home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

မော်တော်ဆိုင်ကယ်တွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် နယ်မြို့တွေမှာ နေထိုင်သူတွေဟာ‌ ‌စျေးဝယ်သွားတာဖြစ်စေ၊ အလုပ်သွားတာဖြစ်စေ၊ ဆိုင်ကယ်နဲ့သာ အသွားအလာလုပ်တတ်ကြပါတယ်။ နောက်ဆုံးပေါ် မော်တော်ဆိုင်ကယ်တွေကို အပျော်မောင်းနှင်ကာ သဘာဝရှုခင်းကို ခံစားတတ်တဲ့ခရီးသွားတွေလည်း ရှိပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေးတင်မကပါဘူး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။

စိတ်ကျန်းမာရေးတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ “Gym သွားဖို့ အချိန်မရှိရင် ဆိုင်ကယ်မောင်းပါ” လို့တောင် တင်စားတတ်ကြပါသေးတယ်။

() ဦးနှောက်စွမ်းရည်ကို တိုးတက်စေပါတယ်

ဂီယာနဲ့ ကလက်ပါတဲ့ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ဆိုရင် ဦးနှောက်ရဲ့စဉ်းစားဉာဏ် လိုအပ်ပါတယ်။ ဂီယာ (Gear)၊ ကလက် (Clutch) နဲ့ ဘရိတ် (Brake)တို့ကို လိုအပ်သလို ထိန်းညှိကာ မောင်းနှင်နိုင်ဖို့ပါ။ ဆိုင်ကယ်ပေါ်မှာ ဟန်ချက်ညီညီ ထိုင်ပြီး လိုအပ်တဲ့အစိတ်အပိုင်းတွေကို လိုအပ်သလို ထိန်းညှိမောင်းနှင်ဖို့ရန်အတွက် အာရုံစူးစိုက်မှုကောင်းစွာ လိုအပ်ပါတယ်။ ဒါကြောင့် မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခြင်းဖြင့် အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းတွေ မြင့်မားလာမှာပါ။

() စိတ်ဖိစီးမှုကို လျော့ကျစေတယ်

စိတ်ဖိစီးနေပါသလား။ ဆိုင်ကယ်မောင်းလိုက်ပါ။ ဆိုင်ကယ်မောင်းတာဟာ ဖုန်းထဲက ဂိမ်းတစ်ခုကို ဆော့လိုက်တာထက် ပိုအကျိုးရှိပါတယ်။ ဆိုင်ကယ်မောင်းနှင်နိုင်သူ တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာသန်မာပြီး ရင်ဆိုင်လာရတဲ့ပြဿနာတွေကို ရဲရင့်စွာဖြေရှင်းနိုင်ပါတယ်။ ဆိုင်ကယ် မောင်းခြင်းဟာ ကားမောင်းခြင်းနဲ့မတူဘဲ အမိုးအကာမပါတာကြောင့် နေရောင်နဲ့ ကြာကြာထိတွေ့ နိုင်ပါတယ်။ နေရောင်ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ‘Serotonin’ ဆိုတဲ့ ဟော်မုန်းထွက်ပါတယ်။ ‘Serotonin’ ကို ပျော်ရွှင်ခြင်း ဟော်မုန်းလို့လည်းတင်စားကြပါတယ်။ ‘Serotonin’ ထွက်လာရင် စိတ်ကြည်လင်လန်းဆန်းမှုကို ခံစားရမှာဖြစ်ပါတယ်။

() ကာယလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်မယ်။

ကားစီးတဲ့အခါ ထိုင်ခုံပေါ်မှာ ထိုင်ကာ ခါးပတ်ပတ်ထားပြီး စီးတတ်ကြပါတယ်။ ကြွက်သား လှုပ်ရှားမှုမရှိပါဘူး။ ဒါပေမယ့် ဆိုင်ကယ်မောင်းနှင်တာကတော့ ပြောင်းပြန်ပါ။ ဆိုင်ကယ်မောင်းတဲ့အခါ လက်မောင်း၊ ခြေထောက်၊ လည်ပင်း အစရှိတဲ့နေရာက ကြွက်သားတွေကို လှုပ်ရှားပေးနေရပါတယ်။ ဒီအခါမှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ ပိုမို သန်မာလာပြီး ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်ပြီးသား ဖြစ်နေမှာပါ။

() ကယ်လိုရီ လောင်ကျွမ်းစေမယ်။

ဆိုင်ကယ်မောင်းနှင်သူသာမက ဆိုင်ကယ်အနောက်ကနေ လိုက်ပါစီးနင်းသူတစ်ယောက် အတွက်ပါ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။ ဆိုင်ကယ်နောက်ကထိုင်စီးတဲ့ သူတယောက်ဟာ ကယ်လိုရီ (၅၀)လောင်ကျွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။

ဆိုင်ကယ်စီးခြင်းဟာ ခန္ဓာကိုယ်က ဇီဝကမ္မလုပ်ဆောင်ချက်တွေကို အထောက်အကူပြုစေ တာကြောင့် အဆီတွေစုပုံမှုကိုလည်း နှောင့်နှေးစေပါတယ်။

() ‘အန်ဒိုဖင်ဆိုတဲ့ ဟော်မုန်းထွက်ပါတယ်။

‘Endorphins’ ဆိုတဲ့ ဟော်မုန်းဟာ လူတွေရဲ့စိတ်ကို ကြည်လင်လန်းဆန်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ မော်တော်ဆိုင်ကယ်စီးခြင်းကြောင့် ‘Endorphins’ ဟော်မုန်းကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါဟာရိုးရှင်းပါတယ်။ ဆိုင်ကယ်စီးရတာကြောင့် သင်ဟာပျော်ရွှင်မှုကို ခံစားရမယ်။ ခန္ဓာကိုယ်ကနေ ‘Endorphins’ ဆိုတဲ့ဟော်မုန်းထွက်လာမယ်။ ဒါရဲ့နောက်ဆက်တွဲ အနေနဲ့ စိတ်ဖိစီးမှုတွေလျော့ကျမယ်။ စိတ်ဖိစီးမှု လျော့ကျလာတာဟာ သင့်ရဲ့စိတ်ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေနိုင်ပြီး သင့်ကို အသက်ရှည်စေမှာပါ။

() နှလုံးကျန်းမာရေးကို အားဖြည့်ပေးနိုင်မယ်။

ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ကြွက်သားတွေကိုပဲ သန်မာအောင်ပြုလုပ်ပေးနိုင်တာ မဟုတ် ပါဘူး။ သင့်ရဲ့နှလုံးကိုလည်း သန်မာစေပါတယ်။ နှလုံးဟာ ကျန်းမာလာတဲ့အတွက် သွေးပေါင်တက်ခြင်းကိုလည်း တားဆီးပေးနိုင်ပြီး သင့်သွေးပေါင်ကို ပုံမှန်အနေအထားအတွင်းမှာပဲ ထိန်းညှိပေးပြီးသား ဖြစ်နေမှာပါ။

မော်တော်ဆိုင်ကယ်စီးခြင်းဟာ စက်ဘီးစီးခြင်းကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 28/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။