backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။

အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ အသည်းမှာ ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေနေရာကို အစားထိုးပေးတဲ့ အမျှင်ဓါတ်တစ်သျှူး အမျိုးအစား များလာပြီး အမာရွတ်ထင်ကျန်ခြင်းကို ဆိုလိုပါတယ်။ အသည်းခြောက်ခြင်းဟာ အရက်ဖြတ်ပြီးချိန်မှာတောင် ပြန်မကောင်းနိုင်ပါဘူး။

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသည်းခြောက်ခြင်း စဖြစ်ချိန်မှာ လက္ခဏာတွေမပြသလို သွေးစစ်ဆေးမှုဟာလည်း ပုံမှန်ပါပဲ။ ဒါမှမဟုတ် အသည်းကြီးခြင်း တခါတရံ ဘေလုံးကြီးခြင်း တွေ့ရနိုင်ပါတယ်။ အသည်းခြောက်ခြင်းပိုဆိုးလာရင်တော့ ကြွက်သားသိမ်ခြင်း၊ အားနည်းခြင်း၊ အစားအသောက် ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်း၊ ယားယံခြင်း စတဲ့အခြေအနေတွေ ကြုံနိုင်ပါတယ်။ အသည်းဟာ များသောအားဖြင့် ကြီးမလာတော့ဘဲ အမာရွတ်များကြောင့် သေးငယ်သွားပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အသည်းတစ်သျှူးတွေ အနာကျက်လာတဲ့အခါ အသည်းဟာ အရင်ကလို အလုပ်မလုပ်နိုင်တော့ပါဘူး။ လုံလောက်တဲ့ ပရိုတိန်းပမာဏကို ထုတ်မပေးနိုင်တော့ဘဲ သွေးထဲက အဆိပ်ဓါတ်တွေကိုလည်း စစ်မထုတ်ပေးနိုင်တော့ပါဘူး။ အသည်းခြောက်ခြင်းဟာ အကြောင်းအရင်းများစွာကြောင့် ဖြစ်ပွားပါတယ်။ ဒါပေမယ့် အရက်ကြောင့် အသည်းခြောက်ခြင်းကတော့ အရက်သောက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ဖြစ်နိုင်ခြေများ

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အမျိုးသားများ တနေ့ကို ၅ကြိမ်အထက်၊ အမျိုးသမီးများ (၁.၅)ကြိမ် ၁၀နှစ်နဲ့အထက် သောက်သုံးခြင်းဟာ အသည်းခြောက်နိုင်ခြေကို ၆-၄၁% ပိုများစေပါတယ်။
  • အစာမရှိဘဲ အရက်သောက်ခြင်း
  • နေ့စဉ်သောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်မေးမြန်းခြင်း၊ အရက်သောက်သည့် ရာဇဝင်မေးမြန်းခြင်း စတာတွေနဲ့ ရောဂါအတည်ပြု ပါလိမ့်မယ်။ အသည်းခြောက်ခြင်းကို အတည်ပြုနိုင်ဖို့ စစ်ဆေးချက်အချို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ စစ်ဆေးချက်တွေကနေ အောက်ပါရလာဒ်တွေ ပြနိုင်ပါတယ်။

  • သွေးအားနည်းခြင်း (သံဓါတ်နည်းရာမှ သွေးအားနည်းခြင်း)
  • သွေးတွင်း အမိုးနီးယား ပမာဏ မြင့်မားခြင်း
  • သွေးတွင်းသကြားဓါတ်များခြင်း
  • လျူကိုဆိုက် (သွေးဖြူဥ) ပမာဏများခြင်း
  • အသည်းတစ်သျှူးမကောင်းခြင်း (အသားစယူ၍ ဓါတ်ခွဲစစ်ဆေးခြင်း)
  • သွေးဖောက်၍ အသည်းအင်ဇိုင်းစစ်ဆေးခြင်း (AST သည် ALT ထက် ၂ဆများနေခြင်း)
  • သွေးတွင်း မဂ္ဂနီဆီယမ်နည်းခြင်း
  • သွေးတွင်း ပိုတက်ဆီယမ်နည်းခြင်း
  • သွေးတွင်း ဆိုဒီယမ်နည်းခြင်း
  • အသည်းသွေးပြန်ကြောသွေးတိုးခြင်း

ဆရာဝန်ဟာ အသည်းကိုထိခိုက်နိုင်ခြေရှိတဲ့ အရာတွေကိုလည်း စစ်ဆေးပြီး အသည်းခြောက်ခြင်း ရှိမရှိ အတည်ပြုပါလိမ့်မယ်။

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်များဟာ အသည်းရောဂါတချို့ကို ပြန်ကောင်းအောင် ကုသနိုင်ပေမယ့် အရက်ကြောင့် အသည်းခြောက်ခြင်းကိုတော့ ပျောက်ကင်းအောင် မကုနိုင်ပါဘူး။ ဒါပေမယ့် ရောဂါတိုးပွားနှုန်းနဲ့ လက္ခဏာတွေကို လျှော့ချနိုင်တဲ့ ကုသမှု နည်းလမ်းတွေတော့ ရှိပါတယ်။

  • ကုသမှုပထမအဆင့်ကတော့ အရက်ဖြတ်ခြင်းပါပဲ။

အရက်ကြောင့်အသည်းခြောက်သူများဟာ အရက်ကို အလွန်စွဲသွားတာကြောင့် ဖြတ်မယ်ကြံရင် ကျန်းမာရေးပြသနာတွေ ကြုံရပြီး ဆေးရုံမတက်ဘဲ မဖြတ်နိုင်ကြပါဘူး။ ဆရာဝန်တွေဟာ အရက်ဖြတ်သူများအတွက် ဘယ်ဆေးရုံက အသင့်တော်ဆုံးဆိုတာ ညွှန်ပြပေးနိုင်ပါလိမ့်မယ်။

တခြားကုသမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆေးဝါးကုသခြင်း။ ဆရာဝန်ညွှန်းနိုင်တဲ့ ဆေးဝါးတွေကတော့ ကော်တီကိုစတီးရွိုက်၊ ကယ်လ်ဆီယမ်လမ်းကြောင်းတားမြစ်ဆေး၊ အင်ဆူလင်၊ ဓါတ်တိုးဆန့်ကျင်ဆေးများ၊ S-adenosyl-L-methionine (SAMe) စတာတွေ ပါဝင်ပါတယ်။
  • အာဟာရဆိုင်ရာ ဆွေးနွေးခြင်း။ အရက်သောက်ခြင်းဟာ အဟာရချို့တဲ့စေနိုင်ပါတယ်။
  • အပိုဆောင်းပရိုတိန်း။ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်မလာအောင် ပရိုတိန်း အမျိုးအစားအချို့ လိုအပ်ပါတယ်။
  • အသည်းအစားထိုးခြင်း။ အသည်းအစားထိုးမယ့် လူနာဟာ အနည်းဆုံး၆လခန့် ကြိုတင်ပြီး အရက်ဖြတ်ထားရပါမယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အရက်ကြောင့်အသည်းခြောက်ခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါနေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေဟာ အရက်ကြောင့် အသည်းခြောက်ခြင်းအတွက် အထောက်အကူပြုပါတယ်။

  • အရက်မသောက်ပါနှင့်။ အသည်းခြောက်ခြင်းဟာ အရက်ကိုရေရှည်သောက်သုံးခြင်းကြောင့်လား၊ တခြားရောရာလား သိရအောင် အရက်ဖြတ်ပါ။ အရက်သောက်ခြင်းဟာ အသည်းကို ပိုမိုပျက်စီးစေပါတယ်။
  • ဆိုဒိယမ်နည်းတဲ့အစာ စားပါ။ ဆားများများ စားခြင်းဟာ ကိုယ်ခန္ဓါထဲမှာ အရည်တွေစုနေပြီး ဗိုက်နဲ့ခြေထောက်တွေကို ဖောရောင်စေပါတယ်။ ဆားအစား အသီးအရွက်ထွက်ကုန်တွေသုံးပါ။ ဆိုဒီယမ်နည်းတဲ့ အသင့်ပြင်ဆင်ပြီး အစာတွေစားပါ။
  • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားပါ။ အသည်းခြောက်ခြင်းဟာ အာဟာရဓါတ် လျော့နည်းစေပြီး ကြွက်သားတွေကို သေးသိမ်သွားစေပါတယ်။ ဒီပြသနာကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ၊ အသီးအရွက်တွေ စားသုံးပါ။ ပရိုတိန်းလည်း လိုအပ်ပါတယ်။ အရင်ကတော့ အသည်းခြောက်သူတွေအတွက် ဒီအုပ်စုကို ကန့်သတ်ခဲ့ကြပါတယ်။ ပဲအမျိုးမျိုး၊ ကြက်ဘဲ၊ ငါး စတာတွေ စားသုံးပြီး ပင်လယ်စာ အစိမ်းစားခြင်း ရှောင်ကြဉ်ရပါမယ်။
  • ရောဂါပိုးမဝင်အောင် သတိပြုပါ။ အသည်းခြောက်ချိန်မှာ ရောဂါပိုးဝင်ခြင်းကို တွန်းလှန်ဖို့ ခက်ခဲပါတယ်။ လက်ကို မကြာခဏ ဆေးခြင်းဖြင့် ကာကွယ်ပါ။ အသည်းရောင် အေ၊ ဘီ၊ တုတ်ကွေး၊ အဆုတ်ရောင်ခြင်း စတာတွေအတွက် ကာကွယ်ဆေးထိုးပါ။
  • မိမိဖာသာသုံးစွဲတဲ့ ဆေးတွေကို သတိထားပါ။ အသည်းခြောက်နေတဲ့အခါ ဆေးဝါးတွေကို ချေဖျက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဘယ်ဆေးပဲဖြစ်ဖြစ် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အက်စပရင်၊ အိုင်ဘျူပရိုဖင် စတာတွေကို ရှောင်ကြဉ်ပါ။ အသည်းမှာထိခိုက်ပျက်စီးမှုရှိထားရင် ဆရာဝန်ဟာ acetaminophen (Tylenol နဲ့အခြား) ဆေးဝါးတွေကို နည်းနည်းပဲသောက်ဖို့ ပြောပါလိမ့်မယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement