backup og meta

သင့်အသည်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသည်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။

    အသည်း။ ။ ပြောရမယ်ဆို ကိုယ်တွင်း အင်္ဂါထဲမှာ အလုပ်အများဆုံးနဲ့ အကြီးဆုံးလို့ ဆိုရမယ့် ကိုယ်တွင်းအင်္ဂါတစ်ခု။ အလုပ်အများဆုံးလို့ပြောရတာလည်း ကိုယ်ခန္ဓါ အတွက် မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ပေါင်း ၅၀၀ ကျော်ကို သူတစ်ယောက်တည်းလုပ်နေရတဲ့ ကိုယ်တွင်းက အကြီးဆုံးဂလင်းလေးတစ်ခု။ ဆဲလ်တွေကို အသစ်ပြန်ပြန်ပွားနိုင်တဲ့ တစ်ခုတည်းသော ကိုယ်တွင်းအင်္ဂါဆိုလို့ အသည်းပဲရှိတယ်။ ဒီလိုအရေးပါ အရာရောက်တဲ့ ရာထူးတစ်ခုကို ရထားတော့ ထုံးစံအတိုင်း တာဝန်ယူ ရတဲ့ အလုပ်ကလည်းများပြီပေါ့။ ဒီထဲကမှ အသည်းအရေးအကြီးဆုံး လုပ်နေရတဲ့ တာဝန်တွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    အသည်းရဲ့လုပ်ဆောင်ချက်များ။ ။

    အသည်းရဲ့ ကိုယ်ခန္ဓါ အတွက်လုပ်ဆောင်ပေးချက်တွေကို ပြောရမယ်ဆို ၅၀၀ ကျော်လောက်တောင်ရှိတာမို့ ရေးလို့လည်း ဖတ်လို့လည်းနိုင်မှာမဟုတ်။ ဒီတော့ အရေးကြီးတယ်ဆိုတာတွေကိုပဲ ပြောပြချင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်တွေကို အဓိက အပိုင်းကြီးလေးပိုင်းခွဲထားလို့ရတယ်။

    ၁။ တည်ဆောက်သိမ်းဆည်းပေးတဲ့အပိုင်း

    ၂။ ဖြိုခွဲပေးတဲ့အပိုင်း

    ၃။ ထုတ်လုပ်ပေးတဲ့အပိုင်း

    ၄။ အဆိပ်အတောက် သန့်စင်ပေးတဲ့အပိုင်း ဆိုပြီး အပိုင်းတွေ ခွဲထားပါတယ်။

    ၁။ အသည်းရဲ့တည်ဆောက်သိမ်းဆည်းရေး လုပ်ငန်းစဉ်များ။ ။

    ကစီဓါတ်များပိုနေလျှင်သိမ်းပေးခြင်း။ ။ စားလိုက်တဲ့အစားအစာတွေကနေရတဲ့ ဂလူးကိုစ့်တွေကိုယ်ခန္ဓါမှာလိုတာထက် ပိုနေရင် အသည်းကနေပြီး ဂလိုင်ကိုဂျင် အဖြစ်နဲ့ သိမ်းထားပေးပါတယ်။ လိုအပ်တဲ့အချိန်ရောက်မှ ပြန်ဖြိုခွဲပေးကာ သွေးထဲကို ဂလူးကို့စ် အနေနဲ့ပြန်ထုတ်ပေးပြီးတော့ ကိုယ်ခန္ဓါ အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရစေပါတယ်။

    ဗီတာမင်နဲ့ သတ္တုဓါတ်များကို သိမ်းဆည်းပေးခြင်း။ ။ အသည်းကနေပြီးတော့ စားလိုက်တဲ့ အစားတွေကနေရတဲ့ ဗီတာမင် အေ၊ ဗီတာမင် ဒီ ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ နဲ့ ဗီတာမင် ဘီ ၁၂ ကို သိမ်းဆည်းထားပေးပါတယ်။ အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်တော့အသည်းထဲမှာ ဗီတာမင်တွေ ပမာဏများများကို သိမ်းဆည်းပေးဖို့ နေရာကျယ်ကျယ်ရှိသလို အချိန်အကြာကြီးလည်း သိမ်းထားပေးနိုင်ပါတယ်။ သွေးထဲမှ သံဓါတ်ကိုလည်း ferritin အနေနဲ့ သိမ်းထားပေးပြီး သွေးနီဥ အသစ်တွေတည်ဆောက်ပေးပါတယ်။

    သွေးတိတ်ဖို့ လိုအပ်တဲ့ ပရိုတင်းကို ထုတ်ပေးတယ်။ ။ ကိုယ်ခန္ဓါရဲ့ နေရာတစ်ခုခုမှာ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆို ပထမဆုံး အလုပ်လုပ်ရတာ အသည်းပဲဖြစ်ပါတယ်။ သွေးတိတ်စေဖို့ အတွက် လိုအပ်တဲ့ Albumim လို့ခေါ်တဲ့ plasma protein တစ်မျိုးကို အသည်းက ထုတ်ပေးရပါတယ်။ ဒါမှလည်း အချိန်မှီ သွေးတိတ်မှာပေါ့နော်။

    ၂။ ဖြိုခွဲတဲ့ လုပ်ငန်းစဉ်။

    စားလိုက်လို့ရလာတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပရိုတင်းတွေ အဆီတွေကို ဖြိုခွဲပေးပြီး ကိုယ်ခန္ဓါ အတွက်လိုအပ်တဲ့ စွမ်းအင်တွေ အဖြစ်ပြန်ထုတ်ပေးတယ်။ သောက်လိုက်တဲ့ ဆေးတွေ ကိုလည်း အသည်းမှာဖြိုခွဲတာဖြစ်ပြီး ကိုယ်ခန္ဓါက အသင့်စုပ်ယူလို့ရတဲ့ ဒြပ်ပေါင်းတွေဖြစ်စေတယ်။ ကိုယ်ခန္ဓါက စွမ်းအင်လိုအပ်ရင်လည်း သိမ်းထားတဲ့ ဂလိုင်ကိုဂျင်ကို ဖြိုခွဲပြီး သွေးထဲကို ဂလူးကို့စ်အဖြစ်ပြန်ထုတ်ပေးတယ်။ ဒါတွေကတော့ အသည်းလုပ်ဆောင်ရတဲ့ ဖြိုခွဲခြင်း လုပ်ငန်းစဉ်တွေ ပဲဖြစ်ပါတယ်။

    ၃ ။ အသည်းရဲ့ ထုတ်လုပ်ပေးတဲ့ လုပ်ငန်းစဉ်။ ။

    သွေးတိတ်ဖို့ လိုအပ်တဲ့ ပရိုတင်းကို ထုတ်ပေးတယ်။ ။ ကိုယ်ခန္ဓါရဲ့ နေရာတစ်ခုခုမှာ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆို ပထမဆုံး အလုပ်လုပ်ရတာ အသည်းပဲဖြစ်ပါတယ်။ သွေးတိတ်စေဖို့ အတွက် လိုအပ်တဲ့ Albumim လို့ခေါ်တဲ့ plasma protein တစ်မျိုးကို အသည်းက ထုတ်ပေးရပါတယ်။ ဒါမှလည်း အချိန်မီ သွေးတိတ်မှာပေါ့နော်။

    အစာခြေဖို့အတွက် လိုအပ်တဲ့ သည်းခြေရည်တွေကိုလည်းထုတ်ပေးတယ်။ စားလိုက်တဲ့ အထဲမှာ အဆီတွေပါတာများသွားတယ်ဆိုရင် အစာအိမ်ထဲက အက်စစ်က အဆီတွေကို ခြေဖို့တော်တော်ခက်ခဲပါတယ်။ အဲ့အခါအဆီတွေကို အစာခြေဖို့အတွက် အသည်းကနေ သည်းခြေရည်တွေကို ထုတ်ပေးရပါတယ်။ သည်းခြေရည်တွေမှာ bile salts, cholesterol, bilirubin ဓါတ်ဆားဓါတ်နှင့် ရေတို့ ပါဝင်ပါတယ်။

    ( Immunoglibulin ) လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ခုခံအား မြင့်တက်ဖို့ လိုအပ်တဲ့ ဓါတ်တွေကိုလည်း အသည်းကပဲထုတ်ပေးတာပါ။ အဲ့ဓါတ်တွေက ခုခံအားစနစ်ရဲ့ Kupffer cells တည်ဆောက်ခြင်းကို ပိုအားပေးပြီး အသည်းနဲ့ အူလမ်းကြောင်းကို ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ကာကွယ်ပေးပါတယ်။

    ၄။ အဆိပ်အတောက် သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်။ ။

    မကောင်းဘူး။ သောက်ရင် ကျန်းမာရေး အတွက် အကျိုးမရှိဘူးလို့ပြောနေတဲ့ကြားက အရက်ဆို လူတွေက တယ်ကြိုက်ကြတယ်လေ။ သောက်လိုက်တဲ့ အရက်တွေက အသည်းမှာ ဖြိုခွဲရတာဖြစ်ပြီး ထွက်လာတဲ့ အဆိပ်အတောက်တွေကို အသည်းက သန့်စင်ပေးရပါတယ်။ အလားတူပဲ ဆေးသောက်လိုက်ရင် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို အရင်ဆုံးရှေ့က ခံပေးတာ အသည်းပါ။ ဆေးတွေကို အသည်းမှာ အရင်ဖြိုခွဲတာဖြစ်ပြီး ထွက်လာတဲ့ မလိုအပ်တဲ့ ဓါတု ဓါတ်ပေါင်းတွေကို အသည်းက သန့်စင်ပေးပါတယ်။ စားလိုက်တဲ့အစားတွေထဲက မကောင်းတဲ့ ဓါတုပစ္စည်းတွေကိုလည်း အသည်းကပဲ သန့်စင်ပေးတာပါ။

    ဒါတွေကတော့ နာမည်အကြီးဆုံး နဲ့ အရေးအပါဆုံး အသည်းရဲ့ လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ ဒီလောက် အလုပ်အများကြီး လုပ်တဲ့အသည်းလေး မရှိဘဲ သင်ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အသည်းကို ဂရုစိုက်ပြီး ကျန်းမာအောင်ထားဖို့ မမေ့ပါနှင့်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement