backup og meta

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

    ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် လူအချို့သည် ၎င်းတို့ ဝမ်းသွားပုံသည် ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနည်းခြင်း (သို့) ဝမ်းသွားရခက်ခဲခြင်းကို ခံစားရလေသည်။ ၎င်းကို ဝမ်းချုပ်ခြင်း ဟု ခေါ်သည်။ ကင်ဆာလူနာများခံစားရသော ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်စီမံရမလဲဆိုသော နည်းလမ်းအချို့ကို ဤ ဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

    ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို မပြောခင် ဝမ်းချုပ်ခြင်းဆိုတာဘာလဲ။ ဝမ်းချုပ်ခြင်းသည် ကင်ဆာဆေးသွင်းကုသခြင်းနှင့် အခြား ကင်ဆာကုသမှုများနှင့် ဘယ်လိုဆက်စပ်နေပါသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝမ်းချုပ်ခြင်းဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနှေးခြင်း၊နည်းခြင်း (သို့) မာပြီးခြောက်နေသော ဝမ်းမစင်များသွားခြင်းကို ဆိုလိုသည်။

    ကင်ဆာဆေးသွင်းကုသခြင်းသည် ဘာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေတာလဲ။

    အချို့ကိစ္စများတွင် ကင်ဆာဆေးသွင်းကုသခြင်းသည် အူနံရံကို ထိခိုက်စေပြီး ပြောင်းလဲမှုများဖြစ်ပေါ်စေသည်။ ၎င်းသည် ဝမ်းချုပ်ရခြင်း အဓိက အကြောင်းရင်းပဲဖြစ်သည်။ ထို့ပြင် စားသောက်မှုပုံစံပြောင်းလဲခြင်း၊ လှုပ်ရှားမှုမရှိခြင်းကလည်း ဝမ်းချုပ်ခြင်းကို ပိုမိုဖြစ်ပွားစေသည်။ သင့်ဆရာဝန်သည် သင့်ဝမ်းချုပ်ခြင်းကို ကုသဖို့ ဆေးဝါးများညွှန်ကြားပေးပါလိမ့်မည်။

    ဝမ်းချုပ်ခြင်း၏ လက္ခဏာတွေက ဘာတွေလဲ။

    · ဝမ်းသွားနည်းခြင်း။ ဝမ်းသွားတာ နည်းမနည်းဆိုတာကို သင့်ပုံမှန်ဝမ်းသွားလေ့ရှိသော အကြိမ်ရေပေါ် မူတည်ပြီး စဉ်းစားရပေမည်။ ဥပမာ။ အကယ်၍ သင်သည် ပုံမှန်တစ်နေ့ တစ်ကြိမ် ဝမ်းသွားသူဆိုလျှင် နှစ်ရက်သုံးရက်နေမှ တစ်ခါသွားခြင်းကို ဝမ်းချုပ်တယ်လို့ ဆိုရမည်။ ထိုပြောင်းလဲမှုသည် ပုံမှန်လိုပြောင်းလဲသွားရမှာ ဖြစ်ပြီး တစ်ကြိမ်တစ်ခါလေး ပြောင်းလဲသွားရုံနဲ့ ဝမ်းချုပ်တယ်လို့ အမည်တပ်ခွင့်မရှိပေ။

    · ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းမာခြင်း။ မကြာခဏဆိုသလို သေးငယ်သော ကျောက်စရစ်အရွယ် ဝမ်းများသွားမည်ဖြစ်ပြီး ဝမ်းကုန်သွားသော စိတ်ကျေနပ်မှုမရရှိပေ။

    ဝမ်းမချုပ်အောင် ဘယ်လိုလုပ်ရမလဲ။

    ဝမ်းချုပ်ခြင်းကို အောက်တွင်ဖော်ပြထားသော အစားအသောက်ပုံစံပြောင်းလဲခြင်း (သို့) နေ့စဉ် လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

    • အမျှင်ဓါတ်ပါသော အစာများများစားပါ။

    အမျှင်ဓါတ်ကြွယ်ဝသော အစားအသောက်များများစားသုံးဖို့ အရေးကြီးပါသည်။ အမျှင်ဓါတ်သည် ဝမ်း၏ထုထည်ကို ကြီးမားစေပြီး သဘာ၀ ဝမ်းပျော့ဆေးကဲ့သို့ အာနိသင်ရှိကာ အူလမ်းကြောင်းမှတစ်ဆင့် ဝမ်းများကို မြန်မြန်ဆင်းသွားစေသည်။ အသီးအရွက်များသည် ကယ်လိုရီနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများသောကြောင့် အဆီကျစေသော အစားအသောက်များဟုပင် သတ်မှတ်ထားကြပါသည်။ ဥပမာ။ ။ ဂျုံဖွဲနုခွက်တစ်ဝက်စာတွင် အမျှင်ဓါတ် ၁၁.၃ ဂရမ်ပါဝင်သည်။

    ဤသည်ကို ကြည့်ခြင်းအားဖြင့် အမျှင်ဓါတ်ကြွယ်ဝကြောင်း သိနိုင်သည်။ ဖွဲနု အခြေခံ စီရီယယ်လ်များကို ရွေးချယ်ခြင်းသည် သင့်ကိုဝမ်းများများသွားစေပါသည်။ ဗိုလ်စားပဲသည်လည်း အမျှင်ဓါတ်ကြွယ်ဝပြီး ဗိုလ်စားပဲခွက်တစ်ဝက်တွင် အမျှင်ဓါတ် ၅.၉ ဂရမ် ပါရှိလေသည်။ အခြားအမျှင်ဓါတ်ကြွယ်ဝသော အစားအစာများမှာ ဖလက်ရှ်စေ့၊ ဂျုံ စပါဂစ်တီ၊ အစိမ်းရောင်ပဲလုံးတို့ ဖြစ်ပါသည်။ သစ်သီးနှင့် အသီးအရွက်များသည်လည်း အမျှင်ဓါတ်ကြွယ်ဝပါသည်။

    ရှားစောင်းဂျဲလ်၊ buckthorn ဆူးချုံပင်တစ်မျိုး၏ အခေါက်၊ ကယ်လီဖိုးနီးယားတယ်၏ သစ်ခေါက်၊ ငုပင်၊ ဒန်ဒလီယွန်အရွက်၊ ပွေးကိုင်း၊ psyllium၊ triphala နှင့် turkey rhubarb အပင်များပဲဖြစ်ပါတယ်။ ၎င်းတို့သည် သဘာဝအပင်များမှ ရရှိသည်ဖြစ်သော်လည်း အချို့ဆေးဖက်ဝင်အပင်များသည် ပမာဏအများအပြား သုံးစွဲလျှင် ဘေးဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ဆေးဖက်ဝင်အပင် ဖြည့်စွက်စာများကို သုံးစွဲတော့မည်ဆိုလျှင် ညွှန်ကြားထားသော ဆေးပမာဏအတိုင်း တိတိကျကျ သုံးစွဲပါ။

    • ရေ (သို့) ဖျော်ရည်များများသောက်သုံးပါ။

    နေ့စဉ် တစ်ရက်ကို အရည် ၈ ခွက်သောက်သုံးဖို့ အကြံပြုလိုပါသည်။ ရေသည် အကောင်းဆုံးဖြစ်သည်။ သစ်သီး နှင့် အရွက်ဖျော်ရည်များသည်လည်း ထိုနည်းတူ ကောင်းမွန်ပါသည်။ အအေးထက်စာလျှင် ကော်ဖီ၊ လက်ဖက်ရည်ကဲ့သို့သော အရည်ခပ်နွေးနွေးကို သောက်သုံးသင့်ပါသည်။

    • လေ့ကျင့်ခန်းလုပ်ပါ။

    တစ်ရက်ကို ၁၅ မိနစ် မှ မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း၊ ယောဂလေ့ကျင့်ခြင်းသည်လည်း အစာအိမ်အူလမ်းကြောင်းအတွက် အထောက်အကူဖြစ်စေပါတယ်။

    • ဆေးဝါးများ

    အကယ်၍ သင့်အခြေအနေသည် မသက်သာဘဲ ပိုဆိုးရွားလာလျှင် ဆရာဝန်နဲ့ သွားရောက်ပြသပြီး ဆေးသောက်ဖို့ လိုအပ်ပါတယ်။ သင့်ဆရာဝန်က သင့်ကို ညွှန်နိုင်သော ဆေးအချို့ကို အောက်တွင် ဖော်ပြလိုက်ပါတယ်။

    • Psyllium (Metamucil ®)

    • Senna (Senokot®)

    • Bisacodyl (Dulcolax®)

    • Docusate sodium (Colace®)

    • Glycerin suppository

    • Magnesium citrate

    • Magnesium hydroxide (Milk of Magnesia®)

    • Lactulose (Chronulac®)

    • Sorbitol and sodium phosphate (Fleet’s enema®)

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသ သင့်သလဲ။

    လူတိုင်းမှာ မတူညီတဲ့ ပုံမှန် အူလှုပ်ရှားပုံနှင့် ဝမ်းသွားပုံများ ရှိကြပါတယ်။ အကယ်၍ သင် အစားနည်းသွားလျှင် ဝမ်းသွားတာလည်းနည်းသွားမှာကို သတိပြုမိပါလိမ့်မယ်။

    အကယ်၍ သင်သည် အောက်ဖော်ပြပါ ကင်ဆာဆေးသွင်းကုသမှုကြောင့်ဝမ်းချုပ်ခြင်း လက္ခဏာများကို ခံစားနေရပြီဆိုလျှင်တော့ ဆရာဝန်နဲ့ ချက်ခြင်း ပြသတိုင်ပင်သင့်ပါတယ်။

    • ဗိုက်နာခြင်း

    • ဖျားခြင်း

    • လေမလည်ခြင်း

    • ဝမ်းချုပ်ခြင်းနှင့်အတူ မူးဝေ၊အော့အန်ခြင်း

    • သင့်ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပေမဲ့ သုံးရက်အျွှွင်း ဝမ်းမသွားလျှင်

    • အကယ်၍ သင့်အစာအိမ်ဖောင်းတင်းပြီး စမ်းကြည့်လျှင်တင်းမာနေပါက ဆရာဝန်နဲ့ ပြသသင့်ပါသည်။

    ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် ဝမ်းချုပ်ခြင်းသည် သင့်အား မအီမသာဖြစ်စေပါသည်။ အထက်ပါနည်းလမ်းအချို့သည် သင့်အား ဝမ်းချုပ်ခြင်း မှ ကာကွယ်ရန် (သို့) သက်သာစေရန် ကူညီနိုင်မည့် ရိုးရှင်းသော နည်းလမ်းများဖြစ်ပါသည်။ သို့သော် သင့်ရောဂါ အခြေအနေ နှင့် တိကျသော ကုသမှုအတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ကိုတော့ တိုက်တွန်းအားပေးလိုပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement