backup og meta

ဘယ်အချိန်မှာအသည်းအစားထိုးဖို့လိုအပ်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်အချိန်မှာအသည်းအစားထိုးဖို့လိုအပ်သလဲ

    လူ့ခန္ဓါကိုယ်ရှိအသည်းဟာ အနည်းငယ်ပျက်စီးလျှင် ပျက်စီးသွားသောဆဲလ်များကို သူအလိုလိုပြန်လည် တည်ဆောက်နိုင်စွမ်းရှိကြပါတယ်။ ခန္ဓါကိုယ်မှပြန် လည် တည်ဆောက်နိုင်သော ဆဲလ်ပမာဏထက် ပိုမို ပျက်စီးသွားသောအခါ အသည်းရဲ့ ပုံမှန်လုပ်ဆောင်မှု များ အားနည်းလာပြီး အသည်းအစားထိုးဖို့ လိုအပ်လာ ပြီလား ဟုစတင်စဉ်းစားလာရပါတယ်။

    အသည်းအစား ထိုးခြင်းကို အသည်းတစ်နေရာမှာပဲ ရောဂါရှိနေသူ (ဥပမာ အသည်းကင်ဆာ၊အသည်းခြောက်ခြင်း)များမှာ ကုသပျောက်ကင်းနိုင်မယ်လို့မျှော်မှန်းရပါတယ်။ ဒါ့အပြင် အသည်းအစားထိုးလို့ရနိုင်မရနိုင်ကလည်း အသည်းရောဂါဆိုးဝါးနေမှုအခြေအနေ၊လူနာ၏အသက် စသည်တို့ပေါ်မှာလည်းမူတည်နေပါသေးသည်။

    ကလေးမျာတွင်အသည်းအစားထိုးရရနိုင်သောအ ကြောင်း ရင်း

    ကလေးများတွင် သည်းခြေပြွန်လမ်းကြောင်းလေးများ ကောင်းကောင်း မဖွံ့ ဖြိုး၍ ကျဉ်းနေခြင်းဟာ အသည်းမှတဆင့် သည်းခြေအိတ်သို့ သည်းခြေရည် များမစီးဆင်းနိုင်တော့ဘဲ အသည်းမှာပဲစုပိတ်မိကာ အသည်းပျက်စီးသွားတတ်ပါတယ်။ ထိုအကြောင်းရင်း ဟာ ကလေးများမှာအသည်းအစားထိုးရတဲ့အခြေအနေ ထိဖြစ် သွားတတ်သည်။

    အရွယ်ရောက်ပြီးသားသူများတွင်အသည်းအစား ထိုးရနိုင်သောအကြောင်းရင်း

    အရွယ်ရောက်ပြီးသားလူအများစုတွင် အသည်းရောင်အသားဝါစီပိုးဖြင့် အသည်းခြောက်ခြင်းကြောင့် အသည်းအစားထိုးရတတ်သည်။ အခြားအသည်းအစားထိုးရနိုင်သည့်အကြောင်းရင်းများမှာ

    အသည်းရောင်အသားဝါဘီပိုးဖြင့်အသည်းခြောက်ခြင်း

    သည်းခြေပြွန်ရောဂါများ

    အရက်ကြောင့်မဟုတ်သည့်အခြားအသည်းခြောက်ရောဂါ

    ဒါ့အပြင် အသည်းကင်ဆာရောဂါသည်လည်း ကလေး ၊လူကြီးမရွေး အသည်းအစားထိုးကုရတတ်သည့် ရောဂါတစ်မျိုးလည်းဖြစ်သည်။

    တခါတရံမှာလည်း ဆေးမှားသောက်ခြင်း (သို့) မိမိကိုယ်ကိုကြံစည်ခြင်းများတွင်လည်း အသည်းကိုထိခိုင်စေနိုင်သောဆေးအများအပြားသောက်သုံးခြင်း (ဥပမာ ပရာစီတမောဆေးဝါး) ဟာအသည်းပျက်စီးခြင်းကိုဖြစ်စေပြီး အသည်းအစားထိုးရတတ်ပါတယ်။

    အသည်းခြောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ

    အသည်းခြောက်ခြင်းကိုအဓိကဖြစ်စေနိုင်သောရောဂါများမှာ

    နာတာရှည်အသည်းရောင်အသားဝါဘီပိုး စီပိုးရောဂါသည်များ

    နာတာရှည်အရက်စွဲနေသူများ

    • အသည်းအဆီဖုံးခြင်း

    အခြားမွေးရာပါအသည်းရေဂါများ တို့ပါဝင်သည်။

    ထိုရောဂါများသည် အချိန်ကြာလာသည်နှင့်အမျှ အသည်းပျက်စီးလာကာ အသည်းအစားထိုးကုသရသည့်အဆင့်ထိ လိုအပ်လာနိုင်ပါသည်။

    အသည်းခြောက်ခြင်းကြောင့်ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများမှာ

    ရေဖျဉ်းဆွဲခြင်း

    သွေးအန်ခြင်း

    ဦးနှောက်ရောင်ရမ်းခြင်း

    တို့ဖြစ်ပေါ်နိုင်ပါတယ်။

    သည်းခြေပြွန်ငယ်ရောင်ရမ်းခြင်းကြာင့်အသည်းခြောက်ခြင်း

    နာတာရှည်အသည်းရောဂါတစ်မျိုးဖြစ်ပြီး သည်းခြေပြွန်ငယ်ရောင်ရမ်းရခြင်းမှာ မိမိ၏ခုခံအားမှားယွင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။ ထိုအခါအသည်းမှတဆင့် သည်းခြေအိတ်သို့ သည်းခြေရည်များမစီးဆင်းနိုင်တော့ဘဲ အသည်းမှာပဲစုပိတ်မိကာ အသည်းပျက်စီးသွားပြီး အသည်းအစားထိုးရတဲ့အခြေအနေထိဖြစ်သွားတတ်သည်။

    သည်းခြေပြွန်ရောင်ရမ်းခြင်းကြောင့်အသည်းခြောက်ခြင်း

    အသက်၃၀နှင့် ၅၀ကြား လူအယောက် ၁၆၀၀၀တွင် ၁ယောက်တွေ့ရတတ်သည့်နာတာရှည်အသည်းရောဂါတစ်မျိုး ဖြစ်ပြီး အသည်းအစားထိုးရသည်အထိ အသည်းပျက်စီးနိုင်သည်။

    အသည်းကင်ဆာ

    အသည်းကင်ဆာသည် ကမ္ဘာပေါ်တွင် ၆ခုမြောက်အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်ပြီး အသည်းအစားထိုးကုသမှုထိ လိုအပ်လာနိုင်သည်။ ၂၀၁၂ခုနှစ်တွင် အသည်းကင်ဆာဖြစ်နေသူ ၇၈၂၀၀၀ခန့် အသစ်ထပ်မံတွေ့ရှိရသည်။

    ကိုယ်ခံအားမှားယွင်းတိုက်ခိုက်မှုကြောင့်အသည်းခြောက်ခြင်း

    အချို့သောလူနည်းစုတို့တွင် ကိုယ်ခံအားမှာမိမိကိုယ်တိုင်၏အသည်းကိုမမှတ်မိတော့ဘဲ မှားယွင်းတိုက်ခိုက်ခြင်းကြောင့် အသည်းပျက်စီးခြင်းကိုဖြစ်ပေါ်စေနိုင်သည်။

    ရုတ်တရက်အသည်းပျက်စီးခြင်း

    အသည်းကိုရုတ်ချည်းထိခိုက်ပျက်စီးစေနိုင်သောဆေးဝါး များအချိန်တိုအတွင်းပမာဏလွန်စွာသောက်သုံးခြင်း၊ မေ့ဆေးငွေ့halothane တို့ပါဝင်သည်။ ငယ်ရွယ်သူများတွင်အတွေ့များတတ်ပြီး တစ်နှစ်လျှင် လူ၃၀၀၀၀၀ တွင်တစ်ယောက်တွေ့နိုင်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement