backup og meta

အသည်းသွေးကြော ရိုးရိုးအလုံးအကျိတ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းသွေးကြော ရိုးရိုးအလုံးအကျိတ်

    Hemangioma (ရိုးရိုးသွေးကြောအကျိတ်) ဟာ မွေးရာပါ အမှတ်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေမှာ သေးငယ်တဲ့ သွေးကြောပေါင်းများစွာ ပါဝင်ပြီး အရေပြားကို အနီရောင် (သို့) ခရမ်းရောင် တွေ ဖြစ်ပေါ်စေပါတယ်။ Liver Hemangioma ဟာ အသည်းပေါ်မှာ ရှိတဲ့ သွေးကြောအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ သူဟာကင်ဆာ မဟုတ်ဘဲ ရိုးရိုး အကျိတ်တစ်ခုသာ ဖြစ်ပါတယ်။ အသည်းမျက်နှာပြင်ပေါ်မှာ သို့ အသည်းမျက်နှာပြင်အောက်မှာ ရှုပ်ထွေးနေတဲ့ သွေးကြောတွေပဲ ဖြစ်ပါတယ်။ အသည်းသွေးကြောကျိတ် တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပဲ လက္ခဏာတွေ မပြတတ်ပါဘူး။

    ဒီလိုလက္ခဏာတွေကို မတွေ့ရှိရတတ်တာကြောင့် အခြား မဆိုင်တဲ့ အခြေအနေတစ်ခုကို စစ်ဆေးကြည့်ချိန်မှ ဒါတွေကို တွေ့ရတာ ဖြစ်ပါတယ်။

    အသည်း သွေးကြောကျိတ် တွေဟာ ကင်ဆာမဟုတ်ပဲ ကင်ဆာဖြစ်စေခြင်းလည်း မရှိပါဘူး။ ဒီအကျိတ်တွေဟာ 4cm အရွယ်အစား ရှိပါတယ်။ အချို့သူတွေမှာ ပိုမိုကြီးမားနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေ (သို့) အီစထရိုဂျင် မဟော်မုန်းကုထုံးခံယူနေတဲ့ အမျိုးသမီးတွေမှာ သွေးကြောအလုံးအကျိတ် တွေဟာ ပိုကြီးလာတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အီစထရိုဂျင် ဟာ ဒီအကျိတ်တွေကို ကြီးလာစေလို့ပဲ ဖြစ်ပါတယ်။ ဒီကြီးလာတဲ့ အသည်းသွေးကြောကျိတ် တွေကတော့ လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။

    များသောအားဖြင့် သင့်မှာ အသည်းသွေးကြောကျိတ် တစ်ခုသာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အမြောက်အမြားကို တစ်ပြိုင်နက်တွေ့ရတတ်တဲ့ အခြေအနေတွေလဲ ရှိပါသေးတယ်။

    အသည်းသွေးကြော ရိုးရိုးအကျိတ် (Liver Hemangioma) တွေရဲ့ ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်ပွားမှု မြင့်စေတဲ့ အချက်များ

    ကျွမ်းကျင်သူတွေက ဘာလို့ သွေးကြောတွေပေါင်းစုပြီး အကျိတ် ဖြစ်လာရလဲဆိုတဲ့ အချက်ကို သေချာသိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် အသည်းသွေးကြောရိုးရိုးအကျိတ် (Liver Hemangioma) တွေဟာ မွေးရာပါဖြစ်ပြီး မျိုးရိုးလိုက်တယ်လို့ သဘောတူ ယုံကြည်ထားကြပါတယ်။

    ဒီရောဂါ အတော်များများကို အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားတွေမှာ အတွေ့များပါတယ်။

    အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖြစ်နှုန်းပိုများပါတယ်။ ဟော်မုန်းကုသမှု ယူနေတဲ့ အမျိုးသမီးတွေဟာ အီထရိုဂျင် ပမာဏ များတာမို့ ဖြစ်နှုန်း ပိုများနိုင်ပါတယ်။

    ဒီရောဂါ တွေကို ကလေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒီအခြေအနေကို benign infantile hemangioendothelioma သို့ multinodular hepatic hemangiomatosis လို့ ခေါ်ပါတယ်။ ဒါဟာ ရှားပါးတဲ့ ကင်ဆာမဟုတ်သော အကျိတ်တစ်မျိုး ဖြစ်ပြီး နှလုံးရပ်ခြင်းနဲ့ ကလေးတွေ သေစေခြင်းတွေကိုပါ ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အသက် ၆ လသားလောက်မှာ ဒီရောဂါကို တွေ့ရှိရတတ်ပါတယ်။

    အသည်း သွေးကြောရိုးရိုးအကျိတ် (Liver Hemangioma) တွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    အခြေအနေအများစုမှာ ဒီအကျိတ် တွေဟာ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာရရှိချိန် (သို့) အီစထရိုဂျင် ပမာဏ ပြောင်းလဲချိန်တွေမှာ ဆိုရင်တော့ ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

    ဒီရောဂါ ရဲ့ လက္ခဏာတွေကတော့

    • ဗိုက် အပေါ်ညာဘက်ပိုင်း နာခြင်း
    • အစာအနည်းငယ် စားပြီး ဗိုက်ပြည့်ခြင်း
    • ပျို့ခြင်း
    • အန်ခြင်း
    • အစာစားချင်စိတ် မရှိခြင်း တွေပဲဖြစ်ပါတယ်။

    ဒီအကျိတ် တွေဟာ အစာစားချင်စိတ် လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန် လျော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါ ရဲ့ လက္ခဏာတွေကို တွေ့ရမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်း အကြောင်းကြားသင့်ပါတယ်။

    ဒီရောဂါ ရှိတဲ့ ကလေးတွေမှာ တွေ့ရတဲ့ လက္ခဏာတွေကတော့

    • ဗိုက်ဖေါင်းလာခြင်း
    • သွေးအားနည်းခြင်း
    • နှလုံးထိခိုက်ခြင်း လက္ခဏာများ

    အချို့အခြေအနေတွေမှာ အသည်းမှာရှိတဲ့ ရိုးရိုးသွေးကြောအကျိတ် တွေဟာ သွေးထွက်ခြင်း (သို့) အင်္ဂါရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အလွန်ရှားပါးတဲ့ အခြေအနေတွေမှာတော့ သူဟာ ပေါက်ထွက်နိုင်ပါတယ်။

    အသည်းသွေးကြော ရိုးရိုးအကျိတ် (Liver Hemangioma) ကို ဘယ်လိုတွေ့ရှိနိုင်သလဲ။

    လက္ခဏာ မပြတဲ့သူတွေမှာတော့ ဒီရိုးရိုးအကျိတ် တွေကို အခြားပြဿနာတွေအတွက် စစ်ဆေးချိန်မှသာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိနိုင်ပါတယ်။

    Liver Hemangioma တွေကို များသောအားဖြင့် စစ်ဆေးမှုတွေဖြစ်တဲ့ အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်၊single photon emission၊ SPECT scan အစရှိသည်တို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေက သင့်ဆရာဝန်ကို အသည်းကို သေချာ မြင်ရစေပြီး ပတ်ပတ်လည်က အရာတွေကိုလည်း တွေ့မြင်စေပါတယ်။ သွေးစစ်ဆေးမှုတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်က အခြားအသည်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ရှာဖွေနေတယ်ဆိုရင် အသည်းမှာရှိတဲ့ ရိုးရိုး သွေးကြောအကျိတ်အလုံး ကို တွေ့ရှိနိုင်ပါတယ်။

    အသည်း သွေးကြော ရိုးရိုးအကျိတ် (Liver Hemangioma)ကို ဘယ်လိုကုသမလဲ။

    ဒီအလုံးအကျိတ် အများစုဟာ ကုသဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကြီးလွန်းရင် (သို့) ရောဂါလက္ခဏာတွေ ဖြစ်နိုင်ရင် သူ့ကို ခွဲထုတ်ပစ်သင့်ပါတယ်။ ဒီအလုံးအကျိတ်ဟာ အသည်းတည်ရှိရာနေရာမှာ နာကျင်မှုတွေ၊ ထိခိုက်မှုတွေ ဖြစ်ပွားစေတယ်ဆိုရင် သင့်ဆရာဝန်က ပျက်စီးနေတဲ့ နေရာအကုန်ကို ထုတ်ပစ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

    အသည်း သွေးကြော ရိုးရိုး အကျိတ် ဟာ သူ့ထဲကို သွေးအလုံအလောက် စီးဆင်းနေတယ်ဆိုရင် ကြီးထွားလာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ဆရာဝန်ဟာ ဒီအလုံး အတွင်း ဝင်တဲ့သွေးအခြေအနေကို ပိတ်ဆို့မှာ ဖြစ်ပါတယ်။ သွေးပေးတဲ့ အဓိက သွေးကြောကို ချည်ထားမှာ ဖြစ်ပါတယ်။ အသည်းပတ်လည်နေရာတွေကတော့ သွေးထောက်ပံ့မှုကို ရရှိသေးမှာဖြစ်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို hepatic artery ligation လို့ ခေါ်ပါတယ်။

    နောက်တစ်နည်းကတော့ ဒီအလုံးအကျိတ် အတွင်းကို ဆေးထိုးထည့်ပြီး သွေးထောက်ပံ့မှုကို ပိတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို arterial embolization လို့ ခေါ်ပါတယ်။

    အလွန်ရှားပါးတဲ့ အခြေအနေတွေမှာ အသည်းအစားထိုး ကုသမှု လိုအပ်နိုင်ပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ အသည်းသွေးကြောရိုးရိုးအကျိတ် (သို့) ကုသမှုကို မတုန့်ပြန်တဲ့ အကျိတ် အများအပြား ရှိတဲ့အချိန်မှာသာ ပြုလုပ်မှာ ဖြစ်ပါတယ်။

    အလွန်ရှားပါးတဲ့ အခြေအနေတွေမှာတော့ အကျိတ်ကို သေးသွားစေဖို့ ဓါတ်ရောင်ခြည်ကုသမှု လိုအပ်နိုင်ပါတယ်။

    အသည်းသွေးကြောရိုးရိုးအကျိတ် (Liver Hemangioma) တွေက နောက်ဆက်တွဲဆိုးကျိုး ဘာတွေ ဖြစ်နိုင်သလဲ။

    နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပွားတာ ရှားပါတယ်။ ဆိုးကျိုးတွေကတော့

    • သွေးကြောကျိတ်က ကြီးလာခြင်း
    • အသည်းပျက်စီးခြင်း
    • နာကျင်ခြင်း တွေပဲ ဖြစ်ပါတယ်။

    တကယ်လို့ ကိုယ်ဝန်ရှိနေရင် (သို့) ဟော်မုန်းကုသမှု ယူနေရင် (သို့) အသည်းရောဂါ ရှိနေရင် ဒီ ဆိုးကျိုးတွေ ဖြစ်ပွားမှုကို လျှော့ချဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    အများစုဟာ နောက်ပိုင်းမှာ ကျန်းမာရေးဆိုးကျိုးတွေကို မဖြစ်စေတတ်ပါဘူး။ ရှားပါးတဲ့ သူတွေမှာတော့ အသည်းအစားထိုး ကုသမှု လိုအပ်တတ်ပါတယ်။ အသည်းအစားထိုးကုသမှု ခံယူထားတဲ့လူနာတွေဟာ အစားထိုးထားတဲ့အသည်းကို ကိုယ်ခန္ဓါက ငြင်းပယ်ခြင်းကနေ ကာကွယ်ဖို့ ဆေးတွေကို တစ်သက်လုံးသောက်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကာကွယ်ဖို့ သင့်ဆရာဝန်က ဒီရောဂါ ကို စောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Translated by Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement