backup og meta

ကိုယ်အင်္ဂါအစိတ်အပိုင်း လှူတဲ့ မိသားစုဆီ ကျေးဇူးတင်စာရေးနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အင်္ဂါအစိတ်အပိုင်း လှူတဲ့ မိသားစုဆီ ကျေးဇူးတင်စာရေးနည်း

    စာရေးသင့်မသင့် ဆုံးဖြတ်ခြင်းဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။

    သင့်ရဲ့ ကျေးဇူးတင်မှုကို ဖေါ်ပြဖို့ လုံလောက်တဲ့စကား ရှာမရ ဖြစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါ တစ်ရှူး လက်ခံရရှိသူတွေဟာ လှူတဲ့ မိသားစုကို ကျေးဇူးတင်စကားပြောလိုကြပြီး အစားထိုးခွဲစိတ်မှုအပြီး အခြေအနေကို ဝေမျှလိုကြပါတယ်။

    အများသောအားဖြင့် အလှူရှင်မိသားစုကို စာရေးခြင်းဟာ လန့်စရာကောင်းတာမို့ ကတ်တစ်ခုခုကိုလည်း ရွေးချယ်နိုင်ပါတယ်။ စာမရေးခင် အစားထိုးကုသမှုအပြီး အနည်းဆုံးသုံးလလောက် စောင့်ဆိုင်းသင့်ပါတယ်။ ဒါဟာ သင့်ကလေးငယ်ကိုရော အလှူရှင်မိသားစုကိုပါ နာလာထူဖို့ အချိန်ပေးနိုင်ပါတယ်။

    သင့်ဆေးရုံဟာ လက်ခံသူနဲ့ အလှူရှင်မိသားစုကြားက တွေ့ဆုံမှုတွေကို စီစဉ်ပေးမှာ မဟုတ်ပါဘူး။ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ အနှောင့်အယှက်ကင်းစွာ လုံခြုံမှုကို ထိန်းသိမ်းပေးကြမှာ ဖြစ်ပါတယ်။

    အလှူရှင်မိသားစုကို ရေးသားရန် အချက်တချို့

    • အလှူရှင်မိသားစုကို ကျေးဇူးတင်စကားပြောပြီး သူတို့ရဲ့ မိသားစုဝင် သေဆုံးခြင်းကို စိတ်မကောင်းကြောင်းပြောပါ။ သင့်ကလေးငယ်နဲ့ မိသားစုအကြောင်းပြောပြပါ။
    • အစားထိုးကုသခြင်းဟာ သင့်ကလေးနဲ့ သင့်မိသားစုဘဝကို ဘယ်လိုပြောင်းလဲစေကြောင်း အလှူရှင်မိသားစုကို ပြောပြသင့်ပါတယ်။ လေးစားမှု ပြသတဲ့ ပုံစံနဲ့ ရေးသားသင့်ပါတယ်။ သူတို့မိသားစု တစ်ဦးဦး သေဆုံးခြင်းနဲ့ ပတ်သက်နေတယ်ဆိုတာ မမေ့သင့်ပါဘူး။
    • သင့်အချက်အလက်တွေ ဖြစ်တဲ့ နာမည်၊ ဘယ်မှာနေတယ်၊ ဘယ်အလုပ်လုပ်တယ်၊ ဖုန်းနံပတ် အစရှိတာတွေကို ထည့်မရေးသင့်ပါဘူး။ ဒီလိုအချက်အလက်တွေ ပါတဲ့ စာပေးစာယူကို လုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။
    • ကဒ်ကို လက်မှတ်ထိုးစဉ်မှာ ကျေးဇူးတင်နေတဲ့ မိသားစု တစ်ခု (သို့) အလားတူပုံစံမျိုး ရေးသင့်ပါတယ်။

    စာရေးလို့ပြီးသွားရင်

    ၁။ စာ (သို့) ကဒ်ကို မပိတ်ရသေးတဲ့ စာအိတ်ထဲထည့်ပါ။

    ၂။ အခြား စာရွက်တစ်ရွက်မှာ သင့်နာမည်အပြည့်အစုံနဲ့ ကလေးငယ်ရဲ့ ကိုယ်အင်္ဂါအစားထိုးကုသတဲ့ နေ့ရက်ကို ထည့်ရေးပါ။

    အစားထိုးကုသပေးတဲ့ အဖွဲ့မှတစ်ဆင့် သင့်စာကို ပို့ပေးမှာ ဖြစ်ပါတယ်။ အလှူရှင်မိသားစုက ဒီစာကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ ဆေးရုံမှ စာကို ထိန်းသိမ်းထားပေးမှာ ဖြစ်ပြီး သူတို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျတဲ့အခါ စာကို ပို့ပေးမှာ ဖြစ်ပါတယ်။ သင့်စာဟာ အလှူရှင်မိသားစုကို ရောက်မရောက်ဆိုတာ အစားထိုးကုသတဲ့ အဖွဲ့က သင့်ကို သိစေမှာ ဖြစ်ပါတယ်။

    အချို့အလှူရှင် မိသားစုတွေက စာပြန်နိုင်ပေမယ့် အချို့ကတော့ ပြန်မှမဟုတ်ဘူးဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ဒါကို တမင်တကာ လုပ်တယ်လို့ မယူဆသင့်ပါဘူး။ အချို့မိသားစုတွေကတော့ နှစ်ပေါင်းများစွာ ကြာမှ စာပြန်နိုင်ပါတယ်။

    သင့်အတွေ့အကြုံကို ဝေမျှခြင်း

    အချို့ လက်ခံသူတွေက သူတို့ရဲ့ ကိုယ်တိုင်တွေ့ကြုံကြတဲ့ အတွေ့အကြုံတွေကို ဝေမျှလိုကြပါတယ်။ တကယ်လို့ မီဒီဟာကို ပြောရင် (သို့) လူအများကို ပြောပြတဲ့အခါ နေ့ရက်အတိအကျကို မပြောပြသင့်ပါဘူး။ Facebook ပေါ်၊ blog ပေါ်၊ အခြား လူမှုရေး website တွေကို တင်တဲ့အခါမှာလည်း နေ့ရက်အတိအကျကို မဖေါ်ပြသင့်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement