(၃) သင့်အစားအစာထဲမှာ ပါတဲ့ gluten ပမာဏကို ကန့်သတ်ပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေနဲ့ မသက်သာသေးဖူးဆိုရင် gluten မပါတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ရပါမယ်။ Gluten ဆိုတာ ဂျုံအမျိုးမျိုးမှာ တွေ့ရတတ်တဲ့ အခြေခံပရိုတင်းတမျိုး ဖြစ်ပါတယ်။
Gluten မှာပါဝင်တဲ့ ပရိုတင်းအချို့ဟာ ရှုပ်ထွေးလွန်းတာမို့ သင့်ခန္ဓာကိုယ်အနေနဲ့ အစာခြေဖို့ အခက်တွေ့ရပါတယ်။ Gluten ပါဝင်တဲ့ အစားအစာပုံစံတွေ အမျိုးမျိုးရှိပြီး သူတို့ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။
သင့်အနေနဲ့ Gluten လုံးဝမပါဝင်တဲ့ အစားအသောက်တွေကို ရက်သတ္တပတ် နှစ်ပတ်လောက် စမ်းပြီး စားသုံးကြည့်နိုင်ပါတယ်။
ဆိုလိုတာက အီကြာကွေး၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ခေါက်ဆွဲ၊ ပီဇာ၊ ယိုသွပ်မုန့်လေးတွေ၊ ဒိုးနတ်၊ ဘီစကစ်နဲ့ ကွတ်ကီး စတဲ့ အစားအစာတွေကို မစားရဖူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ သူတို့အစား ဘာစားရမလဲ။ Oatmeal (ကွေကာအုတ်) ဟာ သင့်အစာအိမ်အတွက် ပိုမို သင့်တော်ပါတယ်။ Oatmeal ဟာ Gluten ပါဝင်တဲ့ အစားအစာတွေနဲ့ ခပ်ဆင်ဆင်တူပြီး ဗိုက်လည်းဝစေပါတယ်။
ဒီလို ရှောင်လိုက်လို့ သက်သာတယ်ဆိုရင် နောက်ပိုင်းမှာ Gluten ပါဝင်တဲ့ အစားအစာတွေကို ရှောင်ဖို့ ဒါမှမဟုတ် တတ်နိုင်သမျှ လျှော့စားဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။