backup og meta

အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

    အသည်းသည် ခန္ဓာကိုယ်ရှိ အကြီးဆုံးအင်္ဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကျွန်ုပ်တို့ စားသုံးသောအစားအစာများမှ အန္တရာယ်ရှိသောအရာများ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ထို့ကြောင့် အသည်းရောဂါဖြစ်ပါက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းအတွက်အားဖြည့်သောအစားအစာများ စားသင့်သည့်အပြင် အရက်နှင့်ဆေးလိပ်ကိုလည်း ရှောင်ကြဉ်သင့်ပါ တယ်။

    အသည်းမကောင်းပါက အချို့သောအစားအစာများ (ဥပမာ-အငန်)ကို လျှော့စားသင့်ပါတယ်။ အသည်းအတွက် ကောင်း မွန်သောအစားအစာများမှာ

    • ကြက်သွန်ဖြူ

    ကြက်သွန်ဖြူသည် အသည်းမှ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။ ကြက်သွန်ဖြူသည် allicin နှင့် selenium စသောဒြပ်ပေါင်းများကြွယ်ဝသောကြောင့် ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး အားအင်ပြည့်ဝစေပါတယ်။ ကြက်သွန်ဖြူကို အမွှာလိုက် သို့ အလုံးလိုက်စားသုံးခြင်းက ပို၍ကောင်းမွန်ပါတယ်။

  • ကြက်သွန်နီ
  • ကြက်သွန်နီသည် ကြက်သွန်ဖြူကဲ့သို့ပင် allicin ပါဝင်သောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် flavonoids စသည့်ဒြပ်ပေါင်းများလည်း ပါဝင်ပါတယ်။ ကြက်သွန်နီသည် အစိမ်းလိုက်စားပါက အစာမကြေဖြစ်တတ်သောကြောင့် ချက်ပြုတ်စားသင့်ပါတယ်။

    • ဂရိတ်ဖရုသီး

    ဂရိတ်ဖရုသီးသည် ဗီတာမင် စီနှင့် antioxidant ဒြပ်ပေါင်း များပါဝင်ပါတယ်။ ဂရိတ်ဖရုသီး စားသုံးခြင်းဖြင့် အသည်းကို အဆိပ်အတောက်များ ဖယ်ရှားရာတွင်အားဖြည့်ပေးပါတယ်။

  • အစိမ်းရောင်ရှိသောအရွက်များ
  • အစိမ်းရောင်ရှိသောအရွက်များ (ဥပမာ – ဟင်းနုနယ်ရွက်) သည် အစားအစာတွင် ပါဝင်သော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့်သဘာဝအတိုင်း စိုက်ပျိုးထားသောအရွက်များကို ရွေးချယ်ဝယ်ယူစားသုံးပါ။ လက်ဖက်စိမ်းသည်လည်း catechins နှင့် antioxidant ပါဝင်သောကြောင့်အသည်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပါတယ်။

    • အသီးများ

    အသည်းကို ကျန်းမာစေသော အသီးများစွာရှိပါတယ်။ အသီးများတွင် Glutathione ဟုခေါ်သောအန္တရာယ်ရှိသော ပစ္စည်းများကိုဖယ်ရှားနိုင်သော ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ယင်းဓာတ်သည် ထောပတ်သီးနှင့် walnutတွင် ကြွယ်ဝစွာ ပါဝင်ပါတယ်။ လီမွန်သီးသည်လည်း antioxidant၊ ဓာတ်ဆား နှင့် vitamin C ကြွယ်ဝသောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ဟင်းခတ်အမွေးအကြိုင်အဖြစ်သုံးသော နနွင်းသည် အဆီချေဖျက်မှုနှင့် သည်းခြေရည်ထုတ်လုပ်မှုကို အထောက်အကူပြုပါတယ်။ သို့သော်လည်း အချို့သော အစားအသောက်များသည် အသည်းကိုထိခိုက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

    တစ်နေ့ကို အရက် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ပါဘူး။ ထို့ပြင် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရန်အားကစားလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားခြင်းအလေ့ကိုပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါအတွက် သောက်သုံးရသောဆေးအချို့သည် အသည်းကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဆေး မသောက်မီဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    နိဂုံးချုပ်အားဖြင့်ဆိုရသော် အသည်းကျန်းမာစေဖို့ ကျန်းမာသောစားသောက်မှုနှင့် နေထိုင်မှုပုံစံလိုအပ်တာကြောင့် သင့်တင့်မျှတသောအစားအစာနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    ရေးသားသူ – Dr Sandar Lin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement