backup og meta

အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

    အစာစားပြီး နောက်ပိုင်းမှာ ဖြစ်လာတာချင်း တူတယ် ဆိုပေမယ့် ဝေဒနာ အတိမ်အနက်က မတူပါဘူး။ အစာအဆိပ်သင့် ဖြစ်နေတာကို ရိုးရိုး အစာမကြေတာလို့ ထင်နေပြီး ပေါ့ဆနေမိရင် အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစော ကုသနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

    အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတော့

    အစာမကြေ ဖြစ်တာ

    အစာမကြေ ဖြစ်ပြီဆိုရင် –

    • နေထိုင်မကောင်းလောက်အောင် ပြည့်ကယ်နေခြင်း
    • ခေါင်းကိုက်၊ မအီမသာဖြစ်ခြင်း
    • လေချဉ်တက်ခြင်
    • အစာအိမ်ထဲမှ အစာများ ပြန်တက်လာခြင်း
    • လေပွခြင်း
    • ပျို့ခြင်း၊ အန်ခြင်း တို့လို လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

    အစာအဆိပ်သင့်တာ

    အစာအဆိပ်သင့်တယ် ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတာကြောင့်ပါ။ ရောဂါပိုး ပါနေတဲ့ အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာ စပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက် စောင့်ရှောက်ရင်း သက်သာသွား တတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာ ပြင်းထန်သူ တချို့ကိုတော့ ဆေးရုံတင်ဖို့ လိုအပ်နိုင်ပါတယ်။

    အစာအဆိပ်သင့်တဲ့အခါ သိသာတဲ့ လက္ခဏာတွေ ကတော့

    • မအီမသာ ဖြစ်မယ်၊
    • အန်မယ်၊
    • ဝမ်းလျှောမယ်၊
    • ဝမ်းမှာ သွေးပါမယ်၊
    • ဗိုက်အောင့်တယ်၊
    • ကိုယ်ပူမယ်။

    အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာ စတတ်တယ်။ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ် ကြာမှ လက္ခဏာ ပေါ်လာတာတောင် ရှိတတ်ပါတယ်။ အစာ အဆိပ်သင့်တဲ့ ဝေဒနာကို ခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ ချီပြီး ကြာမြင့်နိုင်ပါတယ်။

    ဒါဆို ဘာလုပ်ရမလဲ

  • မအီမသာ၊ ပျို့အန်ခြင်းကို အရင်သက်သာအောင်လုပ်ပါ။
  • အန်တာမသက်သာမချင်း နာရီပိုင်းအတွင်း ဘာမှထပ်မစားပါနဲ့။ အစာအိမ်ကို သက်သောင့်သက်သာထားပါ။
  • ဆာလာရင် ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ခရက်ကာ၊ ငှက်ပျောသီး၊ ပေါင်မုန့်စတာတွေ နည်းနည်းစားလိုက်ပါ။ အန်ချင်လာရင် ရပ်ထားပါ။
  • ရေသောက်ရင် တခါတည်းများများမသောက်ပါနဲ့။ နည်းနည်းချင်းနဲ့ မကြာခဏသောက်ပါ။
  • အစာအဆိပ်သင့် ဖြစ်နေချိန်မှာ အအန်ပျောက်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေကို ဆရာဝန် မညွှန်ကြားဘဲ မသောက်ပါနဲ့။ ရေဓာတ်ဆုံးရှုံးမှု ဖြစ်နိုင်တာကြောင့် ဆရာဝန်က ဒီဆေးတွေကို လိုအပ်မှ ညွှန်ကြားလာနိုင်ပါတယ်။
  • လက္ခဏာတွေ မသက်သာခင်အထိ နို့ထွက်ပစ္စည်း၊ ကဖင်း၊ အယ်ကိုဟော၊ နီကိုတင်းနဲ့ အဆီများ၊ အရသာလေးတဲ့ စားစရာတွေကို ရှောင်ပါ။
  • အားကုန်နွမ်းလျနေမှာမို့ အနားယူပါ။
  • အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နေပြီဆို ဓာတ်ဆားရည် သောက်ပါ။
  • ဒါပေမယ့် ၃ ရက်အတွင်း မသက်သာလာခဲ့ရင် ဒါမှမဟုတ် အောက်ပါ လက္ခဏာတွေ ဖြစ်လာရင်

    • ဗိုက် အရမ်း အောင့်တာ
    • အဖျား တက်တာ
    • ဝမ်းသွားတဲ့အထဲ သွေးပါတာ၊ ဝမ်းအမည်းတွေ သွားတာ
    • ဆက်တိုက် အန်နေတာ၊ သွေးပါလာတာ
    • ရေဓာတ်ခန်းခြောက်မှု လက္ခဏာတွေ ရှိလာတာ (အာခေါင်ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ ခေါင်းမူးခြင်း၊ မောပန်းအားကုန်ခြင်း၊ အသက်ရှူမြန်၊ နှလုံးခုန်မြန်ခြင်း)
    • အမြင်အာရုံမှုန်ဝါးလာတာ၊ ကြွက်သားအားနည်းလာတာ၊ လက်မောင်းမှာ ထုံကျဉ်လာတာလိုမျိုး အာရုံကြောပြဿနာတွေဖြစ်လာပြီဆို ဆရာဝန်အမြန်ဆုံးပြပါ။

    တကယ်လို့ အစာအဆိပ်သင့် လက္ခဏာတွေ ရှိနေရင် ပြင်းထန်နေပြီ၊ ခံစားရ မသက်သာဘူးဆို ဆေးရုံဆေးခန်း အရင်သွားပြီး စစ်ဆေးကုသမှု ခံယူတာ စိတ်အချရဆုံး ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement