home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘာဂါက ဘာကြောင့် ကျန်းမာရေးနဲ့ မညီရတာလဲ

ဘာဂါက ဘာကြောင့် ကျန်းမာရေးနဲ့ မညီရတာလဲ

ဒါတွေ အားလုံးပေါင်းထားတဲ့ ဘာဂါကျမှ ဘာလို့ ကျန်းမာရေးနဲ့ မညီဘူး ပြောရတာလဲ။ အဖြေက ဒီလိုပါ။

၁။ ကယ်လ်လိုရီ

အဲဒီအပေါ်က ကျန်းမာရေးနဲ့ ညီတဲ့အရာတွေရယ်၊ ချိစ်တွေရယ်၊ မရောနိစ်ရယ်နဲ့ ပေါင်းလိုက်တဲ့အခါမှာ ကယ်လိုရီက ၁၀၀၀ ကျော်သွားပါတယ်။ အဓိပ္ပာယ်က လူတစ်ယောက် ပျမ်းမျှတစ်နေ့စာ လိုအပ်တဲ့ ကယ်လ်လိုရီ တစ်ဝက်လောက်က ဘာဂါတစ်လုံးမှာ ပါဝင်နေတာပါ။ ဒီတစ်လုံးနဲ့ ဝလားဆိုတော့လည်း မဝဘူးမဟုတ်လား။ ဘေးနားမှာ အာလူးကြော်လေး ပါဦးမှ။ အချိုရည်လေး ထည့်ဦးမှ ဆိုတော့ တွက်ကြည့်ပေါ့။

၂။ ဆိုဒီယမ်

ဘာဂါမှာ ဆိုဒီယမ်တွေ အများကြီး ပါဝင်ပါတယ်။ မရောနိစ် ပါတဲ့ Double Hamburger တစ်လုံးမှာ ဆိုဒီယမ် ၁၀၈၁ မီလီဂရမ် ပါဝင်ပြီး ရိုးရိုး ဘာဂါအသေးတစ်လုံးမှာတော့ ၂၅၈ မီလီဂရမ်ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသား ကျန်းမာတဲ့ လူကြီးတစ်ယောက်ဟာ တစ်ရက်မှာ ဘယ်နည်းနဲ့မှ ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထက် ပိုပြီး မစားသင့်ပါဘူး။ ဆိုဒီယမ်ပမာဏကို လိုတာထက် ပိုစားရင် နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

၃။ Topping

ဘာဂါဟာ အသားနဲ့ ပေါင်မုန့် (၂) မျိုးတည်းနဲ့ ပြည့်စုံတဲ့ အမျိုး မဟုတ်ပါဘူး။ ဘာဂါမှာ ပါဝင်တဲ့ အဆီ၊ ကယ်လ်လိုရီ၊ သကြားပမာဏတွေနဲ့အတူ ချိစ်တစ်ပြားထည့်လိုက်တာနဲ့ တက်သွားတဲ့ ၅၀၀ မီလီဂရမ်သော ဆိုဒီယမ်ပမာဏ၊ သဘာဝ မဟုတ်တဲ့ အနံ့နဲ့ အရောင်တွေက သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေပါပဲ။

တခြား အကြောင်းအရာတွေ အများကြီး ရှိနေသေးပေမဲ့ ဒီလောက်နဲ့ဆိုရင်တော့ ဘာဂါဟာ ဘာကြောင့် ကျန်းမာရေးနဲ့ မညီရသလဲဆိုတဲ့ အကြောင်းရင်းတွေကို သိသွားလောက်ပြီထင်ပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ စားစရာတွေကို ရွေးချယ်စားသောက်ရင်း လန်းဆန်းတက်ကြွနိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 18/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။