backup og meta

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ

    ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ….. နေ့ခင်းဘက် ထိုင်းမှိုင်းနေတာမျိုး ခဏခဏဖြစ်နေပါသလား။ ညဘက်က ကောင်းကောင်းအိပ်ပျော်ခဲ့တာတောင်မှ နေ့ခင်းဘက်မှာ အားအင်အပြည့်ရဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီလို အားအင်ကုန်ခမ်းမှုတွေကို ချန်ထားခဲ့နိုင်ဖို့ ဖြေရှင်းနည်းတစ်ခုတော့ လိုပါတယ်။ ခုပြောမှာကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို အသစ်ပြန်လည်လန်းဆန်းစေမယ့် အချက်(၁၀)ချက်ပဲ ဖြစ်ပါတယ်။

    ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ

    ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့

    ၁။ မနက်စာစားပါ

    မနက်စာကို မနက်တိုင်းပုံမှန်စားတတ်သူတွေဟာ ပိုပြီး ဖျတ်လတ်တယ်။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိပါတယ်။ အမျှင်များများပါတဲ့ အစာတွေ၊ အဆာခံတဲ့အစားအသောက်တွေက တစ်နေ့တာလုံးမှာ အားအင်တက်ကြွစေပါလိမ့်မယ်။

    ၂။ ယောဂကျင့်ပါ

    တချို့လေ့လာချက်တွေအရ ကိုယ်နေဟန်ထားအမျိုးမျိုးလုပ်ပြီး အသက်ပြင်းပြင်း ရှူရတဲ့လေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေ စတဲ့ ယောဂကျင့်စဉ်များက မောပန်းမှုများကို ပြေလျော့စေပါတယ်။

    ၃။ ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်များကို သီဆိုပါ

    သီချင်းဆိုခြင်းက စိတ်ခံစားမှုတွေကို ပေါ့ပါးစေသလို၊ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် အချိန်အားတဲ့အခါတိုင်း သီချင်းဆိုပါ။ အလုပ်ခွင်မှာ စိတ်ဖိစီးစရာတွေ ကြုံလာရတိုင်းလည်း သီချင်းသီဆိုပြီး စိတ်ကူးသစ်တွေ ယူဆောင်လိုက်ပါ။

    ၄။ ရေများများသောက်ပါ

    ရေဓာတ်ခမ်းခြောက်ခြင်းက လူကိုပိုပြီးမောပန်းစေပါတယ်။ တစ်နေ့ ရေ(၈)ခွက်သောက်ပါ ဆိုတာမျိုးအထိ လိုက်လုပ်စရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့တော့ လိုပါတယ်။ ရေဆာမှ သောက်တာထက် ပုံမှန်လေး သောက်ပေးပါ။ ဆာရင်တော့ မဖြစ်မနေသောက်ပါ။ ရေသောက်လိုက် အိမ်သာသွားလိုက်လုပ်တာကလည်း လှုပ်ရှားမှု ဖြစ်စေပါတယ်။

    ၅။ မြေပဲစားပါ။

    မဂ္ဂနီဆီယမ်နဲ့ ဖောလစ်အက်ဆစ်တွေ များများပါဝင်တဲ့ မြေပဲတွေ စားပေးပါ။ အဲဒီအာဟာရတွေက အားအင်ပြည့်ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ တကယ်လို့ အဲဒီအာဟာရဓာတ်တွေ နည်းနေမယ်ဆိုရင်လည်း မောပန်းလွယ်နိုင်ပါတယ်။

    ၆။ ပူရှိန်း စားပါ။

    ပူရှိန်း ဒါမှမဟုတ် အနံ့တခုခုပါတဲ့ ချိုချဉ်စားပေးခြင်းကလည်း မောပန်းမှုကို ပြေပျောက်စေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကိုတော့ မသိသေးပါဘူး။ သုတေသနတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

    ၇။ လှုပ်လှုပ်ရှားရှား နေပါ။

    လေ့ကျင့်ခန်းက စွမ်းအင်တွေကို မြင့်စေတဲ့ သဘာဝနည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်တိုင်း သွေးထဲမှာ အောက်ဆီဂျင်ပြည့်ဝလာပြီး နှလုံး၊ ကြွက်သားနဲ့ ဦးနှောက်ကို ပိုပြီး အားကောင်းစေပါတယ်။

    ပုံမှန်သာ လုပ်သွားနိုင်မယ်ဆိုရင် တစ်ကြိမ်ကို ၁၀ မိနစ်လောက် အချိန်ပေးဦးတော့ ကိုယ့်ရဲ့ စွမ်းအင်ကို အမြင့်ဆုံးထိရောက်စေပါလိမ့်မယ်။  ရုံးမှာ အလုပ်လုပ်နေရချိန်ဆိုရင်တောင် အခွင့်အရေးရတိုင်းမှာ လှုပ်လှုပ်ရှားရှား လုပ်ပါ။

    ၈။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။

    နွေးထွေးကြည်လင်တဲ့ နေရောင်အောက်မှာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ မှတ်ဉာဏ်တွေနဲ့ အသစ်အသစ်တွေ မှတ်မိနိုင်စွမ်းကို တိုးတက်စေပါတယ်။ နောက်ပြီး အပြင်ထွက်ခြင်းက ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ရှိလာစေတယ်။ တကယ်လို့ အပြင်မထွက်နိုင်တောင်မှ နေရောင်ကောင်းကောင်း ဝင်အောင်တော့ လုပ်ထားသင့်ပါတယ်။ မနက်ခင်း နေခြည်နုနုကတော့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

    ၉။ သွားရည်စာ စားပေးပါ။

    ဦးနှောက်ဟာ အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့ လောင်စာလိုပါတယ်။ သွေးထဲမှာ သကြားဓာတ်လျော့နည်းသွားပြီဆိုရင် လူက ထိုင်းမှိုင်းလာမယ်၊ မတက်ကြွတော့ဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် သွားရည်စာတခုခု စားပေးပါ။ ပရိုတင်းနဲ့ သကြားဓာတ်ပါဝင်တဲ့ အစားအစာတချို့က ကိုယ့်ရဲ့ သွေးထဲက သကြားဓာတ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးထားနိုင်ပါတယ်။

    ၁၀။ တက်ကြွတဲ့ သူငယ်ချင်းများနဲ့ အပြင်ထွက်ပါ။

    စိတ်ခံစားချက်ဟာ ကူးစက်တတ်တဲ့သဘော ရှိပါတယ်။ အမြဲတမ်းအဆိုးမြင်ပြီး စိတ်ဓာတ်ကျသူတွေနဲ့ ပေါင်းရင် ကိုယ်ပါ အားအင်ကုန်ခမ်းလာသလို ဖြစ်လာပြီး အမြဲစိတ်ဓာတ်တက်ကြွပြီး ဖျတ်လတ်နေသူတွေနဲ့ ပေါင်းမယ်ဆိုရင်တော့ ကိုယ့်ကိုပါ တက်ကြွစေနိုင်ပါတယ်။

    နေ့လယ်ဘက်မှာ ထိုင်းမှိုင်းနေပြီဆိုရင် ၁၀မိနစ်လောက် အချိန်ပေးပြီး ဒီထဲက ကိုယ်နှစ်သက်တာတွေ လုပ်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement