backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Colic (လေထိုးလေအောင့်နာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Colic (လေထိုးလေအောင့်နာ) ကဘာလဲ။

လေထိုးလေအောင့်နာဆိုသည် စိတ်ပင်ပန်းစေခြင်းဖြစ်စေသောအခြေအနေတစ်ခုဖြစ်သည်။ ကျန်းမာပြီးအစားအသောက်ကောင်းစွာစားသောကလေးတွင်ပင်ဖြစ်တတ်သည်။ လေထိုးလေအောင့်နာခံစားနေရသောကလေးသည် တနေ့သုံးနာရီထက်မက တပါတ်သုံးရက်မက ငိုတတ်သည်။ သုံးပါတ်ကျော်ထိငိုတတ်သည်။ ကလေးအား သက်သာအောင် သင်ပြုလုပ်ပေးသောအရာမှန်သမျှ ထိုအချိန်တွင်သက်သာမှုမဖြစ်ပါ။

လေထိုးလေအောင့်နာသည် ကလေးကောမိခင်ကိုပါ စိတ်ပင်ပန်းမှုဖြစ်စေသည်။ သို့သော် အချိန်အတန်ကြာတွင် ပြန်ကောင်းသည်။ အပါတ်အနည်းငယ် လအနည်းငယ်တွင်သက်သာမည်ဖြစ်သော်လည်း မိဘဖြစ်ရသောစိန်ခေါ်မှုတရပ်ကိုစတင်ခံစားရသည်ဟုပင်တွေးမိနိုင်သည်။

Colic (လေထိုးလေအောင့်နာ) က ဘယ်လောက်အဖြစ်များသလဲ

လေထိုးလေအောင့်နာသည် ခြောက်ပါတ်နှင့် ရှစ်ပါတ်ကလေးများတွင်ဖြစ်တတ်ပြီး ရှစ်ပါတ်နှင့်ဆယ့်လေးပါတ်တွင် ပျောက်ကင်းသွားတတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Colic (လေထိုးလေအောင့်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကြေးများခြင်းနှင့် ငိုခြင်းများဖြစ်တတ်သည်။ သို့သော် ကြေးများသောကလေးတိုင်းက လေထိုးလေအောင့်နာဖြစ်ခြင်းတော့မဟုတ်ပါ။

ကျန်းမာသောကလေးများတွင်ဖြစ်တတ်သော လေထိုးလေအောင့်နာ၏ရောဂါလက္ခဏာများမှာ

  • ကြိုတင်ခန့်မှန်းနိုင်သော ငိုသည့်ကာလ

လေထိုးလေအောင့်နာဖြစ်တတ်သောကလေးများတွင် နေ့တိုင့်းအချိန်မှန်ငိုတတ်သည်။ များသောအားဖြင့် နေ့ခင်းပိုင်းများနှင့် ညနေများတွင်ဖြစ်သည်။ ဖြစ်သောကြာချိန်မှာ မိနစ်အနည်းငယ်မှ သုံးနာရီလေးနာရီထိကြာတတ်သည်။ လေထိုးလေအောင့်နာဖြစ်ပြီးချိန်တွင် လေလည်ခြင်းနှင့် အူလှုပ်ရှားမှုများတွေ့တတ်သည်။

  • အလွန်အမင်းသို့မဟုတ် ဖြေသိမ့်၍ မ၇စွာငိုကြွေးခြင်း။

အသံအကျယ်ကြီးနှင့်ငိုပြီး စိတ်ပင်ပန်းစေသည်။ မျက်နှာတခုလုံးနီရဲလာပြီး နေသာထိုင်သာမရှိတော့ပါ။

  • အကြောင်းပြချက်မရှိပဲငိုခြင်း ပုံမှန်ကလေးများတွင်လဲတခါတရံငိုတတ်သည်။ များသောအားဖြင့်ကလေးမှတခုခုလိုအပ်သောကြောင့်ငိုခြင်းဖြစ်နိုင်သည်။ဥပမာ အစားအသောက်သို့မဟုတ် ကလေးခါးထောင်းကျိုက်ပိတ်စလဲရန်လိုခြင်း။ လေထိုးလေအောင့်နာကြောင့်ဖြစ်သောငိုခြင်းသည် အကြောင်းပြချက်မရှိဖြစ်တတ်သည်။
  • နေထိုင်ပုံပြောင်းလဲခြင်း။
  • ခြေထောက်များကောက်လိမ်ခြင်းလက်သီးကျစ်ကျစ်ဆုပ်ခြင်း နှင့် ဗိုက်ရှိကြွက်သားများတောင့်တင်းခြင်းတို့သည် လေထိုးလေအောင့်နာတွင်အဖြစ်များသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    ကလေးပြုတ်ကျခြင်း ဒဏ်ရာရရှိခြင်းနှင့် ဖျားခြင်းကြောင့် ငိုသည်ဖြစ်ပါက ချက်ချင်းကုသမှုယူပါ။

    • ကလေးငိုနေချိန် နှာခမ်းများပြာလာခြင်း
    • ကလေးငိုခြင်းနှင့် အခြားအရာများဆက်စပ်မှုရှိနေခြင်း များသောအားဖြင့် အိပ်နေချိန် စားနေချိန် နှင့်အပြုအမူပြောင်းလဲခြင်း။

    ကလေးဘယ်အချိန်တွင်ငိုတတ်သလဲ တခါငိုရင်ဘယ်လောက်ကြာသည်တို့ကိုမှတ်စုဖြင့်မှာထားသင့်သည်။ ကလေး၏အိပ်ခြင်း စားခြင်းပုံသဏာန်များကိုလဲမှတ်တမ်းတင်သင့်သည်။

    အကြောင်းရင်းများ

    Colic (လေထိုးလေအောင့်နာ) ကိုဘာတွေကဖြစ်စေသလဲ

    ဖြစ်စေသောအကြောင်းအရင်းကိုအခုထိ တိတိကျကျမသိရသေးပါ။ အချို့သောလေ့လာပညာရှင်များက ပုံသေနည်းများထုတ်ကြသည်။

    ဥပမာ- ဓါတ်မတည့်မှုများ နီု့သိကြားမတည့်ခြင်း နှင့် အူတွင်ပုံမှန်ရှိသည့်အကောင်များ ပြောင်းလဲခြင်း၊ အူလမ်းကြောင်းကောင်းမွန်စွာမဖွံဖြိုးသေးခြင်း စိုးရိမ်မှုပြင်းသောမိဘများဖြစ်နှင့် နှင့် ကလေးအား အစာကျွေးပုံ ကွဲလွိဲခြင်းတို့ကြောင့်ဖြစ်တတ်သည်ဟုဆိုကြသည်။ သို့သော် အကြောင်းအရင်းကားမသေချာပါ

    ဖြစ်နိုင်ခြေများ

    Colic (လေထိုးလေအောင့်နာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    လေထိုးလေအောင့်နာဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။့

  • ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးချိန်တွင် မိခင်မှဆေးလိပ်သောက်ခြင်းသည် ကလေးလေထိုးလေအောင့်နာဖြစ်ပွားနှုန်းကိုများစေသည်။
  • လေထိုးလေအောင့်နာဖြစ်စေသော အကြောင်းမှာမသေချာသော်လည်း အချို့အကြောင်းများကြောင့်ဖြစ်နိုင်သည်ဟု လေ့လာချက်အချို့ကဆိုသည်။
  • ဥပမာ-
    1. ပထမကလေးနှင့် ဖော်မြူလာနှင့်ကျွေးသောကလေးများတွင်မဖြစ်တတ်ပါ။
    2. နို့တိုက်သောမိခင်မှ လေထိုးလေအောင့်နာမဖြစ်တတ်ပါ။
    3. ယောက်ျားလေးကော မိန်းမလေးတွင်တူညီစွာဖြစ်တတ်သည်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Colic (လေထိုးလေအောင့်နာ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်ဆရာဝန်မှ လေထိုးလေအောင့်နာဟုထင်ပါက စမ်းသက်မှုများပြုလိမ့်မည်။ ကလေး၏အရင်ကျန်းမာရေး သင်ကလေးအားသက်သာအောင်သင်]ကြိုးပမ်းမှုများ နှင့်အခြားရောဂါလက္ခဏာများကိုမေးလိမ့်မည်။ သင့်အား ကလေးငိုခြင်းသည်မည့်မျှပင်ပန်းစေသည် ကလေးကိုဘယ်လိုအစာကျွေးသည် ကလေးလေထသည်ကိုပြခိုင်းလိမ့်မည်။ ကလေးဘယ်လောက်ငိုသည် ကို မှတ်ခိုင်းလိမ့်မည်။

    ကလေးတွင် စိတ်ပူရသောလက္ခဏာများရှီပါက ဥပမာ အန်ခြင်း သို့မဟုတ် ဖျားခြင်းရှိပါက ဓါတ်ခွဲခန်း စမ်းသက်မှုများ သို့မဟုတ် ဓါတ်မှန်ရိုက်၍ ဖြစ်စေသောအကြောင်းကိုရှာဖွေလိမ့်မည်။

    Colic (လေထိုးလေအောင့်နာ) ကို ဘယ်လိုကုသပါသလဲ

    လေထိုးလေအောင့်နာသည် အသက်သုံးလတွင် သူ့ဟာသူ သက်သာသွားတတ်သည်။ သို့သော် ကလေးကိုကူညီနိုင်သည်ဟုူသော တိကျသည့် ကုသချက်များမရှိပါ။ အချို့ ကုသမှုများမှာအောက်ပါအတိုင်းဖြစ်သည်။

    လေထခြင်းကိုသက်သာစေသည့်ကုသမှုများ။

    တွီုင်းရိုက်ဆေး (လည်ပင်းရှိ အဂါၤ တစ်မျိုး) သောက်နေသောကလေးမှလွဲ၍ အခြားကလေးများအတွက် လုံခြုံမှုရှိသည်။

    ပရိုဘိုင်အိုတစ်

    အရာတစ်ခုဖြစ်ပြီး အစာအိမ်ရှိကောင်းသောဘတ်တီးရီးယားကိုပွားစေသည်။ လေထိုးလေအောင့်နာဖြစ်သောကလေးများတွင် ထိုဘက်တီးရီးယားများလုံလောက်မှုမရှိဖြစ်တတ်သည်။ လေ့လာသူများက ထို ဘက်တီးရီးယား များကိုပြန်ဖြည့်ဖို့ကြိုးစားကြသည်။ လက်တိုဘက်စလပ် ရိုတက်ရီ သည် လေထိုးလေအောင့်နာကိုသက်သာစေသည်။ သို့သော် တချို့လေ့လာချက်များက အကျိုးရှိသည်ဆိုသော်လည်း အချို့က အကျိုးမရှိဟုလည်းဆိုသည်။ တချို့ကျွမ်းကျင်သူများက ယခု ပရိုဘိုင်အိုးတစ်သုံးခြင်းကိုအားမပေးတော့ပါ။

    ူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လေထိုးလေအောင့်နာကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လေထိုးလေအောင့်နာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    အစာကျွေးချိန်တွင်ကလေးအား တည့်မတ်စွာကိုင်ထားခြင်း

    သင်သည် ကလေးနို့တိုက်နေပါက နို့ရည်တဖက်ကုန်သည်အထိတိုက်ပြီးမှ နောက်တဖက်သို့ပြောင်း၍တိုက်သင့်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေးလိုအင်ကိုပိုပြည့်ဝစေသည်။ အာဟာရပိုရစေသည်။ နို့ဦးရည် ရေဆာမှုကိုသက်သာစေသည်။

    မိခင်နို့တိုက်နေပါက သင့်အစားအသောက်ပုံသဏာန်ပြောင်းလဲပါ။

    ကလေးနို့တိုက်နေသောမိခင်၏အစားအသောက်သည် လေထိုးလေအောင့်နာအားသက်သာခြင်းမဖြစ်စေပါ။ သို့သော် မိသားစုအတွင်းဓါတ်မတည့်မှုများရှိပါက သင့်အစားအစာအတွင်း ဓါတ်မတည့်စေသောအရာအားရှောင်ရှားခြင်းဖြင့် ကလေးအားဓါတ်မတည့်မှုဖြစ်ခြင်းကိုကာကွယ်နိုင်သည်။

    သင်သည် ကလေးအားနို့တိုက်နေပါက ကလေးဆရာဝန်သည် ဓါတ်မတည့်မှုဖြစ်စေသောအစားအစာများကိုရှောင်ခိုင်းလိုက်မည် ဥပမာ နို့ထွက်ပစ္စည်း ပဲ ဂျုံ ငါးပဲငါးပြာရည်တို့အား နှစ်ပါတ်ထိရှောင်ခိုင်းပြီး ကလေးရောဂါလက္ခဏာသက်သာမှုရှိမရှိကိုလေ့လာလိမ့်မည်။

    ကလေးဖော်မြူလာ အစာကိုပြောင်းလဲခြင်း

    သင်သည် ကလေးအားမိခင်နို့တိုက်ကျွေးနေခြင်းဖြစ်ပါက ဖော်မြူလာအစာကြောင့်ရောဂါလက္ခဏာပေါ်ခြင်းမဖြစ်နိုင်ပါ။ သို့သော် ကလေးသည် နွားနို့သို့မဟုတ် နို့ကိုမတည့်သူဖြစ်ပါက ဟိုင်ဒရိုလိုင်စိတ် ဖော်မြူလာပါသည့်အရာကိုပြောင်းလဲပေးသင့်သည်။

    နို့ဘူးပြောင်းပေးပါ။

    ရွေးချယ်စရာ နို့ဘူးများ နို့သီးခေါင်းများစွာရှိပါသည်။ မတူညီသော နို့ဘူး ပြောင်းလဲပေးခြင်းဖြင့်ရောဂါလက္ခဏာအားသက်သာစေသည်။ နို့ဘူးတွင်ခေါက်၍ရသော တခါသုံးဖြစ်သော အိတ်များပါဝင်ပါက ကလေးအား လေကိုမြိုချစေမှုနည်းစေသည်

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement