာဝန်ကိုဘယ်အချိန်မှာခေါ်မလဲ

    ပျို့တက်ခြင်းသည် ပိုဆိုးလာပါကသို့မဟုတ် သင်၏ နေ့ စဉ် လှုပ်ရှားမှုများကိုဆိုးရွားစွာ နှောင့်ယှက်လာပါကဆရာဝန် ကိုခေါ်ရန် အရေးကြီးပါသည်။ အောက်ပါတို့ ဖြစ်ပွားပါကဆရာဝန် ခေါ်ပါ။

    • အအန်ပျောက်ဆေးများသောက်နေသော်လည်းဓါတုကုထုံးနှင့် စပ်လျဉ်းသောပျို့တက်ခြင်းနှင့် အော့ အန်ခြင်းတို့ ဆက်လက်ခံစားနေရခြင်း
    • အစာစားခြင်းကို နှောင့်ယှက်သည်အထိပျို့တက်ခြင်း
    • ၂၄နာရီ ကြာချိန်တွင် ၄-၅ ကြိမ် အော့အန်ခြင်း
    • ဖောရောင်သည်ဟုခံစားရခြင်း
    • ပျို့တက်ခြင်းနှင့် အော့အန်ခြင်းတို့ မဖြစ်မီအစာအိမ် နာခြင်း၊ ဖောရောင်ခြင်း
    • အအန်ပျောက်ဆေးများမှ ဘေးထွက်ဆိုးကျိုးများခံစားရခြင်းတို့ခံစားရပါက ဆရာဝန်ခေါ်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Translated by ZinWai Yan Linn

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement