အသည်းအစားထိုးကုသမှုပြီးနောက် ကလေးအား စောင့်ရှောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသည်းအစားထိုးကုသမှုပြီးနောက် ကလေးအား စောင့်ရှောက်ခြင်း

အသည်းအစားထိုးကုသမှု၏ ရည်ရွယ်ချက်မှာ သင့်ကလေး အား ကျန်းမာသန်စွမ်းသော အသည်းဖြင့် သက်တမ်းစေ့ ရှင်သန်နိုင်စေရန် ဖြစ်သည်။ အစားထိုးကုသမှုအပြီး ပထမ လအနည်းငယ်တွင် စိန်ခေါ်မှုများပြီး အထောက်အပံ့အပြည့် လိုအပ်သည်။ သင့်ကလေးကို အကောင်းဆုံး စောင့်ရှောက်မှု ပေးနိုင်ရန် ကျွန်တော်တို့သည် စောင့်ရှောက်မှုဆိုင်ရာ နည်းလမ်းများနှင့် အကျိုးဆက်များအကြောင်း ပြောပြပါမည်။

အသည်းအစားထိုးခြင်း၏ ဆိုးကျိုးများအကြောင်း မပြောခင် ကလေးများ အသည်းအစားထိုးကုသပြီးနောက် ရှင်သန်နှုန်းသည် မြင့်မားသည်ကို သိရှိရန် လိုပါသည်။ သို့သော် ဘေးအန္တရာယ် မရှိဟု မဆိုလိုပါ။

ရောဂါပိုးကူးစက် ခြင်းနှင့် အသည်းအသစ်ကို တိုက်ထုတ်ခြင်းတို့ အနည်းငယ် ဖြစ်နိုင်ချေရှိပြီး ဒုတိယအကြိမ် အစားထိုးမှုကို ဖြစ်စေသည်။ သင့်တော်သော စောင့်ရှောက်မှုဖြင့် သင့်ကလေး၏ အန္တရာယ် ဖြစ်နိုင်ချေကို ထိန်းချုပ်နိုင်သည်။

ကောင်းမွန်စွာ ပြန်လည်ကောင်းမာစေရန် သင်သိ သင့်သည့် အဓိကအချက်သုံးခုမှာ အောက်ပါတို့ဖြစ်သည်။

၁။ ကျန်းမာသော နေထိုင်မှုပုံစံကို ထိန်းသိမ်းပါ။

၂။ ကိုယ်ခံအားချပေးသော ဆေးများကို ညွှန်ကြားထားသည့် အတိုင်း မပျက်မကွက်ဘဲ သောက်ပါ။ သွေးစစ်ခြင်း၊ စောင့် ကြည့်စစ်ဆေးခြင်းများအတွက် ဆရာဝန်နှင့် ပုံမှန်တွေ့ဆုံပါ။

၃။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ကျင့်သုံးခြင်းဖြင့် ရောဂါပိုး ကူးစက်မှုကို ကာကွယ်ပါ။

သင့်ကလေးအား ကျန်းမာသော စားသောက်မှုပုံစံ နှင့် လှုပ်ရှားမှုရှိရန် ကူညီပါ။

သင့်ကလေး၏ အသည်းသည် ကျန်းမာပါက အသည်း ကျန်းမာရေးကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးပါသည်။ သင့်ကလေးအား အာဟာရ ကြွယ်ဝသော အစားအစာစားရန် လေ့ကျင့်ခန်းလုပ်ရန် အားပေးသင့်သည်။ မြို့တွင်းရှိ အမြန် စားအစာ အရောင်းဆိုင်တွင် ဒိန်ခဲညှပ် ဟမ်ဘာဂါ သို့မဟုတ် လမ်းထောင့်ရှိ ကြက်ကြော်သွားစားခြင်း လုပ်နိုင်သည်။

သို့သော် သင့်ကလေး၏ အသည်းကို ထည့်စဉ်းစားသင့် သည်။ သွေးတွင်းတွင် အဆီ များစွာ ရှိပါက အသည်းသည် သွေးတွင်းမှ စစ်ထုတ်ရန် နှစ်ဆပို၍ အလုပ်လုပ်ရသည်။ သင့် ကလေးအား အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ပိုစားစေပါ။ ၎င်းသည် များစွာသော လိုအပ်သည့်အာဟာရများ နှင့် စွမ်းအင်ကို ပေးသည်။

သင့်ကလေးသည် ကိုလက်စထရော များနိုင်ချေ ပိုမြင့်သည်။ အကြောင်းမှာ ၎င်းသည် သူတို့ သောက်သုံးနေရသော ဆေးများ၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည်လည်း အရေးကြီးပါ သည်။ သင့်ကလေးသည် အသည်းအစားထိုးကုသမှု ပြီးနောက်တွင် ပို၍ အိပ်စက်အနားယူရန် လိုသော်လည်း သင့်ကလေးအား တက်ကြွစေရန် အပြင်ဘက် လှုပ်ရှားမှုများ ကို စီစဉ်ပေးသင့်သည်။

သင့်ကလေး သောက်နေရသော အချို့ဆေးများသည် သွေးပေါင်တက်ခြင်းနှင့် နှလုံးရောဂါ ကို ဖြစ်စေသည်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည် ထို အန္တရာယ် များကို လျော့ချပေးနိုင်သည်။ သင့်ကလေးသည် လေ့ကျင့် ခန်းများ ပြုလုပ်ရန် သင့်တော်သလားသိရန် ဆရာဝန်အား မေးပါ။

ဆရာဝန်အား ပုံမှန်ပြသခြင်းနှင့် ဆေးများသုံးခြင်းဖြင့် အသည်းအား တိုက်ထုတ်ခြင်းကို ကာကွယ်ပါ။

သင့်ကလေး၏ ခန္ဓါကိုယ်သည် အသည်းအသစ်ကို တိုက်ထုတ်နိုင်ချေ ရှိပါသည်။ ဖြစ်နိုင်ချေသည် ပထမ ၆-၁၂ လတွင် ပို၍ မြင့်ပါသည်။ ဖြစ်နိုင်ချေသည် တစ်နှစ်ပြီးနောက် သိသိသာသာ လျော့ကျသွားသည်။ သို့သော်လည်း သင့် ကလေးသည် ကိုယ်ခံအားချဆေးများကို ညွှန်ကြားထားသည့် အတိုင်း အချိန်ကာလကြာစွာ သောက်ရန် လိုအပ်သည်။

သင်သည် သင့်ကလေးကို ဆေးပုံမှန်သောက်ရန် ကူညီ ပေးနိုင်သည်။ ဆေးသောက်ရန် ပျက်ကွက်ပါက အသည်း အား တိုက်ထုတ်နိုင်ချေကို ပိုမြင့်စေသည်။ သင့်ကလေးအား ဆရာဝန် ပြသခြင်းများကို ပုံမှန်ခေါ်သွားရန်လည်း အရေးကြီး ပါသည်။ များသောအားဖြင့် ဆရာဝန်သည် ပထမ ၆လ အတွင်း အသည်းအား မကြာခဏ စောင့်ကြည့်လိုသည်။ ဆရာဝန်သည် သင့်ကလေး ကျန်းမာရေးကို သေချာစေရန် ဓါတ်ခွဲခန်းနှင့် သွေးစစ်ခြင်းများ ပြုလုပ်ရန်လိုသည်။

တစ်ကိုယ်ရည် သန့်ရှင်းမှုသည် ရောဂါပိုးကူးစက်မှုကို ကာ ကွယ်ရန် အရေးကြီးသည်။

အသည်း အစားထိုး ကုသထားသော လူနာများတွင် ရောဂါပိုး ကူးစက်မှုသည် စိုးရိမ်ပူပန်စရာတစ်ခု ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ခန္ဓါကိုယ်မှ အသည်းအသစ်အား တိုက်ထုတ်မှုကို ကာကွယ်ရန် ကိုယ်ခံအားချဆေးများ သောက်သုံး နေရသောကြောင့် ဖြစ်သည်။

ထိုဆေးများသည် ကိုယ်ခံအားစနစ်ကို ကျစေသည်။ ဘတ်တီးရီးယား ကူးစက် မှုများထက် ဗိုင်းရပ်စ်ကူးစက်မှုများသည် ပို၍ စိုးရိမ်ရသည်။ အဖြစ်အများဆုံး ကူးစက်မှုမှာ တုပ်ကွေး (influenza), ရေ ကျောက် (varicella), Epstein-Barr virus (EBV) နှင့် cytomegalovirus (CMV) တို့ဖြစ်သည်။

သင့်ကလေးတွင် အောက်ပါ လက္ခဏာများ ရှိပါက ဆရာဝန်အား အကြောင်း ကြားသင့်သည်။

  • အဖျားတက်ခြင်း
  • အဖုအပိမ့်များ ထွက်ခြင်း
  • အော့အန်ခြင်း
  • ဝမ်းလျှောခြင်း

ကိုယ်တွင်းအင်္ဂါအစားထိုး ထားသော လူနာအားလုံးသည် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးရန် ထောက်ခံချက် ပေးပါသည်။ သင့်ကလေးအား အကြံပြုထောက်ခံထားသော ကာကွယ်ဆေးများ အားလုံးထိုးနိုင်ရန် ကြိုးစားပါ။

သင့်ကလေးအား တစ်ကိုယ်ရေးသန့်ရှင်းမှု နည်းလမ်းများ အား သင်ကြားပေးပါ။ တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် နည်းလမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ခွဲစိတ်မှုပြီးနောက် သင့်ကလေးအား ဒဏ်ရာ နေရာကို ရေဖြင့် ညင်သာစွာ ဆေးကြောရန် ကူညီ ပါ။
  • အချို့ကလေးများတွင် အသည်း၌ သည်းခြေရည် စစ်ထုတ်ခြင်း ရှိနိုင်သည်။ ၎င်းသည် ယာယီဖြစ်ပြီး ဆရာဝန်မှ အနီးကပ်စောင့်ကြည့်ပါလိမ့်မည်။ နေရာ ကိုခြောက်သွေ့အောင်ထားရန် အရေးကြီသည်။
  • အိမ်သာတက်ပြီးနှင့် အစာမစားခင်တွင် လက်ကို မကြာခဏ ဘယ်လိုဆေးကြောရန် သင့်ကလေးကို သင်ပေးပါ။
  • ပထမ ၃-၄လတွင် ရေကူးကန် အထူးသဖြင့် အများ သုံး ရေကူးကန်သို့ သွားခြင်းကို ရှောင်ပါ။
  • အစားထိုးကုသမှုပြီးနောက် သွားကျန်းမာရေးသည် အလွန် အရေးကြီးသည်။ တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ခြင်း နှင့် ပုံမှန် သွားစစ်ဆေးမှု ပြုလုပ်ခြင်း တို့ လုပ်သင့်သည်။
  • ပထမ လအနည်းငယ်တွင် ရုပ်ရှင်ရုံ၊ ကော်ဖီဆိုင်၊ ဘတ်စ်ကား နှင့် ကုန်မျိုးစုံဆိုင်များ စသော လူ ထူထပ်သော နေရာများကို သွားခြင်း ရှောင်ပါ။
  • အပြင်သွားစဉ် ခရီးသွားစဉ်တွင် လက်သန့်ဆေးရည် ကို အသုံးပြုပါ။ တစ်ခါတစ်ရံ ဆပ်ပြာကို အမြဲမရနိုင် ပါ။

အရေပြားကင်ဆာကို ကာကွယ်ပါ။

ကိုယ်အင်္ဂါအစားထိုးထားသူများတွင် အရေပြားကင်ဆာ ဖြစ်နိုင်မှုမှာ အခြားလူများထက် ပိုမြင့်သည်။ အစားထိုးခြင်း ပြုလုပ်မထားသူများထက် ၂၅ ဆ ပိုများပါသည်။ ထိုအချက် ကြောင့် SPF (Sun Protection Factor) အရေအတွက် များသော နေလောင်ခံကရင်မ် သုံးရန် အလွန်အရေးကြီး သည်။

နွေရာသီတွင် မွန်းတည့်ချိန်၌ အချိန်ကြာစွာ အပြင် ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့စေရန် သင့်ကလေးကို ဦးထုပ်၊ အကျီရှည်၊ အရောင် ဖျော့သော ဘောင်းဘီရှည် ဝတ်ပေးပါ။ သင့်ကလေးသည် မိုးအုံ့နေလျှင်တောင်မှ နေလောင်ခံကရင်မ် လိုအပ်သည်ကို သတိပြုပါ။

အရေပြားကင်ဆာ ဖြစ်နိုင်ချေသည် မြင့်ပါသည်။ နေလောင်ခံ ကရင်မ်သုံးရာတွင် နားရွက်ထိပ်၊ လည်ပင်း အနောက်ဘက်၊ ပခုံးနှင့် နှာခေါင်းစသော အရေးအကြီးဆုံး နေရာများကို မမေ့ပါနှင့်။ အသည်းအစားထိုးပြီးချိန်သည် ကလေးများအတွက် အလွန် ခက်ခဲပါသည်။

သို့သော် သင့် ကလေးသည် သင်၏ အကူအညီ၊ ဂရုစိုက်မှုဖြင့် ပို၍ လျင်မြန် စွာ သက်သာနိုင်ပါသည်။ ဆရာဝန် အကြံပြုသော ညွှန်ကြား သော အရာတိုင်းကို လိုက်နာရန် မမေ့ပါနှင့်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

    သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

    ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

    အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

    အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

    စာသင်ကျောင်း ကိုဗစ် ကပ်ဘေးကာလ ရောဂါပိုး မြန်မာနိုင်ငံ ကူးစက် ကာကွယ် ဒုတိယလှိုင်း Mask ကွမ်းတံတွေး ချောင်းဆိုး နှာချေ လက်ဆေး ကလေး လူကြီး ပိုးကူးစက်သူ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

    သင့်အတွက် ရွေးချယ်ထားသည်

    ကလေးကျန်းမာရေး အကြောင်း

    ကလေးကျန်းမာရေး အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

    ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read