backup og meta

အသည်းကျန်းမာရေး, လေ့ကျင့်ခန်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကျန်းမာရေး, လေ့ကျင့်ခန်း

    လေ့ကျင့်ခန်းနှင့် အသည်းကျန်းမာရေး

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ အသည်းကင်ဆာ သည် ကမ္ဘာ့ပေါ်တွင် သေဆုံးမှုကိုဖြစ်စေသော အကြောင်း ရင်းတစ်ရပ် ဖြစ်သည်။ ၎င်းသည် အသည်းကင်ဆာဖြင့် မရှင်သန်နိုင်ပါဟု မဆိုလိုပါ။ နေထိုင်မှု ပုံစံကို ပြောင်းလဲ ခြင်း သင်၏ ရလဒ်ကို ပြောင်းလဲနိုင်ပါသည်။ ထိုပြောင်းလဲ မှုများအနက် တစ်ခုမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ဖြစ် သည်။ မည်သည့် လေ့ကျင့်ခန်းကို မဆို မစတင်မီ အသည်း ကင်ဆာရှိပါက သင်သိသင့်သည်များ ရှိပါသည်။ ၎င်းတို့ကို အောက်တွင် ဖော်ပြထားသည်။

    လေ့ကျင့်ခန်းလုပ်ခြင်း၏ အသည်းကို ကျန်းမာစေသော အကျိုးများက ဘာတွေလဲ။

    လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အသည်းရောဂါ ပိုဆိုး လာခြင်းမှ ကူညီပေးနိုင်သည်။ ပုံမှန် လေ့ကျင့်ခန်း လုပ်သူ များသည် ပို၍ ကျန်းမာပြီး၊ ခန္ဓါကိုယ်တောင့်တင်းပြီး စိတ် ကျန်းမာရေးလည်း ကောင်းမွန်ပါသည်။ လေ့လာချက်များ အရ လေ့ကျင့်ခန်း လုပ်သူများသည် ကုသမှုကို ပိုကောင်း စွာ တုံ့ပြန်ပြီး ပြန်လည်သက်သာရန် အချိန်တိုသည်။ အသည်းကင်ဆာရှိပါက လေ့ကျင့်ခန်း လုပ်ခြင်းသည် အောက်ပါ အကျိုးကျေးဇူးများကို ရစေပါသည်။

    • လေ့ကျင့်ခန်းသည် ကျန်းမာမှုကို ခံစားစေသည်။ ကောင်းမွန်သော ပုံရိပ်ကို ပေါ်စေပြီး စိတ်ကျန်းမာ ရေးကိုလည်း ကောင်းစေပါသည်။ စိတ်ကျန်းမာမှု သည် ကိုယ်ခံအားစနစ်အား မြင့်စေပြီး အသည်း ကင်ဆာအား တိုက်ထုတ်ရန်တွင် အကျိုးရှိစေ သည်။
    • လေ့ကျင့်ခန်းသည် စွမ်းအင်ကို တိုးမြင့်စေသည်။ အသည်းကင်ဆာ လူနာအများစုသည် မောပန်း နွမ်းနယ်မှုကို ခံစားရသည်။ ၎င်းသည် နာကျင်မှု ပြီးပါက အဖြစ်အများဆုံး အခံစားရဆုံး လက္ခဏာ ဖြစ်သည်။ မောပန်းခြင်းသည် သွေးစီးဆင်းမှု နည်းခြင်းကြောင့် ဖြစ်သည်။ လေ့ကျင့်ခန်း လုပ်ပါ က သွေးစီးဆင်းမှု ကောင်းစေပြီး စွမ်းအင် ပိုရပါ သည်။
    • လေ့ကျင့်ခန်း လုပ်ခြင်းသည် ခန္ဓါကိုယ် အဆီ ပမာ ဏ ကိုလည်း လျော့ကျစေနိုင်သည်။ ထို့ကြောင့် အသည်းရှိ အဆီကို လျော့ကျစေပြီး အသည်းပေါ် သို့ ဖိအားသက်ရောက်ခြင်းကို နည်းစေသည်။

    ခန္ဓါကိုယ် အလယ်ပိုင်းတွင် ကွေးခြင်း၊ ဖြေလျော့ခြင်းကို ပြုလုပ်သော လေ့ကျင့်ခန်းသည် အသည်း အပါအဝင် ကိုယ် တွင်း အင်္ဂါများကို လေ့ကျင့်ခြင်း ဖြစ်စေသည်။ အသည်းသို့ သွေးစီးမှုကို များစေပြီး အသည်းတစ်ရှူးများ လေလွင့်ဆုံးရှုံး သည်မှ ကာကွယ်ပေးနိုင်သည်။

    အသည်းကင်ဆာလူနာများအတွက် မည်သည့် ရုပ်ပိုင်းဆိုင် ရာ လှုပ်ရှားမှုများသည် သင့်တော်သနည်း။

    အသည်းကင်ဆာ အတွက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု များသည် ကျန်းမာသော လူတစ်ယောက်၏ လှုပ်ရှားမှုများ နှင့် ကွာခြားသည်။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွင် အသည်း ကင်ဆာရှိသူကို ကူညီရန် လိုအပ်သော အချက်လေးချက် ရှိသည်။

  • ဆောင်ရွက်ရန် ရိုးရှင်းရမည်
  • သင်ယူရန် လွယ်ကူရမည်
  • အပန်းကြီးသော အလုပ်မဖြစ်စေရ
  • အိမ်မှာပင် ထိုင်ရင်း၊ လဲလျောင်းရင်း ပြုလုပ်နိုင်ရ မည်။
  • လေ့လာချက်အများစုအရ အေရိုဗစ်နှင့် အလေးမ လေ့ ကျင့်ခန်းများ ပေါင်းဖက်လုပ်ခြင်းသည် အသည်းကင်ဆာ ခံစားနေရချိန်တွင် လိုအပ်သည်ဟု ဆိုပါသည်။

    အေရိုဗစ် လေ့ကျင့်ခန်းသည် နှလုံးနှင့် သွေးလှည့် အဖွဲ့အစည်းအပေါ်တွင် ဗဟိုပြုထားပြီး သွေးတွင်း အောက် စီဂျင် ပမာဏကို များစေသည်။ အေရိုဗစ် လေ့ကျင့်ခန်း လှုပ်ရှားမှုများသည် အသည်းကင်ဆာ လူနာများအတွက် လွယ်ကူသည်။ ကြွက်သားအကြီးများ ထပ်ခါထပ်ခါ လှုပ် ရှားရပြီး နှလုံးခုန်နှုန်းကို မြင့်စေသည်။ အသက်ရှူမှု ပုံစံကို လည်း ပြောင်းလဲစေသည်။ ထိုလှုပ်ရှားမှုများသည် မခက်ခဲ ပါ။ အောက်စီဂျင်ရှူသွင်းမှုကို များစေပြီး အသည်း စသော အရေးပါသော ကိုယ်တွင်းအင်္ဂါများသို့ အောက်စီဂျင် ပို့ ဆောင်မှုကို မြန်စေသည်။

    အလေးမခြင်းသည် အရိုးနှင့် ကြွက်သားရှိ ခွန်အားကို တိုးမြင့်စေသည်။ အသည်းရောဂါသည် အရိုးပွခြင်းကို ပိုဖြစ် စေသည်။ ထို့ကြောင့် အရိုးနှင့် ကြွက်သားများကို ကျန်းမာ အောင် ထိန်းသိမ်းခြင်းသည် အရေးကြီးသည်။ အလေးမ ခြင်းသည် ခန္ဓါကိုယ် အဆီများကို လျော့ချပေးပြီး ကျစ်လစ် သော ခန္ဓါကိုယ်ထုထည်ကို များစေသည်။ အစာခြေခြင်း နှင့် အာဟာရများ အသုံးပြုခြင်းအပေါ်တွင်လည်း သက် ရောက်မှုရှိသည်။

    ဤလှုပ်ရှားမှုများကို တစ်ခါပြုလုပ်ပြီးပါက သင်၏ နေ့စဉ် လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်သည်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်ပြီး သီတင်းပတ် အနည်းငယ် အတွင်း သင်၏ ခံစားမှုများ တိုးတက်လာနိုင်သည်။ ကုသမှု အတွင်း အသည်းကင်ဆာ၏ ရောဂါလက္ခဏာများကို ထိန်း ချုပ်နိုင်ပါက လေ့ကျင့်ခန်းများ ဆက်လုပ်ခြင်းသည် သင့် ကျန်းမာရေးအတွက် ကောင်းကျိုးများ ဆက်လက် ယူဆောင် လာပါမည်။

    လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည် မိမိကိုယ်ကို စောင့် ရှောက်မှု၏ ကောင်းသော အပိုင်းတစ်ခုဖြစ်သည်။ လေ့ကျင့် ခန်းသည် အလုံးစုံ ကျန်းမာရေးကို တိုးတက်စေပြီး အသည်း လုပ်ငန်းများပေါ်တွင် ကောင်းကျိုးများ ရှိသည်။ လေ့ကျင့်ခန်းအတွက် အချိန်ယူခြင်းသည် သင့်အသည်းကို ထောက်ပံ့ကူညီရုံသာမက သင်၏ စိတ်နေစိတ်ထားကိုပါ တိုးမြင့်စေသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement