backup og meta

အသည်းအစားထိုးပြီးနောက် ဘယ်လိုနေထိုင်မလဲ


Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းအစားထိုးပြီးနောက် ဘယ်လိုနေထိုင်မလဲ

    အသည်းအစားထိုးပြီးနောက် သင်ဟာအလွယ်တကူနေမကောင်း ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်ကိုကာကွယ်ဖို့နှင့်အသည်းထပ်မပျက်စီးဖို့အတွက် နေစဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲဖို့လိုအပ်ပါတယ်။

    ဘာတွေတကယ်ပြောင်းလဲဖို့လိုလဲ?

    အစားအသောက်ကိုမျှတအောင်စားသုံးခြင်း

    ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်အသီးအနှံ၊အစေ့အဆံများ၊အဆီမပါအသား၊ငါး၊ဥအမျိုးမျိုး၊နို့ထွက်ပစ္စည်းများကိုစားသုံးသင့်ပါတယ်။

    အလွယ်တကူစားသောက်နိုင်သော အသင့်စားအစားအစာများကိုရှောင်ရှားသင့်ပါတယ်။

    ထို့ပြင် အဆီအဆိမ့်များ၊အငန်များ၊အချိုများကိုလည်းရှောင်ရပါမယ်။

    အသည်းဆရာဝန်နှင့်အာဟာရကျန်းမာရေးဆိုင်ရာပညာရှင်များအကြံပြုချက်အတိုင်းစားသုံးခြင်းကလည်း သင့်ကိုအမြန်ပြန်ကျန်းမာလာအောင် အထောက်အကူပြုပါလိမ့်မည်။

    အိမ်အလုပ်လုပ်ခြင်းကလည်းလှုပ်ရှားမှုလုပ်ခြင်းတစ်ခုပါပဲ

    သင့်အတွက်သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုတခုခုစလုပ်ဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ သင့်ကျန်းမာရေးကိုအထောက်အကူပြုရုံမျှမက ကိုယ်ရောစိတ်ပါလန်းဆန်းစေသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတွေကိုပါဖြေဖျောက်ပေးပါတယ်။ တဖက်မှာလည်း ဝိတ်မတက်လာအောင်ထိန်းပေးသည့်အပြင် ကြွက်သားနှင့် အရိုးကိုလည်းသန်မာတောင့်တင်းလာစေပါတယ်။

    မည့်သည့်ကိုယ်လက်လှုပ်ရှားမှုမဆိုသင့်အတွက်အကျိုးရှိပါတယ်။ စက်ဘီးစီးခြင်း၊ပြေးခြင်း၊ရေကူးခြင်း၊ဝိတ်မခြင်း၊ဂေါက်ရိုက်ခြင်း၊တင်းနစ်ကစားခြင်းတို့အပြင်အခြားအားကစားတွကိုလည်းလုပ်နိုင်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။

    ဒါပေမယ့်အရေးကြီးတာတစ်ခုက ဘယ်ဟာကိုမဆို အလွန်အကြူးမလုပ်မိလိုက်မိဖို့ပါပ။ ဒါဟာ သင့်ကျန်းမာရေးကိုပိုဆိုးသွားစေပါတယ်။

    ….အချိန်တန်တော့လည်း

    အသည်းအစားထိုးပြီးဘယ်အချိန်မှာကာမဆက်ဆံလို့ရသလဲ?

    ဒါကတော့ သင့်အပေါ်မှာပဲမူတည်နေပါတယ်။ အသည်းအစားထိုးပြီးနောက်ကျန်းမာလာတာနဲ့အမျှ သင်ဟာအရင်လိုပြန်လည်နေထိုင်ချင်လာပါလိမ့်မယ်။ အဲဒီအခါ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ခွဲထားတဲ့ချုပ်ရိုးမပြဲအောင်၊လိင်ဆက်ဆံခြင်းကြောင့် တခြားရောဂါတွေမရလာအောင် ဆောင်ရန်ရှောင်ရန်တွေကိုမှတ်သားထားသင့်ပါတယ်။

    ● တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပါ

    ● မဆက်ဆံခင်နှင့်ဆက်ဆံပြီးမှာ လိင်အဂါၤတစ်ဝိုက်ကိုဆေးကြောသန့်စင်ပါ

    ● သုတ်သတ်ဆေးပါသောရာဘာကွန်ဒုံးကိုအသုံးပြုပါ

    ● လိင်အဂါၤမှာအနာရှိသူ၊ဆီးပူညောင်းကျဖြစ်နေသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ပါ

    ● စအိုပေါက်နှင့်လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ

    စိတ်အတက်အကျဖြစ်နိုင်ခြင်း

    အသည်းအစားထိုးခွဲစိတ်ခြင်းဟာ စိုးရိမ်ပူပန်စွာဖြတ်သန်းရတဲ့ကာလတစ်ခုပါ။ ခွဲစိတ်ပြီးအစောပိုင်းကာလတွေမှာလည်း ဒေါသထွက်ခြင်း၊စိတ်အလိုမကျခြင်း၊အပြစ်ရှိတယ်လို့ခံစားရခြင်း၊စိတ္ဓါတ်ကျခြင်းတို့ကိုခံစားရတတ်ပါတယ်။ မိသားစု၊ချစ်သူခင်သူများနှင့်အတူနေထိုင်ရင်း ဒီကာလတွေကိုဖြတ်ကျော်ပါ။ ဘဝကိုကောင်းသောအမြင်များနှင့်မြင် နိုင်အောင်ကြိုးစားပါ။

    ကလေးယူမယ်ဆိုရင်သတိထားရမည့်အချက်များ

    အသည်းအစားထိုးပြီးနှစ်နှစ်အတွင်းမှာတော့ ကိုယ်ဝန်ဆောင်ရန်မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသည်းအစားထိုးပြီးလျှင်သောက်ရသည့်ဆေးများသည် ကလေးအတွက်အန္တရာယ်ရှိနိုင်သည်။ ကလေးလမစေ့ဘဲမွေးခြင်း၊ပေါင်မပြည့်ခြင်းတို့ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးယူမယ်ဆိုလျှင် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးသင့်ပါသည်။

    အသည်းအစားထိုးပြီးလျှင် လိုက်နာဆောင်ရွက်ရမည့်အရာတွေအများကြီးရှိသော်လည်း မကြောက်ပါနဲ့။ အစပိုင်းမှာခက်ခဲနိုင်ပေမယ့် သင့်ကျန်းမာရေးနှင့်မိသားစုပျော်ရွှင်မှုအတွက် စိတ်ရှည်ပါ ရင်ဆိုင်ကျော်ဖြတ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement