အန်ချင်လိုက်တာ။ အစာမကြေဘူးထင်တယ်။ အန်လိုက်တော့ အစာတွေတင်မဟုတ်ဘဲ သွေးစတွေ ပါလာတယ်။ အရောင်က ကော်ဖီရောင် ရင့်ရင့် ဖြစ်နေတယ်။ ဝမ်းသွားတာကလည်း ဝမ်းက အနက်ရောင်တွေ ဖြစ်နေတယ်၊ ဝမ်းထဲမှာ သွေးတွေ ပါလာတယ်ဆိုပြီး စိုးရိမ်နေကြပြီလား။
ထွက်မှာ သေချာပြီလား။
အန်ချင်လိုက်တာ။ အစာမကြေဘူးထင်တယ်။ အန်လိုက်တော့ အစာတွေတင်မဟုတ်ဘဲ သွေးစတွေ ပါလာတယ်။ အရောင်က ကော်ဖီရောင် ရင့်ရင့် ဖြစ်နေတယ်။ ဝမ်းသွားတာကလည်း ဝမ်းက အနက်ရောင်တွေ ဖြစ်နေတယ်၊ ဝမ်းထဲမှာ သွေးတွေ ပါလာတယ်ဆိုပြီး စိုးရိမ်နေကြပြီလား။
အန်တဲ့အခါ သွေးပါတာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာတွေက ပြင်းထန်တဲ့ ရောဂါ တစ်ခုခုကြောင့် ဆိုတာထက် ဖြစ်နိုင်ခြေ အရှိဆုံး တစ်ခုက ပါးစပ်ကစလို့ အစာဟောင်းစွန့်တဲ့ နေရာအထိ ပါဝင်နေတဲ့ အစာခြေစနစ်မှာ ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာကို ဖော်ပြနေတာပါ။ ဒီ အခြေအနေကို ကြည့်ပြီး အရမ်း မစိုးရိမ်သွားစေချင်ပါဘူး။ အန်ရင် သွေးပါတယ်။ ဝမ်းသွားတဲ့အခါ သွေးပါတယ်ဆိုတာက ကုသလို့ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တယ် ဆိုတာကို သတိရစေချင်ပါတယ်။
အန်တဲ့အခါ သွေးပါတယ်။ ဝမ်းမှာ သွေးပါတယ်ဆိုတိုင်း အရမ်းပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေလို့ တထစ်ချ မယူဆစေချင်ပါဘူး။ ဒီလို အခြေအနေကို ရင်ဆိုင်ရတဲ့အခါ လုပ်ဆောင်ရမယ့် အရေးအကြီးဆုံးအချက်က ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို တိတိကျကျ အဖြေထုတ်ဖို့ တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး ဆေးကုသမှု ခံယူဖို့ပါ။
အစာခြေစနစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ အစာရေမျို၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ် နဲ့ စအိုအထိ နေရာတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့နေရာတွေမှာ အနာဖြစ်မယ်၊ အစာအိမ်နံရံမှာ အနာရှိမယ်ဆိုရင်လည်း အန်တဲ့အခါ သွေးပါတာနဲ့ ဝမ်းသွားတဲ့အခါ သွေးပါတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းတွေက တော်တော်လေးတော့ များပါတယ်။ အစာခြေစနစ် အပေါ်ပိုင်းမှာ သွေးထွက်တဲ့အခါ အန်ရင် သွေးပါတာမျိုး ဖြစ်စေနိုင်ပြီး အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။
အခုပြောခဲ့တဲ့ အခြေအနေတွေကြောင့် အစာခြေစနစ်မှာ သွေးထွက်ပြီး အန်ရင် သွေးပါတာ၊ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။
အစာခြေစနစ်မှာ သွေးထွက်နေတာကြောင့် အန်ရင်သွေးပါတယ်။ ဝမ်းသွားရင် သွေးပါတယ်ဆိုတာက သွေးစလေးတွေ အနည်းငယ် ပါတာလောက်ကို မဆိုလိုပါဘူး။ တစ်ခါတလေ သွားဖုံးနဲ့ ပါးစပ်ထဲမှာ အနာတွေ ဖြစ်တဲ့အခါမျိုးမှာလည်း အန်တဲ့အခါ သွေးစလေးတွေ ပါလာတာမျိုး ဖြစ်နိုင်ပါတယ်။
အစာခြေစနစ်မှာ ဖြစ်တဲ့ပြဿနာတွေအတွက် ဗိုက်ကိုခွဲပြီး ကုသမှုပေးတဲ့ (open surgery) ကို အသုံးပြုလို့ ရသလို အခုနောက်ပိုင်းတိုးတက်လာတဲ့ နည်းလမ်းတစ်ရပ်ဖြစ်တဲ့ Minimally invasive laparoscopic (keyhole) surgery ကိုလည်း အသုံးပြုလို့ ရပါတယ်။
အစာခြေစနစ်မှာ သွေးထွက်တာမျိုး ဖြစ်နေတဲ့အခါ အရင်ဆုံးက ပြဿနာရှိနေတာက အစာခြေစနစ်ရဲ့ ဘယ်အပိုင်းလဲဆိုတာကို အရင်ဆုံး အတည်ပြုရပါမယ်။ဒီလို အတည်ပြုဖို့အတွက် အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်တဲ့ နည်းကို သုံးပါတယ်။ ဒီနောက်မှာတော့ သွေးထွက်နေတဲ့နေရာက အစာခြေစနစ် အထက်ပိုင်းမှာ ဖြစ်နေမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်းကြည့် မှန်ပြောင်းကနေတဆင့် သွေးထွက်နေတဲ့ နေရာကို အပ်နဲ့ ဓာတုပစ္စည်းကို တိုက်ရိုက်ထိုးသွင်းပြီး သွေးတိတ်အောင် လုပ်ဆောင်ပေးပါတယ်။
တကယ်လို့ အစာခြေစနစ်ထဲက နေရာတစ်ခုခု (ဥပမာ အူနံရံတွေ၊ အစာရေမျိုနဲ့ အစာအိမ်၊ အူမကြီး) တို့မှာ အကျိတ်ဖြစ်တာကို ဖယ်ရှားဖို့ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့လိုပါမယ်။ ဒီလို အခြေအနေမှာ open surgery ကို အသုံးပြုလို့ရပေမယ့် အနာကျက်မြန်စေပြီး ဒဏ်ရာကြီးကြီးမားမား မကျန်စေဖို့ဆိုရင်တော့ Minimally invasive laparoscopic (keyhole) surgery က ပိုအဆင်ပြေပါမယ်။။
ဒါကြောင့် အန်ရင်သွေးပါတာ၊ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်တဲ့အခါ စိုးရိမ်တာထက် မှန်ကန်တဲ့ ကုသမှုကို ခံယူဖို့ တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး ကုသမှုတွေကို ခံယူဖို့ ပြောပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Bleeding in the Digestive Tract: Why It Happens https://www.webmd.com/digestive-disorders/bleeding-digestive-tract#1 Accessed Date 10 July 2020
What’s to know about vomiting blood? https://www.medicalnewstoday.com/articles/314031 Accessed Date 10 July 2020
Gastrointestinal Bleeding or Blood in the Stool https://www.hopkinsmedicine.org/health/conditions-and-diseases/gastrointestinal-bleeding-or-blood-in-the-stool Accessed Date 10 July 2020
Why Am I Vomiting Blood? https://www.healthline.com/health/vomiting-blood Accessed Date 10 July 2020
Gastrointestinal (GI) Bleeds https://www.hog.org/handbook/article/3/33/gastrointestinal-gi-bleeds Accessed Date 10 July 2020
Gastrointestinal bleeding https://www.mayoclinic.org/diseases-conditions/gastrointestinal-bleeding/diagnosis-treatment/drc-20372732 Accessed Date 10 July 2020
Vomiting blood https://www.mayoclinic.org/symptoms/vomiting-blood/basics/causes/sym-20050732 Accessed Date 10 July 2020