အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစာတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။ သင်က ဥပုသ်စောင့် ဖို့ သင့်တော်တဲ့သူလား။ ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ ဖောလစ်အက်ဆစ် သောက်တဲ့အခါ

ဆီးချို တစ်နေ့တစ်ခြား ဖြစ်ပွားမှု မြင့်တက်လာပါတယ်။ ဆီးချို အမျိုးအစား (၂) က လူ ၁၀၀ မှာ ၅၀ နဲ့အထက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာပါ။ ဆီးချိုက ဖြစ်ပြီဆိုရင် သူ တစ်မျိုးတည်း ဖြစ်တာ မဟုတ်ပါဘူး။ သူနဲ့အတူ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ယူဆောင်လာတတ်ပါသေးတယ်။ ဒါကြောင့် ဆီးချိုကို ခံစားရပြီး နှစ်အတော်ကြာလာတဲ့အခါ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါတွေကို ခံစားလာရတာပါ။ တစ်ခါတလေမှာ သွေးတိုးကြောင့် ဆီးချို နောက်ဆက်တွဲဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် B9 (ဖောလစ်အက်ဆစ်) ကဆီးချိုရှိသူတွေမှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဖောလစ်အက်ဆစ် ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ ....... ဖောလစ်အက်ဆစ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလား ....... မာလကာသီး စားပါ။

ဆီးချို ရှိတယ်ဆိုရင် ဘာစားစား သေချာလေး ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ အစားမှားတာနဲ့ သွေးချိုမြင့်သွားလို့ပါ။ သွေးချို ခဏခဏ တက်တာက ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာ အပါအဝင် ဆီးချို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ဘာစားစား ဂရုစိုက်နေရတဲ့ ဆီးချိုရှိသူတွေမှာ သစ်သီးစားမယ်ဆိုရင်လည်း အတော်လေး ဂရုစိုက်ရပါတယ်။ အချို့သော သစ်သီးတွေက သွေးချို တက်စေနိုင်လို့လေ။ ဒီတစ်ခေါက်တော့ ဆီးချို ရှိသူတွေနဲ့ တည့်ရုံတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးနိုင်တဲ့ အသီးလေး တစ်ခု အကြောင်း နဲ့ ဒီ အသီးလေးက ဆီးချိုရှိသူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မာလကာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ........ ဆီးချို ရှိသူတွေနဲ့ တည့်တဲ့ မာလကာသီးလေးမှာ အခုလို […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ။

ဆီးချို လို့ဆိုလိုက်ရင် အားလုံးကို အတူတူပဲလို့ ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိတယ်လို့ သိတဲ့သူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဆီးချိုကို အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုးရှိပါတယ်။ ဒီဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတိုင်း အတူတူလား ....... ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါတယ်။ အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်နေတာပါ။ အကြောင်းကတော့ […]


အမျိုးအစား (၂) ဆီးချို

အချို စားလို့ ဆီးချိုဖြစ်တာလား ...........

ဆီးချိုလို့ ပြောလိုက်ရင် လူတော်တော်များများက အချို စားလို့လို့ ထင်တတ်ကြ၊ အချို စားလို့ ဆီးချိုဖြစ်တာလား ဆိုပြီး မေးတတ်ကြပါတယ်။ တကယ်ကတော့ ဆီးချိုဆိုတာ အချိုစားတာ တစ်ခုတည်းကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ အချို စားတာများတာကြောင့် ဖြစ်တယ်ဆိုတာထက် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချို ဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေ အများကြီး ရှိနေပါတယ်။ ဆီးချိုကို အဓိကအားဖြင့် အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချိုဆိုပြီး ခွဲခြားထားပေမယ့် ဒီဆောင်းပါးလေးထဲမှာတော့ အဖြစ်များတဲ့ အမျိုးအစား (၂) ဆီးချိုက အချိုစားလို့ ဖြစ်တာလား ဘာတွေကများ ဖြစ်စေနိုင်တာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီတော့ ကိုယ်တိုင်က ဆီးချို ဖြစ်မှာ ကြောက်တယ်ဆိုပေမယ့် သတိမထားမိဘဲ […]


အမျိုးအစား (၂) ဆီးချို

အဝလွန် သူများအတွက် ဆီးချိုထိန်းနည်း

အဝလွန် တာက ဆီးချိုသွေးချိုရောဂါကို တိုက်ရိုက် ဖြစ်စေတာ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေများစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါအတွက်ပါ။ ကံကောင်းတာက အဝလွန်တာက ပြုပြင်လို့ရတဲ့ အချက်ပါ။ အဝလွန်တာက ဆီးချိုရောဂါကို ဖြစ်နိုင်ခြေများစေသလို ဖြစ်လာခဲ့ရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်စေတာကြောင့် နောက်ဆက်တွဲတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ ဒါနဲ့ ပြောင်းပြန် အဝလွန်တာကို ထိန်းမယ်ဆိုရင်တော့ ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။ အဝလွန် တယ်ဆိုတာ အဝလွန်တယ်ဆိုတာကို လူအများရင်းနှီးပြီးသားဖြစ်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း Body Mass Index (BMI)နဲ့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို […]


အမျိုးအစား (၂) ဆီးချို

အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု

အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ သိထားပြီးသားပါ။ ဒါတင်ပဲလားဆိုတော့ ဆီးချိုသွေးချိုရောဂါရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းတာကိုလည်း အဖော်ခေါ်လာတတ်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ အဝလွန်တာကို ရောဂါတစ်ခုလို သတ်မှတ်လာပါပြီ။ အဝလွန်တယ်ဆိုတာ အဝလွန်တယ် ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူအများနဲ့ လက်လှမ်းမီတာကတော့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ Body mass index (BMI) ပါ။ ကိုယ်အလေးချိန်ကို အရပ်နဲ့ စားပြီး တွက်ထားတာပါ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဟင်းချက်ဆီ ဆိုတာကို ဟင်းလျာတွေ ချက်ဖို့ အသုံးပြုလေ့ ရှိသလို အသုပ်တွေမှာလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ငါးခြောက်၊ အသားခြောက်၊ လက်ဖက်စတာတွေကို စိမ်ပြီးတော့ စားရာမှာလည်း ဆီကို အသုံးပြုကြတာပါ။ ဟင်းချက်ဆီက နေ့စဉ် စားသောက်မှုမှာ မပါမဖြစ် ပါဝင်နေတဲ့အရာတစ်ခုပေါ့။ ကျန်းမာတဲ့သူတွေအတွက်က ဟင်းချက်ဆီက သိပ်ပြဿနာ မရှိပေမယ့် ဆီးချိုရှိတဲ့သူအတွက်က အရေးကြီးပါတယ်။ ဆီးချိုအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မတိုးစေဖို့ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီလိုပြောရတာက နေ့စဉ် စားသုံးမှုအတွက် အသုံးပြုနေတဲ့ ဟင်းချက်ဆီ အများစုက ကျန်းမာရေးကို အကျိုးပြုနေတာမျိုး မရှိဘဲ ထိခိုက်စေနိုင်ခြေ ပိုများနေတာကြောင့်ပါ။ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ကိုသေသေချာချာ ရွေးချယ်တာက ဆီးချို […]


အမျိုးအစား (၂) ဆီးချို

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။ ဆီးချို ရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို ဆရာဝန် အကူအညီမလိုဘဲ အိမ်မှာတင် ကိုယ်တိုင် ထိုးလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အင်ဆူလင်ကို အိမ်မှာထိုးတဲ့အခါ အမှန်ကန်ဆုံး ဖြစ်အောင် ဘယ်လို ထိုးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အင်ဆူလင် ဆိုတာ အင်ဆူလင်ဆိုတာ ဟော်မုန်း တစ်မျိုးပါ။ ဆဲလ်တွေက ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ ကူညီပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်က သကြားဓာတ်ကို သွေးထဲကနေတဆင့် ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတာပါ။ အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာတော့ အင်ဆူလင်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာပါ။ […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

အမျိူးအစား-၂ ဆီးချိုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုတွေ လုပ်ဆောင်ပြီး ထိန်းသိမ်းလို့ ရပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ကျောက်ကပ် ပျက်စီးတာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။ ဒီတော့ အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ ကို လေ့လာကြည့်ရအောင်လား။ ဆီးချို ရောဂါ ခံစားနေရသူတွေမှာရော ဆီးချိုရောဂါ မရှိသူတွေမှာပါ  သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့က အတော်လေး အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက ဆီးချို အပြင် အဝလွန်တာ၊ နှလုံးရောဂါတို့လိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုဖြစ်တဲ့အခါမှာ ကုသတာအပြင် ဆီးချိုကြောင့် နောက်ဆက်တွဲ ထိခိုက်မှု နည်းစေဖို့ဆိုရင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)