backup og meta

ခရုန်းရောဂါအတွက် ဗီတာမင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရုန်းရောဂါအတွက် ဗီတာမင်များ

    Crohn’s disease ဆိုသည်မှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော နာတာရှည် ရောဂါ တစ်ခုဖြစ်သည်။ ထိုရောဂါသည် အစာအိမ်အူလမ်းကြောင်း တစ်လျှောက် မည်သည့်နေရာတွင် မဆိုဖြစ်နိုင်ပြီး အထူးသဖြင့် အူသိမ်နှင့် အူမကြီး အစတွင် ပို၍ ဖြစ်ပွားတတ်သည်။

    သင့်မှာ Crohn’s disease ရောဂါ ဖြစ်ပွားလျှင် ဘယ်ဗီတာမင်ဓါတ်တွေ ချို့တဲ့နိုင်သလဲ။

    ဗီတာမင် ဘီ၁၂

    အကယ်၍ သင်သည် အူသိမ်အောက်ဖက်ပိုင်းတွင် ခွဲစိတ်မှုပြုခဲ့ဖူးလျှင် ဗီတာမင်ဘီ၁၂ ဓါတ်ကို အလုံအလောက် စုပ်ယူနိုင်စွမ်းမရှိတော့ပေ။ အူသိမ်အောက်ဖက်ပိုင်းကို အူသိမ်အဖျားပိုင်း (ileum) လို့ခေါ်ဝေါ်ကြသည်။ ပုံမှန်တွင် ထိုအူသိမ်အပိုင်း၌ ဗီတာမင် ဘီ၁၂ ကို စုပ်ယူသည်။ သို့ဖြစ်၍ ထိုအပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လိုက်ပါက ဗီတာမင်ဘီ၁၂ ဓါတ် ချို့တဲ့မှု ဖြစ်ပွားနိုင်သည်။

    ဗီတာမင် ဘီ၁၂ ဓါတ်ကို ခန္ဓါကိုယ်က ထုတ်လုပ်ပြီး သိုလှောင်ထားသည်။ ဗီတာမင်ဘီ ၁၂ ဓါတ်သည် သွေးဆဲလ်များထုတ်လုပ်မှုကို ကူညီသောကြောင့် ထိုဓါတ်ချို့တဲ့ပါက သွေးအားနည်းခြင်းကို ဖြစ်ပွားစေနိုင်သည်။ ဗီတာမင် ဘီ၁၂ သည် ပင်မအာရုံကြောစနစ် လှုပ်ရှားမှုတွင်လည်း အရေးပါသော အခန်းကဏ္ဍမှလည်း ပါဝင်နေပါသည်။

    ဗီတာမင် ဒီ

    နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသော ရောဂါ (Crohn’s disease) ရှိသော လူနာ ၇၀ ရာခိုင်နှုန်းနီးပါးသည် ဗီတာမင်ဒီ ဓါတ်ချို့တဲ့နေသည်။ ဗီတာမင်ဒီသည် ကယ်လ်ဆီယမ်နှင့် အတူ အရိုးကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်တစ်မျိုးဖြစ်သည်။ ၎င်းသည် အရိုးသန်မာကြံ့ခိုင်ဖို့အတွက် ကယ်လ်ဆီယမ်ကို ခန္ဓါကိုယ်မှာ စုပ်ယူနိုင်ရန် ကူညီပေးသည်။ သို့သော Crohn’s disease ရောဂါ ခံစားနေရသော လူနာများသည် ဗီတာမင်ဒီ အလုံအလောက်မရှိပေ။ သတ်မှတ်ထားသော နေ့စဉ် လိုအပ်သည့် ဗီတာမင်ဒီ ဖြည့်စွက်အားဆေး ပမာဏမှာ တစ်ရက်လျှင် ၈၀၀ I.U ဖြစ်ပါတယ်။

    ဗီတာမင် အေ၊ အီး၊ ကေ

    ထိုဗီတာမင်များသည် အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်ဓါတ်များဖြစ်သည်။ နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (Crohn’s disease)ကို ခံစားနေရသော လူနာများသည် အဆီစုပ်ယူဖို့ အခက်အခဲများရှိကာ ဗီတာမင် အေ၊ အီး ၊ ကေ ဓါတ်များချို့တဲ့စေသည်။

    ဗီတာမင်အေကို အသားအရေနှင့် အမြှေးပါးများ ကျန်းမာဖို့အတွက် လိုအပ်သည်။ ၎င်းသည် အရိုးနှင့် သွားများ သန်မာကြီးထွားဖို့ ကူညီပြီး ကိုယ်ခံအားကောင်းစေသည်။ ဗီတာမင် အီးသည် ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး ဆဲလ်နံရံများကို ကာကွယ်ပေးသည်။ ဗီတာမင်ကေသည် သွေးခဲခြင်းကို ကူညီပေးသည်။

    ထို ဗီတာမင်ဓါတ်တွေကို ဘယ်က ရနိုင်သလဲ။

    ထိုဗီတာမင်ဓါတ်တွေကို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ညီညွှတ်မျှတသော ကျန်းမာစေသည့် အစားအသောက်များသည် ဗီတာမင်ဓါတ်များ အလုံအလောက်ပေးနိုင်စွမ်းရှိသည်။ သို့သော် နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသော Crohn’s disease ရောဂါ ဖြစ်ပွားနေသူအတွက် ဗီတာမင်နှင့် သတ္တုဓါတ်များ စုပ်ယူနိုင်စွမ်းသည် လျော့နည်းလျက်ရှိသည်။ သင်သည် ထိုဗီတာမင်ဓါတ်တွေကို အောက်ပါ အစားအသောက်များကနေ ရရှိနိုင်ပါတယ်။

  • ဗီတာမင် ဘီ ၁၂ ။ ။ အသား၊ ဝက်သား၊ ငါး၊ ပင်လယ်စာ၊ ဥ၊ နို့်နှင့် နို့ထွက်ပစ္စည်းများ ။ အပင်များတွင်တော့ မတွေ့ရပါ။
  • အသားရင်းမြစ်မှ ရသော ဗီတာမင် အေ (Retinol)။ ။ အာဟာရဓါတ်ဖြည့်ထားသော နို့၊ ဒိန်ခဲ၊ ခရင်မ်၊ ထောပတ်၊ အာဟာရဓါတ် ထပ်ဖြည့်ထားသော မာဂျရင်း၊ ဥများ၊ အသည်း။
  • အပင်ရင်းမြစ်မှ ရသော ဗီတာမင်အေ (Beta-carotene)။ ။ အစိမ်းရင့်ရောင် ဟင်းရွက်များ၊ လိမ္မော်ရင့်ရောင် သစ်သီးဝလံများ (သခွားမွှေးသီး) နဲ့ ဟင်းသီးဟင်းရွက်များ (မုန်လာဥ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ )
  • ဗီတာမင်အီး ။ ။ အရွက်မှရသော ပိုလီ မပြည့်ဝဆီ (ပဲပိစပ်၊ ပြောင်းဖူး၊ ဝါစေ့၊ ဆူးပန်း) ၊ အစိမ်းရောင် အရွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ အစေ့အဆန်ထွက်ကုန်များ၊ အသည်း၊ ဥအနှစ်၊ အခွံမာသီး နှင့် အစေ့များ။
  • ဗီတာမင် ကေ။ ။ အစိမ်းရောင်အရွက် ရှိသော ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီထုပ်များ၊ နို့။ ဗီတာမင်ကေကို အူလမ်းကြောင်းတွင် ဘက်တီးရီးယားပိုးများမှ တစ်ဆင့်လည်း ထုတ်လုပ်ပေးသည်။
  • သင်သည် ထိုဗီတာမင်ဓါတ်များ ရရှိစေဖို့ ဖြည့်စွက်စာများလည်း စားသုံးနိုင်ပါသည်။ Crohn’s disease ရောဂါ ပြင်းထန်မှုနှင့် ရောင်ရမ်းမှုဖြစ်ပွားသော နေရာကိုလိုက်၍ တစ်ဦးနှင့် တစ်ဦး လိုအပ်ချက်များကွဲပြားနိုင်သည်။

    အကယ်၍ ရောင်ရမ်းခြင်းသည် အူသိမ် အဖျားပိုင်း (ileum) တွင် ဖြစ်ပွားလျှင် ဗီတာမင် ဘီ၁၂ ဖြည့်စွက်စာ လိုအပ်ပါသည်။ ထိုဖြည့်စွက်စာများကို သောက်ဆေး၊ ထိုးဆေး၊ နှာဖြန်းဆေး အနေဖြင့် ရရှိနိုင်ပါသည်။ အကယ်၍ သင့်မှာ အထက်ပါ ရောဂါ အခြေအနေရှိလျှင် ဆရာဝန်က သင့်သွေးအားနည်းရောဂါကို ကုသဖို့ သွေးတွင်း ဗီတာမင် ဘီ၁၂ ဓါတ် ပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။

    အူလမ်းကြောင်းလုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်သောရောဂါ (Irritable bowel disease, IBD) ကို ခံစားနေရသော လူအများစုအတွက် အားဆေး ပုံမှန်သောက်ရခြင်းသည် မလွန်ပါ။ နာတာရှည်အူလမ်းကြောင်းရောင်ရမ်းသော ရောဂါ (Crohn’s disease)တွင် အစာကို မချေဖျက်နိုင်ခြင်းသည် ဖြစ်လေ့ရှိသော အရာတစ်ခုဖြစ်သည်။ အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ သည် ဆေးလုံးအနေထက် ဆေးရည်အနေဖြင့် သောက်သုံးပါက ပို၍ စုပ်ယူအားကောင်းစေသည်။

    အူလမ်းကြောင်းရောင်ရမ်းသော ဝေဒနာခံစားနေရသော လူနာအများစုသည် အာဟာရနှင့် ရေဓါတ်ဆုံးရှုံးမှုနည်းစေရန် အစားအသောက်ကို ချင့်ချိန်စားသုံးဖို့ လိုအပ်သည်။ သင့်လိုအပ်ချက်အတွက် အသင့်တော်ဆုံး စားသောက်မှုပုံစံအတွက် ဆရာဝန် (သို့) အာဟာရကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement