backup og meta

အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

    ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အစာခြေစနစ်ရော အစာအိမ်ပါ ကျန်းမာဖို့ လိုပါမယ်။ အစာအိမ်ရောဂါ ရှိနေတယ်။ ဒါပေမယ့် ကျန်းကျန်းမာမာ နေချင်တယ် ဆိုရင် အစာအိမ်လေးရဲ့ ကျန်းမာရေးကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက် အစာအိမ် ဝေဒနာ ရှိသူတွေအတွက် ကျန်းမာစွာ နေထိုင်နည်းလေးကို ပြောပြပေးပါရစေနော်။

    အစာအိမ်ရောဂါဘာကြောင့်ဖြစ်ရတာလဲ………….

    ဒီနေရာမှာ လူတော်တော် များများ ယူဆကြတာက အစာအိမ် ရောဂါ ဖြစ်ရတာက အစားမမှန်လို့လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ ဒီတစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။

    အစားစားချိန် မမှန်တာကြောင့် အစာအိမ် ရောဂါ ဖြစ်နိုင် သလို အစားကို လိုတာထက် ပိုစားတာ၊ အပူအစပ်တွေ စားတာ၊ အက်ဆစ်ပါဝင်မှု လွန်ကဲတာတွေ စားသုံးတာ၊ အယ်လ်ကိုဟော သောက်သုံးမှုတွေကြောင့်လည်း အစာအိမ် ထိခိုက်နိုင်ပါတယ်။ အစာအိမ်ပိုးနဲ့ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း အစာအိမ် ထိခိုက်နိုင်ပါတယ်။

    အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

    အစာအိမ် ရောဂါ ရှိနေသူ တစ်ယောက် အနေနဲ့ အစာအိမ်ကို ထိခိုက် စေမယ့်အရာတွေကို မစားမိတာ ကတော့ အကောင်းဆုံးပါ။ ဒါကြောင့် အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ အစာ ကြေခဲတဲ့ အစားအစာတွေကို မစားသုံးသင့် ပါဘူး။

    ကဖင်း၊ အယ်လ်ကိုဟော နဲ့ ဆေးလိပ် သောက်သုံးမှုတွေကိုလည်း ရှောင်ကြဉ်ဖို့ လိုပါမယ်။ ဒါ့အပြင် အစာခြေအက်ဆစ် အထွက် များစေမယ့် အစားအစာတွေ ကိုလည်း ရှောင်ဖို့ လိုပါမယ်။ ဒီလို ပြောရတဲ့ အကြောင်းအရင်းက အစာခြေ အက်ဆစ်က လိုတာထက် ပိုများတဲ့အခါ အစာအိမ် နံရံတွေကို ထိခိုက် စေနိုင်တာ ကြောင့်ပါ။

    ဒါ့အပြင် နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေအောင် ဂရုစိုက်သင့်သလို ရေဓာတ် လုံလောက်အောင် သောက်သုံးဖို့လည်း မမေ့သင့်ပါဘူး။ ဂတ်စ် ပါဝင်မှု များတဲ့ အချိုရည်တွေ ကိုလည်း တတ်နိုင်သမျှ ရှောင်ဖို့ လိုပါမယ်။

    ဒါဆိုရင် ဘာတွေ စားရမလဲလို့ မေးစရာ ရှိနေမှာပါ။ ဒီတော့ အစာအိမ် ရောဂါ ရှိနေတယ် ဆိုရင် အခု ပြောပြမယ့် အစားအစာလေးတွေကိုတော့ စားသုံးပေးလို့ ရပါတယ်။

    ဒါကတော့ မြင်သာအောင် ရေးပြထားတာပါ။ ပြောရမယ်ဆိုရင် ရှောင်ရမယ့် အစားအစာတွေကလွဲလို့ ကျန်တာတွေကို သင့်တင့်မျှတအောင် စားနိုင်ပါတယ်။ ဒါတွေပဲ စားရမယ်လို့ မဟုတ်ပါဘူး။

    အခု ပြောခဲ့တဲ့ အစားအစာ တွေကို စားမယ်။ အချိန် မှန်မှန် စားမယ်။ ရေဓာတ် ပြည့်ဝအောင် နေမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်။ စိတ်ဖိစီးမှုတွေကို ဖြေလျှော့မယ်။ အိပ်ရေး ဝဝ အိပ်မယ် ဆိုရင်တော့ အစာအိမ်လေးက ကျန်းမာ နေစေမှာ အသေအချာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement