backup og meta

အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား

    အစာအိမ် ရောဂါ ရှိတာလား နွားနို့သောက်လေ။ နွားနို့က အစာအိမ် အတွက်ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလို သိထားကြတာပဲ။ အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား ။ဒါက တကယ်ရော မှန်ရဲ့လား။

    အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား

    အမှန်ကတော့ အစာအိမ်အက်စစ် ပြန်ဆန်တက်တဲ့ ဝေဒနာကို သက်သာဖို့ နွားနို့သောက် ကြတာပါ။ ရင်ပူလာရင် အစာအိမ်အက်စစ် ထွက်တာ လျော့သွားအောင် နွားနို့သောက်ခြင်းက ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ်အက်စစ် ထွက်တာကို ယာယီပဲ လျော့စေနိုင်တာဖြစ်ပြီး တကယ် ကုသပေးနိုင်တာ မဟုတ်ပါဘူး။

    နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်း ကြွက်သားတွေကို အားကောင်းစေပြီး အစာအိမ်ရင်ပူခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏ ခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့ အစားအသောက်တွေကြောင့် အစာအိမ်အက်စစ် ပိုထွက်စေနိုင်လို့ သောက်မယ်ဆို အဆီထုတ် နွားနို့ကမှ အဆင်ပြေနိုင်ပါတယ်။

    နွားနို့သောက် လိုက်ရင် ရင်ပူတာနဲ့ အစာအိမ်အက်စစ်ကြောင့် ဖြစ်တဲ့ အနာတို့ရဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သောက်တာများရင်တော့ အက်စစ် ပိုထွက်စေပြီး ပိုလို့တောင် ဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်သမားတွေ အနေနဲ့ အက်စစ်ထွက်ရှိမှု ထိန်းနိုင်ဖို့ နွားနို့ နဲ့ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ မစားမသောက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

    နွားနို့သောက်မလား ဘာတွေစားလို့ရမလဲ

    နွားနို့အပြင် အစာအိမ်သမားတွေ စားသုံးနိုင်တဲ့ အစားအစာတွေကတော့

    Probiotics ပါတဲ့အစားအစာ

    ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးပါတယ်။

    အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ

    ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

    ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာ

    ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီနဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။

    ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာ

    ဗီတာမင် C က အနာကျက်စေနိုင်တဲ့ အစွမ်း ရှိတာမို့ ဒီဓာတ် မလုံလောက်တဲ့ သူတွေမှာ အစာအိမ် အနာဖြစ်နိုင်ခြေ ပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားလို့ ရပါတယ်။ အချဉ်တွေ စားမယ်ဆိုရင်တော့ သတိပြုပါ။ တချို့တွေက အချဉ်တွေ စားတဲ့အခါ ရင်ပူဝေဒနာ ပိုဆိုးတတ်လို့ပါ။

    ဒါကြောင့် နွားနို့ သောက်မယ်ဆို အဆီနည်းတဲ့ နွားနို့ကို တော်သင့်ရုံ အနည်းအကျဉ်း သောက်ပါ၊ သက်သာပါတယ်။ အစာအိမ် မကောင်းချိန်မှာ အဆီတွေ၊ မလိုင်တွေနဲ့ အဆီပြည့် နွားနို့တွေ၊ နို့ထွက်ပစ္စည်းတွေကို များများ မသောက်၊ မစားပါနဲ့။

    တစ်ချိန်တည်းမှာပဲ အစာအိမ်နာရတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ပါ အကြံပြုချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement