backup og meta

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ

    ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓာတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ကာစလက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိထားဖို့ လိုလာပါပြီ။

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း ပြောရမယ်ဆိုရင်

    အမျိုးအစား-၁ ဆီးချိုရောဂါမှာ လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီး တော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေကို သိရတာမျိုးတွေလည်း ရှိပါတယ်။

    အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့ အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီး ရောဂါလက္ခဏာတွေက အတူတူပဲဖြစ်ပါတယ်။

    အမျိုးအစား-၂ ဆီးချိုရောဂါကတော့ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် လူနာအများစုက ရှိလို့ ရှိမှန်း မသိကြသလို တချို့ဆိုရင် နောက်ဆက်တွဲရောဂါတွေကို ခံစားရမှသာ သတိထားမိကြတာ ဖြစ်ပါတယ်။

    အမျိုးအစား-၁ ဆီးချိုရောဂါလက္ခဏာရပ်များ

    • အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းနေခြင်း

    ခန္ဓာကိုယ်က အစားအစာတွေကနေ စွမ်းအင်ကို မရရှိတဲ့အခါ စွမ်းအင်အတွက် ကြွက်သားနဲ့ အဆီတွေကို စတင် လောင်ကျွမ်းစေပါတယ်။ ဒီလို အခြေအနေမျိုးမှာ အစားအသောက်ပုံစံ ပြောင်းလဲတာမျိုး မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    • မအီမသာဖြစ်ခြင်း နဲ့ ပျို့အန်ခြင်း

    ခန္ဓာကိုယ်က အဆီ လောင်ကျွမ်းမှု အပေါ်မှာပဲ အားပြုထားရတဲ့အခါ ketones လို့ခေါ်တဲ့ သွေးတွင်းအက်ဆစ် ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။ သွေးထဲမှာ ketones ပမာဏက အန္တရာယ် ဖြစ်စေနိုင်တဲ့ အတိုင်းအတာအထိ မြင့်တက်လာတဲ့အခါ diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချို ရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါကို ခံစားရစေပါတယ်။

    အမျိုးအစား-၂ ဆီးချိုရောဂါရဲ့လက္ခဏာရပ်များ

    သွေးတွင်း ဂလူးကို့စ်ပမာဏ အချိန်ကြာမြင့်စွာ မြင့်တက်နေတဲ့အခါ အောက်ပါ ရောဂါလက္ခဏာရပ်တွေ ခံစားရနိုင် ပါတယ်။

    • မှိုပိုးကူးစက်ခြင်း (Yeast infections)

    ဆီးချိုဝေဒနာ ခံစားနေရတဲ့ အမျိုးသားရော၊ အမျိုးသမီးမှာပါ မှိုပိုးကူးစက်မှုကို ခံစားရနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက လက်ချောင်းခြေချောင်းတွေကြား၊ ရင်သားအောက်ဘက်၊ မိန်းမကိုယ်နဲ့ လိင်တံတဝိုက်မှာ အဖြစ်များ ပါတယ်။

    • အနာကျက်နှေးခြင်း

    သွေးတွင်းသကြားဓာတ် မြင့်မားနေမှုက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အနာကျက်နှေးစေတာဖြစ်ပါတယ်။

    အတွေ့များတဲ့ရောဂါလက္ခဏာရပ်တွေ

    ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါခံစားနေရတယ်လို့ သိရှိနိုင်တဲ့ အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။

    • ဆာလောင်ခြင်းနဲ့ ပင်ပန်းနွမ်းလျခြင်း

    ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင် မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ်၊ ဆဲလ်တွေက ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့ အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကို မရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။

    အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

    • ဆီးခဏခဏသွားခြင်းနဲ့ ပုံမှန်ထက်ရေပိုငတ်ခြင်း

    လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ဆီးကို ၄ ကြိမ်ကနေ ၇ ကြိမ်အထိ သွားလေ့ရှိပါတယ်။ ဆီးချိုဝေဒနာ ခံစားနေရသူတွေကတော့ ဆီးသွားတဲ့ အကြိမ်ရေက ပိုများနေနိုင်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ ဆီးထသွားနေရတတ်ပါတယ်။

    ခံတွင်းခြောက်ခြင်းနဲ့ အရေပြားယားယံခြင်း

    ဆီးခဏခဏ သွားရတဲ့အခါ ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအတွက် အစိုဓာတ် လျော့နည်းသွားပြီး ရေဓာတ်ခမ်းခြောက်တာနဲ့ ခံတွင်းခြောက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာက ယားယံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

    အမြင်အာရုံဝေဝါးခြင်း

    ခန္ဓာကိုယ်ထဲက အရည်ပမာဏ ပြောင်းလဲမှုက မျက်လုံးအိမ်အတွင်းမှာရှိတဲ့ မှန်ဘီလူးကို ရောင်ရမ်းစေတာကြောင့် အမြင်ဝါးတာ ဖြစ်တတ်ပါတယ်။

    ဒါတွေကတော့ ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်နဲ့ တိုက်ဆိုင်နေတဲ့ လက္ခဏာတစ်ခုခုရှိနေမယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ တိုက်တွန်းချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement