backup og meta

အသည်းရောင်အသားဝါရောဂါနှင့် စိတ်အားငယ်ခြင်းကိုအားပေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်အသားဝါရောဂါနှင့် စိတ်အားငယ်ခြင်းကိုအားပေးခြင်း

    အသည်းရောင်အသားဝါရောဂါဖြစ်ခြင်းသည် ဘဝတွင် အခက်ခဲဆုံးသောတွေ့ကြုံမှုဖြစ်ပါတယ်။ သင်မထမဆုံးရင် ဆိုင်ကြုံတွေ့ရမှာကတော့ စိတ်အလိုမကျခြင်းဖြစ်ပါတယ်။ ၎င်းကိုကျော်လွှား ရန်ခက်ခဲသော်လည်း မိမိစိတ်ကိုထိန်း ချုပ်ရန်နှင့်မကောင်းသောအတွေးများမတွေးရန်ကြိုးစား သင့်ပါတယ်။ အခက်အခဲများကိုသင်ရင်ဆိုင်ကျော်လွှား နိုင်ရန်သတင်းအချက်အလက်အချို့ကိုအောက် တွင်ဖော်ပြထားပါတယ်။

    သင့်တွင်အသည်းရောင်အသားဝါရောဂါရှိမှန်းသိသောအခါ နောက်ဆက်တွဲစိတ်မတည်ငြိမ်ခြင်းများ(စိတ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အကာအကွယ်မဲ့ခြင်း) ကိုခံစားရနိုင်ပါတယ်။ စိတ်မတည် ငြိမ်ခြင်းကိုကိုင်တွယ်ရသည်မှာသိပ်တော့မလွယ်ကူလှပါဘူး။ မိသားစုနှင့် သူငယ်ချင်းဖေးမမှုများလိုအပ်သလို အခက်အခဲ များကိုကျော်လွှားရန် အဓိကအကြောင်းရင်းမှာသင်ကိုယ် တိုင်ပင်ဖြစ်ပါတယ်။

    မိမိခန္ဓါကိုယ်ကို ဂရုစိုက်ပါ။

    ခန္ဓါကိုယ်ကျန်းမာပြီး အားအင်ပြည့်ဝနေသောအခါ သင့်၏ စိတ်သည်လည်းပို၍ရွှင်လန်းနေမှာပါ။ အားကစားလုပ်ခြင်း၊ အာဟာရရှိသောအစာစားခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း များသည်သင်၏ခန္ဓါကိုယ်ကျန်းမာလှပစေဖို့အခြေခံလိုအပ် သောနည်းလမ်းများဖြစ်ပြီး စိတ်အလိုမကျမှုများကိုပို၍ခံနိုင် ရည်ရှိလာပါလိမ့်မည်။ မကျန်းမာစေသောအလေ့အထများ (ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ခြင်း၊ ဆရာဝန်မညွှန်ကြားဘဲဆေးသောက်ခြင်း) ကိုရှောင်ကြဉ်ရန် မမေ့ပါနှင့်။

    သင့်ရောဂါနှင့်ပတ်သက်သောဗဟုသုတများကိုရှာဖွေပါ။

    သင့်ရောဂါအကြောင်းပို၍သိလာလေ၊ သင်ခံစားနေရသော စိတ်ဖိစီးမှုများလျော့နည်းလာလေဖြစ်မည်။ အဘယ်ကြောင့် ဆိုသော် ရောဂါနှင့်ပတ်သက်၍ဗဟုသုတရှိလျှင် သင့်ကျန်း မာရေးပိုမိုကောင်းမွန်ရန် ဘာလုပ်ရမည်ကိုသိလာသော ကြောင့်ဖြစ်သည်။ ထို့ပြင်သင့်ရောဂါကြောင့်ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကိုကိုင်တွယ်နိုင်ရန်ကူညီပါလိမ့် မည်။

    ဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါ။

    သင်ကြိုက်သောအရာများ၊ ဝါသနာများပြုလုပ်ခြင်းသည် သင့်ကိုကောင်းမွန်လာစေနိုင်ပါတယ်။ နာကျင်မှုနှင့်မ ကောင်းသောစိတ်ခံစားမှုများပေါ်တွင်အာရုံစိုက်နေလျှင် သင်နှစ်သက်သောအရာများကိုမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်အိမ်မှာဘဲနေပြီး ရောဂါအကြောင်းစဉ်းစားနေတာ မျိုးမလုပ်ပါနှင့်။ သီချင်းနားထောင်ခြင်းသည်လည်းစိတ်ပျော် ရွှင်မှုတချို့ပေးနိုင်ပါတယ်။ သင်နှစ်သက်သောသီချင်း သို့ တခါမျှနားမထောင်ဖူးသောသီချင်းအသစ်များနှင့် နေ့ရက်ကို စတင်လိုက်ပါ။

    သဘာဝအသံများ(ရေလှိုင်းသံ၊ သစ်ရွက်လှုပ်သံနှင့် စမ်းချောင်းအသံ) သည်လည်းသင်၏ စိတ်အာရုံကိုကြည်လင်စေနိုင်မှာပါ။ ဖန်တီးမှုများ(ဥပမာ- ပန်းချီဆွဲခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ တူရိယာတီးခြင်း၊ ချက်ပြုတ်ခြင်း) ပြုလုပ်ခြင်းသည်လည်းသင့်စိတ်ကိုအေး ချမ်းတည်ငြိမ်စေမှာပါ။ သဘာဝအလှများကိုခံစားခြင်း (ခရီးတိုသွားခြင်း၊ ကမ်းခြေသွားခြင်း၊ တောင်တက်ခြင်း) သည်အကောင်းဆုံးအရာဖြစ်ပါတယ်။ အကယ်၍သင့်တွင် အချိန်မရလျှင်ပန်းခြံသို့သွားပြီးလမ်းလျှောက်ခြင်းဖြင့်ပျော် ရွှင်ခံစားနိုင်ပါတယ်။

    သင်ချစ်ခင်သောသူနှင့် အချိန်ကိုကုန်ဆုံးပါ။

    အထက်တွင်ဖော်ပြထားသကဲ့သို့ခက်ခဲသောအချိန်များကို သင်တစ်ယောက်တည်းကျော်ဖြတ်ရန်မှာခက်ခဲလှပါတယ်။ မိသားစုသည်သင့်အတွက်အကြီးမားဆုံးခွန်အားဖြစ်သည်ကို သတိရပါ။ ယနေ့ခေတ်တွင်တစ်ယောက်တည်းတသီးတခြား ဖြစ်ရန်လွယ်ကူလှပါတယ်။ သို့သော်လည်းသင့်တွင်အသည်း ရောင်အသားဝါရောဂါရှိလျှင်တော့တစ်ယောက်တည်း မနေသင့်ပါဘူး။ ဆွေမျိုးသားချင်းသူငယ်ချင်းများနှင့် စကားပြောရင်းအချိန်ကုန်ခြင်းဖြင့် ပို၍ရင်းနှီးလာပြီးသူတို့၏ ဖေးမမှုများကိုရရှိလာနိုင်ပါတယ်။

    စိတ်အလိုမကျမှုများကိုကျော်လွှားနိုင်ရန်အချိန်လိုအပ်ပါလိမ့် မည်။ သို့သော်လည်းသင်တစ်ယောက်တည်းအခက်အခဲများ ကို မဖြေရှင်းနိုင်တာကိုသတိရပါ။ သင့်ဘေးနားတွင်ရှိသော လူများနှင့်တိုင်ပင်ပါ။ အခက်အခဲများကိုသင်လွယ်လွယ်လေး ကျော်ဖြတ်နိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement