backup og meta

အသည်းရောင်အသားဝါ ဘီရောဂါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်အသားဝါ ဘီရောဂါ

    အသည်းရောင်အသားဝါဘီပိုးဟာအသည်းမှာရောဂါကူးစက်စေနိုင်တဲ့ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ သည်ရောဂါပိုးဟာအသည်းကိုထိခိုက်ပျက်စီးစေနိုင်တဲ့နာတာရှည်ရောဂါကိုခံစားရစေနိုင်ပါတယ်။

    အသည်းရောင်အသားဝါဘီပိုးဟာသွေးနဲ့ကိုယ်ခန္ဓါကနေထွက်ရှိလာတဲ့အရည်တွေကတဆင့်ကူးစက်တတ်ပါတယ်။ အကာအကွယ်မပါဘဲလိင်ဆက်ဆံတာနဲ့ရောဂါပိုးရှိသူအသုံးပြုထားတဲ့သင်တုန်းဓါး၊သွားတိုက်တံတို့လိုမျိုးပစ္စည်းတွေနဲ့ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲတာကနေလည်းရောဂါကူးစက်နိုင်ပါတယ်။ ပွေ့ဖက်တာ၊နမ်းတာနဲ့အခြားထိတွေ့မှုတွေကနေတဆင့်လည်းအသည်းရောင်အသားဝါဘီရောဂါပိုးကကူးစက်နိုင်ပါတယ်။

    အသည်းရောင်အသားဝါဘီပိုးကူးစက်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ရောဂါလက္ခဏာတွေကတော့ပင်ပန်းနွမ်းလျ၊ဖျားနာ၊အစားစားချင်စိတ်လျော့နည်း၊ဝမ်းဗိုက်နာကျင၊အသားဝါ၊ဆီးအရောင်ရင၊့် ဝမ်းအမည်းတွေသွားတာတို့ပဲဖြစ်ပါတယ်။ အသည်းရောင်အသားဝါကူးစက်ခံရမှုတော်တော်များများမှာရောဂါကူးစက်ခံထားရသူမှာရောဂါလက္ခဏာတွေမပြတာမျိုးဖြစ်တတ်သလိုအခြားဝေဒနာတွေရဲ့ရောဂါလက္ခဏာတွေလို့မှားယွင်းယူဆမိတာမျိုးလည်းရှိပါတယ်။ အသည်းရောင်အသားဝါပိုးရှိနေလားဆိုတာကိုသေသေချာချာပြောနိုင်ဖို့က သွေးစစ်ကြည့်ဖို့လိုပါတယ်။ အသည်းပျက်စီးနေပြီလို့ယူဆတဲ့ရောဂါမျိုးမှာရောဂါကိုအတည်ပြုဖို့အတွက်အသည်းအသားစကိုယူပြီးစစ်ဆေးဖို့လိုအပ်တာမျိုးလည်းရှိတတ်ပါတယ်။

    အသည်းရောင်အသားဝါဘီရောဂါဟာဆေးမကုဘဲပျောက်သွားတာမျိုးလည်းရှိပါတယ်။ ပြည့်ပြည့်ဝဝအနားယူတာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာကအသည်းရောင်အသားဝါဘီရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်။ ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးတာနဲ့အရက်သေစာကိုရှောင်ရှားတာကလည်းအသည်းရောင်အသားဝါဘီရောဂါကိုသက်သာကောင်းမွန်အောင်အထောက်အကူပြုပါတယ်။ အသည်းရောင်အသားဝါဘီပိုးကြောင့်အသည်းပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ဖို့အတွက်ဆေးကုသမှုခံယးဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဖို့လည်းအကြံပြုချင်ပါတယ်။

    အချို့သောအသည်းရောင်အသားဝါရောဂါတွေမှာဆေးမကုသဘဲထားရာကနေ ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေခံစားရတာမျိုးကိုလည်းတွေ့ရပါတယ်။ သည်နောက်ဆက်တွဲရောဂါတွေထဲမှာအသည်းကင်ဆာ၊အသည်းပျက်စီးတာ၊အသည်းခြောက်နဲ့ကျောက်ကပ်ပျက်စီးတာတွေကိုတောင်ခံစားရနိုင်တာမျိုးတွေရှိပါတယ်။ အသည်းကတော်တော်ကိုပျက်စီးသွားပြီဆိုရင်တော့အသည်းအစားထိုးကုသတာကလည်းနည်းလမ်းတစ်ရပ်ပါ။

    အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်ဖို့အကောင်းဆုံသောနည်းလမ်းကတော့ကာကွယ်ဆေးထိုးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်လိင်ဆက်ဆံတဲ့အခါမှာလည်းကွန်ဒုံးကိုအသုံးပြုပါ။ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊အထူးသဖြင့်ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့အခြားသူရဲ့သွေးကိုထိရခါနီးတိုင်းပလပ်စတစ်လက်အိတ်အသုံးပြုပြီးမှထိဖို့မမေ့ပါနဲ့။

    အသည်းရောင် အသားဝါရောဂါရှိနေပြီဆိုရင်တောင်မှ ရောဂါကိုကောင်းကောင်းထိန်းချုပ်ပြီးအသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားလို့ရပါသေးတယ်။ ရောဂါအခြေအနေကိုကောင်းကောင်းသိအောင်လုပ်ပြီးကိုယ့်ကိုကိုယ် အရင်ကထက်ပိုပြီးဂရုစိုက်ပါ။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုလိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်းအသုံးပြုဖို့ ပြောပါ။ အကူအညီလိုတဲ့အချိန်တိုင်းမှာအကူအညီတောင်းခံပါ။ အသည်းရောင် အသားဝါဘီပိုးဟာနေ့စဉ်ထိတွေ့မှု ကနေမကူးစက်နိုင်တာကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အဆံမလုပ်ဘဲနေဖို့မလိုအပ်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement